• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

108MP နဲ့ ကျောကင်မရာ ၅ လုံးပါ Mi CC9 Pro ကို Xiaomi မိတ်ဆက်

by Nigma
7 November 2019
in IT
A A
ကျောကင်မရာ ၅ လုံးပါ Mi CC9 Pro စမတ်ဖုန်း

ကျောကင်မရာ ၅ လုံးပါ Mi CC9 Pro စမတ်ဖုန်း

6.8k
VIEWS
Share on FacebookShare on Twitter

Xiaomi ပရိတ်သတ်တွေ လအတော်ကြာ စောင့်စားနေတဲ့ Mi CC9 Pro စမတ်ဖုန်း တရားဝင် ထွက်ရှိလာပါပြီ။ 108MP ကင်မရာ ပါဝင်တဲ့ ပထမဆုံး Xiaomi ဖုန်းဖြစ်သလို၊ Nokia 9 Pure View ပြီးနောက် ကျောကင်မရာ ၅ လုံး ပါတဲ့ ဒုတိယမြောက် စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

မော်ဒယ်လတ်တန်းစား Xiaomi Mi CC9 Pro မှာ FHD+ ရုပ်ထွက် အရည်အသွေးရှိတဲ့ ၆ ဒဿမ ၄၇ လက်မအရွယ် AMOLED မျက်နှာပြင်အကွေးကို ရေစက်ပုံစံ Notch ဒီဇိုင်းနဲ့ တွေ့မြင်ရမှာပါ။ ဘေးနှစ်ဖက်ကွေး မျက်နှာပြင်က TUV Rheinland အသိအမှတ်ပြု လက်မှတ်ရရှိထားတာကြောင့် မျက်စိညောင်းညာကိုက်ခဲစေတဲ့ Blue Light ထုတ်လွှတ်မှုကို လျော့ချပေးမှာပါ။

19.5:9 မျက်နှာပြင်အချိုးအစားကို အသုံးပြုထားတာကြောင့် ဖုန်းကိုယ်ထည်နဲ့ စခရင်က လက်ထဲမှာ သိသိသာသာ ရှည်လျားနေပါလိမ့်မယ်။ သတိပေးချက် ဝင်လာတိုင်း ဘေးစွန်းမျက်နှာပြင်က အရောင်လက်ပြီး အချက်ပြပေးမယ့် ထူးထူးခြားခြား လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။

Mi CC9 Pro ဟာ အလွန်တရာ ပါးလျတဲ့ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာပါ ပထမဆုံးဖုန်း ဖြစ်တယ်လို့ Xiaomi က ဂုဏ်ယူဝင့်ကြွားစွာ ကြေညာထားပါတယ်။ ဖုန်းမျက်နှာပြင်က ကြီးမားတဲ့ လက်ဗွေရာဖတ်ဧရိယာက ရေစိုရွှဲနေတဲ့ လက်နဲ့တောင် အလွယ်တကူ ဖွင့်နိုင်တယ်လို့လည်း ဆိုပါတယ်။

အထက်ပါ အချက်တွေထက် ထူးခြားတာကတော့ Mi CC9 Pro ရဲ့ 108MP ပါ ကျောကင်မရာ ၅ လုံးစနစ်ပါ။ ကျောကင်မရာစနစ်မှာ ပထမဆုံး Lens က ဝင်ရိုး ၄ ဖက် (4-axis) OIS ပါ 5x Optical Zoom ဆွဲနိုင်တဲ့ 5MP Super Telephoto Lens ပါ။ Hybrid Zoom ဆိုရင် 10x အထိ ဆွဲရိုက်နိုင်ပြီး၊ Digital Zoom ဆိုရင်တေ့ 50x အထိ ဆွဲရိုက်နိုင်ပါတယ်။

သူ့ဘေးက ဒုတိယမြောက် ကင်မရာကတော့ နောက်ခံဝါး ရိုက်ချက်တွေအတွက် 12MP Portrait ဆန်ဆာ ဖြစ်ပါတယ်။ တတိယမြောက် ကင်မရာကတော့ Samsung ထုတ် 108MP အဓိကဆန်ဆာပါ။ Xiaomi ဖုန်းတွေထဲမှာ 108MP ကင်မရာ ဆန်ဆာပါတဲ့ ပထမဆုံး ဖြစ်ပါတယ်။ ဒီကင်မရာလည်း 4-axis OIS ပါဝင်ပါတယ်။

ဒီကင်မရာ ၃ လုံးတွဲ ဘေးမှာတော့ သီးသန့် ထည့်သွင်းထားတဲ့ 20MP မြင်ကွင်းကျယ် ကင်မရာကို တွေ့မြင်ရမှာပါ။ နောက်ဆုံး တလုံးကတော့ အနီးကပ် ရိုက်ချက်တွေအတွက် Macro ဆန်ဆာ ဖြစ်ပါတယ်။ အလားတူ LED ဖလက်ရှ်မီးကိုလည်း ၄ လုံးတွဲ ထည့်ပေးထားတာကြောင့် အမှောင်ထဲမှာတောင် အလင်းကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာပါ။ ဖုန်းရှေ့ဘက်မှာတော့ Selfie အတွက် 32MP ကင်မရာတလုံး ထည့်သွင်းပေးထားပါတယ်။

