မင်းသား Dwayne Johnson (The Rock) ဟာ ခြေတဖက်ပဲရှိတဲ့ နပန်းသမား Anthony Robles ရဲ့ ဘဝအတ္ထုပ္ပတ္တိအကြောင်း အခြေခံရိုက်ကူးမယ့် ရုပ်ရှင်ကို ထုတ်လုပ်ဖို့အတွက် နပန်းလောကကို ပြန်လာတော့မှာ ဖြစ်ပါတယ်။
နပန်းချန်ပီယံဟောင်း ဖြစ်ခဲ့ဖူးတဲ့ မင်းသား The Rock ဟာ သူ့ရဲ့ တွဲဖက်ဟောင်း Dany Garcia နဲ့အတူ အဲ့ဒီရုပ်ရှင်ကို ပူးတွဲထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။ Anthony ဟာ ခြေတဖက်တည်းနဲ့ မွေးဖွားခဲ့သူဖြစ်ပြီး ရှုံးပွဲ မရှိ ကောလိပ်နပန်းစတားနဲ့ နာမည်ကျော် အမျိုးသားအဆင့် နပန်းသမားတဦး ဖြစ်လာဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။
The Rock ရဲ့ ရုပ်ရှင်ကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Robles ရဲ့ “Unstoppable: From Underdog to Undefeated: How I Became a Champion” (အဖိနှိပ်ခံဘဝမှ ရှုံးပွဲမရှိ ချန်ပီယံ ဖြစ်လာခဲ့ပုံ) စာအုပ်ကို အခြေခံထားတဲ့ John Hindman ရဲ့ ဇာတ်ညွှန်းကို အသုံးပြုမှာဖြစ်တယ်လို့ Deadline မီဒီယာက ဆိုပါတယ်။
Anthony က “ကျနော့်ရဲ့ဇာတ်လမ်းကို ရုပ်ရှင်တကားအဖြစ် ဖန်တီးမှာကို ဂုဏ်ယူမိတဲ့အကြောင်း ဘယ်လိုတောင် ပြောရမှန်းမသိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော့် ခြေတဖက်မဲ့ ဘဝနဲ့ မွေးဖွားခဲ့တယ်။ ကျနော့်တဘဝလုံးမှာ ကျနော့်အပေါ် အမျှော်အမြင် နိမ့်ပါးတယ်လို့ ယူဆတဲ့ လူတွေနဲ့သာ ဆက်ဆံခဲ့ရတယ်”
“ကျနော် နပန်း လောကထဲကို ဝင်ခဲ့တဲ့အခါမှာ ပုံမှန် နပန်းသမား တယောက်တောင် မဖြစ်နိုင်ဘူးလို့ လူအများစုက ထင်ကြပါတယ်။ Unstoppable ကိုကြည့်ကြတဲ့လူတွေဟာ ကိုယ်ဘယ်သူဆိုတာကို ပုံဖော်ပေးမယ့် စိန်ခေါ်မှုတွေကို မရှောင်လွှဲသင့်ဘူးဆိုတာကို ယုံကြည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တကယ့်လို့ ခင်ဗျားတို့မှာ ရည်မှန်းချက် ရှိတယ်ဆိုရင် ရရှိထားတဲ့ အရာအားလုံးနဲ့ အဲ့ဒီရည်မှန်းချက် နောက်ကို လိုက်ပါ။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး” လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
မင်းသား The Rock က “ကျနော်တို့ရဲ့ Seven Bucks တဖွဲ့လုံးဟာ ကမ္ဘာ့လုံးဆိုင်ရာ အတိုင်းအတာနဲ့ အားကျ အတုယူဖွယ် ဇာတ်လမ်းတွေကို ဝေမျှလိုစိတ် ပြင်းပြပါတယ်။ Anthony ရဲ့ဇာတ်လမ်းကို မျက်စိကျနေတာ တော်တော်ကြာပါပြီ။ မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာ သက်သေပြဖို့ သူ့ရဲ့ မဆုတ်မနစ်တဲ့ လုံ့လတွေက ကျနော်တို့ကို ခံစားရစေပါတယ်”
“ဘဝရဲ့ အခက်အခဲတွေကို ပေးဆပ်၊ ဖြေရှင်းတယ်ဆိုတဲ့ စွမ်းအားပြင်း အကြောင်းအရာက ကျနော်တို့နဲ့လည်း နီးစပ်ပါတယ်။ အောင်မြင်မှုသရဖူဆောင်းခဲ့တဲ့ အဖိနှိပ်ခံ ဘဝဇာတ်လမ်းကို အသက်သွင်းဖို့ စိတ်လှုပ်ရှားနေမိပါပြီ”လို့ ပြောဆိုခဲ့ပါတယ်။
Ref: aceshowbiz
You may also like these stories:
ဒုတိယ အိမ်ထောင်ပြုလိုက်တဲ့ မင်းသားကြီး The Rock
အသက် ၁၀၀ ပြည့်သွားတဲ့ ပရိသတ်အတွက် မွေးနေ့ဂုဏ်ပြုသီချင်း ဆိုပြခဲ့တဲ့ The Rock
“Fast & Furious 9” မှာ ဧည့်သည်သရုပ်ဆောင် အနေနဲ့သာ ပါဝင်တော့မယ့် The Rock