Entertainment

ဒုတိယ အိမ်ထောင်ပြုလိုက်တဲ့ မင်းသားကြီး The Rock

နပန်းလောကမှာ နာမည်ကျော်ကြားခဲ့တဲ့ The Rock က မြန်မာပရိသတ်တွေနဲ့ အစိမ်းကြီးတော့ မဟုတ်ပါဘူး။ Dwayne “The Rock” Johnson လို့ နာမည်ရတဲ့ သူဟာ နပန်းလောကကနေ အနားယူပြီးနောက် ဟောလိဝုဒ်မှာ အက်ရှင်ဇာတ်ကားတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေပြီး “Hobbs & Shaw” လို့ အမည်ရတဲ့ အခက်အခဲကျော်ဖြတ်ခြင်း ပြိုင်ပွဲတခုကိုလည်း ဦးစီးပြုလုပ်နေသူ ဖြစ်ပါတယ်။

The Rock ဟာ “The Game Plan” ရုပ်ရှင်ရိုက်ကူးရင်း တွေ့ရှိခဲ့တဲ့ ချစ်သူ Lauren Hashian နဲ့ ၂၀၀၈ ခုနှစ်ကတည်းက လက်တွဲခဲ့တာဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့မှာတော့ မင်္ဂလာဆောင်ခဲ့ပါတယ်။

ချစ်သူသက်တမ်း ၁၁ နှစ်ကျော် ရှိခဲ့တဲ့ The Rock နဲ့ Lauren Hashian တို့ဟာ ၃နှစ်အရွယ် သမီးတစ်ယောက်နဲ့ ၁နှစ်အရွယ် သမီးတယောက်ရရှိထားပြီး ဖြစ်ပါတယ်။ The Rock ရဲ့ အရင်အိမ်ထောင်နဲ့ ရခဲ့တဲ့ အသက် ၁၈ အရွယ် သမီးဖြစ်သူကိုလည်း သူတို့ မိသားစုကပဲ စောင့်ရှောက်သွားမှာ ဖြစ်ပါတယ်။

ဟာဝိုင်အီမှာ မင်္ဂလာပွဲ ပြုလုပ်ခဲ့ကြောင်းကို The Rock က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားခဲ့တာ ဖြစ်ပြီး  တင်ထားတဲ့ ပုံမှာ  အသက် ၄၇ နှစ်အရွယ် The Rock နဲ့ အသက် ၃၄ နှစ်အရွယ် ဇနီးတို့ ၂ဦးဟာ တယောက်လက်ကို တယောက်ဆုပ်ကိုင်ရင်း ပျော်ရွှင်နေပါတယ်။

ခေါင်းစဉ်ကိုတော့ The Rock က “ကျနော်တို့ ကတိကဝတ် ပြုခဲ့ကြပြီ”လို့ ရေးသားထားပါတယ်။

Ref. BBC

You may also like these stories:

ဟာဝိုင်အီ မီးတောင်တခုကို ကယ်တင်ဖို့ ကြိုးစားနေတဲ့ မင်းသား Dwayne Johnson

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဦးဆောင်နေတဲ့ “Hobbs And Shaw” ရုပ်ရှင်

Facebook အကောင့်တုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို Dwayne Johnson သတိပေး

Netflix နဲ့အတူ လက်တွဲပြီး ရုပ်ရှင်ထုတ်လုပ်၊ သရုပ်ဆောင်မယ့် Dwayne Johnson

Loading