တရုတ် မိုဘိုင်းဖုန်း နည်းပညာ ကုမ္ပဏီ Xiaomi ထုတ် ပေါ့ပါးတဲ့ SUV အမျိုးအစား EV (လျှပ်စစ်ကား) မော်ဒယ်သစ်ဟာ ၇၇၀ ကီလိုမီတာ (၄၇၈ မိုင်) အထိ မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။
YU7 ဟာ Xiaomi ရဲ့ ပထမဆုံး SUV ကား ဖြစ်ပြီး ဒီနွေမှာ Tesla ရဲ့ Model Y နဲ့ အပြိုင် ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
အဆိုပါ ကားဟာ ပုံမှန် SUV တွေရဲ့ အင်္ဂါရပ်တွေကို ဘတ္တရီ စွမ်းအင်သုံး မောင်းနှင်မှုနဲ့ ပေါင်းစပ်ထားတာ ဖြစ်ကာ ၆၇၅ ကီလိုမီတာ မောင်းနှင်နိုင်မှု နဲ့ ၇၆၀ ကီလိုမီတာ မောင်းနှင်နိုင်မှု ဆိုပြီး နှစ်မျိုး ထုတ်မယ်လို့ ဆိုပါတယ်။
YU7 ဟာ တရုတ်နိုင်ငံ စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဝယ်ယူသူတွေကို အခွန် သက်သာစေမယ့် ကားတွေထဲက တမျိုး ဖြစ်လာတယ်လို့ သိရပါတယ်။
အဲဒီ SUV ကားသစ် ကို ၂၀၂၅ နွေရာသီမှာ ရောင်းချဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။
Tesla ကလည်း Model Y အသစ်ကို ဖေဖော်ဝါရီ လကုန်တုန်းက စတင် ပို့ဆောင်နေပြီ ဖြစ်ပါတယ်။
ခရီးဝေးသွားဖို့ ရည်ရွယ်တဲ့ အမျိုးအစားမှာ ဆိုရင် မော်ဒယ်အဟောင်း မောင်းနှင်းနိုင်မှု ၆၈၈ ကီလိုမီတာကနေ မော်ဒယ်အသစ်မှာ ၇၁၉ ကီလိုမီတာ အထိ အားတခါသွင်းပြီး မောင်းနှင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ဘီးယက် အမျိုးအစား Model Y ကတော့ မော်ဒယ် အဟောင်း ၅၅၄ ကီလိုမီတာ မောင်းနှင်နိုင်မှုကနေ မော်ဒယ် အသစ်မှာ ၅၉၃ ကီလိုမီတာ အထိ မောင်းနှင်နိုင်မှု တိုးမြင့်လာခဲ့တယ်လို့လည်း သိရပါတယ်။
Ref : Reuters