ကျောကင်မရာမှာ AI လုပ်ဆောင်ချက်များစွာအပြင်၊ 960fps အနှေးဗီဒီယို၊ 4K ဗီဒီယိုနဲ့ အနီးကပ် Macro ဗီဒီယိုရိုက်ကူးနိုင်စွမ်းတွေ ပါဝင်ပါတယ်။ အလားတူ ရှေ့ကင်မရာမှာလည်း 3D Beauty ၊ HDR ၊ Display Flash နဲ့ Mimoji လုပ်ဆောင်ချက်တွေ အပြည့်အစုံ ပါဝင်ပါတယ်။ Mi CC9 Pro ဟာ DxOMark မှာ လက်ရှိ အမှတ်အမြင့်ဆုံးနေရာကို Huawei Mate 30 Pro နဲ့ တွဲဖက် ရယူထားနိုင်တဲ့ ဖုန်းအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

Qualcoomm ရဲ့ စွမ်းဆောင်ရည်မြင့် Snapdragon 730G Chipset ကို အသုံးပြုထားပြီး၊ အနိမ့်ဆုံး 6GB RAM + 128GB Storage မော်ဒယ်ကနေ အမြင့်ဆုံး 8GB RAM + 256GB Storage မော်ဒယ်အထိ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အမြင့်ဆုံးမော်ဒယ်ကို Premium Edition လို့ နာမည်ပေးထားပြီး၊ ဒီမော်ဒယ်မှာ 7P Lens တွေအစား 8P Lens တွေဖြစ်သွားတာလွဲလို့ ကျန်ပြောင်းလဲချက် မရှိပါဘူး။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
218
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116
သဇင်ပန်း

သဇင်ပန်း

10 January 2026
129

ဒီဖုန်းရဲ့ နောက်ထပ် အားသာချက် တခုကတော့ ကြီးမားတဲ့ 5,260mAh ဘက်ထရီပါ။ 30W အားအမြန်သွင်းစနစ် ထည့်ပေးထားတာကြောင့် ၆၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်ပါတယ်။ Android 9 Pie စနစ်အခြေခံ MIUI 11 နဲ့ပဲ လာမှာပါ။ ဂိမ်းဆော့တဲ့အခါ စွမ်းဆောင်ရည်ပိုကောင်းစေဖို့ Game Turbo 2.0 နည်းပညာတွေလည်း ပါဝင်ပါတယ်။ အားနည်းချက်ကတော့ microSD ကတ် ထပ်မစိုက်နိုင်တာပါ။

ဈေးနှုန်းအနေနဲ့ Mi CC9 Pro အနိမ့်ဆုံးမော်ဒယ် (6GB+128GB) ကို ၂,၇၉၉ ယွမ် (၃၃၉ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ အမြင့်ဆုံး 8GB+256GB ပါ Premium Edition မော်ဒယ်ဆိုရင်တော့ ၃,၄၉၉ ယွမ် (၄၉၉ ဒေါ်လာ) ကျသင့်မှာပါ။ Magic Green ၊ Ice and Snow Aurora နဲ့ Phantom Black ဆိုပြီး အရောင် ၃ မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

ယနေ့ကစ ကြိုတင် မှာယူထားနိုင်ပြီဖြစ်ကာ တရုတ်နိုင်ငံတွင်းမှာ နိုဝင်ဘာ ၁၁ ရက်နေ့ စတင် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ယခု Mi CC9 Pro ကို နိုင်ငံတကာဈေးကွက်မှာ Xiaomi Mi Note 10 အမည်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: Gizmochina, The Verge, XDA Developers

You may also like these stories:

Xiaomi ရဲ့ ဒေါ်လာ ၂၀၀၀ တန် လေဆာပရိုဂျက်တာကို U.S မှာ စတင်ရောင်းချ

နေရောင်ခြည်နဲ့ အားသွင်းနိုင်တဲ့ စမတ်ဖုန်း ဒီဇိုင်းကို Xiaomi မူပိုင်ခွင့်တင်

စမတ်ဖုန်း မလိုဘဲ အသုံးပြုနိုင်တဲ့ Mi VR Headset အသစ် မိတ်ဆက်လိုက်တဲ့ Xiaomi

ရောင်စုံ OLED Display ပါဝင်လာတဲ့ Hey+ စမတ်လက်ပတ်ကို Xiaomi မိတ်ဆက်

Your Thoughts …
Tags: Mi CC9 ProXiaomiစမတ်ဖုန်း
Nigma

Nigma

Contributor

Similar Picks:

တရုတ် Xiaomi ထုတ် YU7 EV မော်ဒယ်က ကီလိုမီတာ ၇၇၀ အထိ မောင်းနှင်နိုင်မယ်တဲ့

တရုတ် Xiaomi ထုတ် YU7 EV မော်ဒယ်က ကီလိုမီတာ ၇၇၀ အထိ မောင်းနှင်နိုင်မယ်တဲ့

by ဧရာဝတီ
16 March 2025
2.6k

YU7 ဟာ တရုတ်နိုင်ငံ စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဝယ်ယူသူတွေကို အခွန် သက်သာစေမယ့် ကားတွေထဲက တမျိုး ဖြစ်လာတယ်လို့ သိရပါတယ်။

တရုတ် Xiaomi က အီလွန်မတ်စ် ရဲ့ Tesla နဲ့ ပုံစံတူ SUV လျှပ်စစ်ကားကို ထုတ်ပြ

တရုတ် Xiaomi က အီလွန်မတ်စ် ရဲ့ Tesla နဲ့ ပုံစံတူ SUV လျှပ်စစ်ကားကို ထုတ်ပြ

by ဧရာဝတီ
14 December 2024
1.1k

အဆိုပါ SUV ဟာ Lei Jun ရဲ့ ဦးဆောင်မှုအောက်က Xiaomi ရဲ့ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ အသုံး ပြုပြီး EV လောကကို အရှိန်အဟုန်နဲ့ ဝင်ရောက်လာမှုကို မြင်သာစေတဲ့...

လျှပ်စစ်ကားများ Xiaomi စထုတ်

လျှပ်စစ်ကားများ Xiaomi စထုတ်

by ဧရာဝတီ
4 April 2024
1.1k

"Xiaomi ရဲ့ကား တရားဝင် မိတ်ဆက်ပွဲဖြစ်တဲ့ စမတ်ကားလောကရဲ့ တကယ့်တော်လှန်ရေးကို စတင်လိုက်ပြီး တရုတ်နိုင်ငံဟာ Tesla လို ကုမ္ပဏီကြီးတခု မွေးဖွားပေးမှာ သေချာပါတယ်"

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

by ဧရာဝတီ
28 June 2025
894

ထရမ့်ရဲ့ ဖုန်းတွေက အမေရိကန်ကို ပြန်လည် ကြီးမြတ်စေမယ် ဆိုတဲ့ ကတိကို ဆက်လက် ကိုင်စွဲထားပေမယ့် အမေရိကန်မှာ ထုတ်လုပ်သွားမယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဂျပန် Toyoake မြို့မှာ စမတ်ဖုန်း၊ ဗီဒီယိုဂိမ်းနဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို တရက် ၂ နာရီပဲ သုံးခွင့်ပြုတော့မယ်

ဂျပန် Toyoake မြို့မှာ စမတ်ဖုန်း၊ ဗီဒီယိုဂိမ်းနဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို တရက် ၂ နာရီပဲ သုံးခွင့်ပြုတော့မယ်

by ဧရာဝတီ
27 September 2025
415

နည်းပညာနဲ့ ထိတွေ့မှု လွန်ကဲခြင်းရဲ့ သက်ရောက်မှုတွေ အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခြင်းက ဒီညွှန်ကြားချက်ကို ထွက်ပေါ်လာစေတာ ဖြစ်ပြီး ဂျပန်မှာ ပထမဆုံးအကြိမ် ဖြစ်မယ်လို့ ဆိုပါတယ်…

Xiaomi ရဲ့ တန်ဖိုးနည်းဖုန်းအသစ် Redmi 8

Xiaomi ရဲ့ တန်ဖိုးနည်းဖုန်းအသစ် Redmi 8 ထွက်ရှိ

by Nigma
9 October 2019
13.7k

Redmi 8 မှာ ကြီးမားတဲ့ ၆.၂၂ လက်မ အရွယ် HD+ IPS LCD စခရင်ကို အသုံးပြုပေးထားပြီး၊ ရေစက်ပုံစံ Notch ဒီဇိုင်းနဲ့ပဲ ဖြစ်ပါတယ်။

Next Post
နပန်းချန်ပီယံအကြောင်း ရုပ်ရှင်ရိုက်မယ့် မင်းသား The Rock

ခြေတဖက်မဲ့ နပန်းချန်ပီယံအကြောင်း ရိုက်မယ့် ရုပ်ရှင်အတွက် စိတ်လှုပ်ရှားနေတဲ့ The Rock

ကွယ်လွန်သူ မင်းသား James Dean

ဗီယက်နမ်စစ်ပွဲ နောက်ခံရုပ်ရှင်မှာ ပါဝင်လာမယ့် ကွယ်လွန်သူ မင်းသား James Dean

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved