• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာ့စီးပွားရေး ထိုးကျနေသော်လည်း ပြန်ခေါင်းထောင်မည်ဟု ADB ဆို

by နန်းလွင်
18 September 2020
in စီးပွားရေး
A A
ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှုကြောင့် Stay at home အစီအစဉ်များက စီးပွားရေးကို အေးစက်သွားစေသည် / ဧရာဝတီ

ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှုကြောင့် Stay at home အစီအစဉ်များက စီးပွားရေးကို အေးစက်သွားစေသည် / ဧရာဝတီ

10.4k
VIEWS
Share on FacebookShare on Twitter

COVID-19 ၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းက ၁.၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းသို့ပြန်လည် မြင့်တက်လိမ့်မည် ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ခန့်မှန်းလိုက်သည်။

COVID-19 ကြောင့် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းက တဝက်ကျော် ကျဆင်းသွားလိမ့်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ Wellness in Worrying Times: Asian Development Outlook 2020 အမည်ရှိ အစီရင်ခံစာက ခန့်မှန်းခဲ့သည်။

သို့သော်လည်း ခန့်မှန်းထားသည့် GDP က မယုံနိုင်လောက်အောင် သိသိသာသာ ပြန်လည် မြင့်တက်သွားလိမ့်မည်ဟု ADB ကပြောသည်။

တိုးတက်မှုကို စိုက်ပျိုးရေးကဏ္ဍမှ တည်ငြိမ်သော စွမ်းဆောင်ရည်၊ အစိုးရ အသုံးစရိတ် ပိုမိုမြင့်မားခြင်းနှင့် ဆက်သွယ်ရေးကဏ္ဍမှ တိုးချဲ့မှုများက အထောက်အကူ ပြုလိမ့်မည်ဟု ADB က ဆိုသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ဧပြီလတွင် ၄.၂ ရာခိုင်နှုန်းသို့ ကျဆင်းမသွားမီ ၆.၇ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဇွန်လမှ စ၍ ၁.၈ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ရကြောင်း ADB က ဖော်ပြခဲ့သည်။

မတ်လမှ စတင်၍ ခရီးသွားလာမှု တားမြစ်ချက်များနှင့် ထောက်ပံ့မှု ကွင်းဆက် ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးက သိသိသာသာ နှေးကွေးသွားခဲ့သည်။

မတ်လမှ စတင်၍ ခရီးသွားလာမှု တားမြစ်ချက်များနှင့် ထောက်ပံ့မှု ကွင်းဆက် ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးက သိသိသာသာ နှေးကွေးသွားခဲ့သည်။

အထည်ချုပ်လုပ်ငန်း၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးတို့ကို COVID-19 ကူးစက်ရောဂါက ဆိုးဆိုးရွားရွား ထိုးနှက်ခဲ့သည်။

ခရီးသွားလုပ်ငန်း အနေဖြင့် ဧပြီလကတည်းက အကြီးအကျယ် ထိခိုက်ခဲ့ရသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာမှ ၂၀၂၀ ခုနှစ် ဇူလိုင်လအထိ နိုင်ငံတကာ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုက ယခင်နှစ် အလားတူကာလနှင့် စာလျှင် ၆၀.၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု ADB က ပြောသည်။

ကုန်ပစ္စည်း ထုတ်လုပ်မှုကဏ္ဍ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းသည်လည်း ဝယ်လိုအားရော ရောင်းလိုအားအပေါ်တွင်ပါ သက်ရောက်မှုရှိသည်ဟု ADB က ဆိုသည်။ အမှာစာသစ် လျော့ကျသွားခြင်း၊ ထောက်ပံ့မှု နှောင့်နှေးခြင်းနှင့် လုပ်သားအင်အား လျှော့ချရခြင်းတို့က ဧပြီလတွင် ဝယ်ယူရေး မန်နေဂျာများ၏ ညွှန်းကိန်း (purchasing managers’ index ) ကို အနိမ့်ဆုံးအဆင့်သို့ စံချိန်တင် ရောက်ရှိစေခဲ့ကြောင်း အစီရင်ခံစာက ပြောသည်။

စိုက်ပျိုးရေးကဏ္ဍသည် အခြားကဏ္ဍများနှင့် စာလျှင် COVID-19 ၏ သက်ရောက်မှု နည်းပါးခဲ့ပြီး ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဝယ်လိုအားကလည်း အထောက်အကူပြုကြောင်း ADB က ပြောသည်။

“စိုက်ပျိုးရေး ကုန်ပစ္စည်းတင်ပို့မှု (အဓိကအားဖြင့် ဆန်၊ ပဲနှင့် အခြား ကောက်ပဲ သီးနှံများ) တိုးတက်မှုက လက်ရှိ ဘဏ္ဍာရေးနှစ်၏ ပထမ ၉ လ (၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ခုနှစ် ဇွန်လအထိ) အတွင်းတွင် ပြီးခဲ့သော ဘဏ္ဍာရေးနှစ်၏ အလားတူ ကာလထက် ၁၉.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်” ဟု ဆိုသည်။

“စိုက်ပျိုးရေး ကုန်ပစ္စည်းတင်ပို့မှု (အဓိကအားဖြင့် ဆန်၊ ပဲနှင့် အခြား ကောက်ပဲ သီးနှံများ) တိုးတက်မှုက လက်ရှိ ဘဏ္ဍာရေးနှစ်၏ ပထမ ၉ လ (၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ခုနှစ် ဇွန်လအထိ) အတွင်းတွင် ပြီးခဲ့သော ဘဏ္ဍာရေးနှစ်၏ အလားတူ ကာလထက် ၁၉.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်” ဟု ဆိုသည်။

သို့သော်လည်း ရေလွှမ်းမိုးမှု ကဲ့သို့ ပြင်းထန်သော ရာသီဥတုနှင့် ကြုံတွေ့ရနိုင်ခြင်းက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အန္တရာယ် ရှိနေဆဲဟု အာရှဖွံဖြိုးရေး ဘဏ်က သတိပေးခဲ့သည်။

လက်ရှိ ဘဏ္ဍာရေးနှစ်၏ သုံးလပတ် သုံးကြိမ် (၉ လ) အတွင်းတွင် ထုတ်ကုန်ပစ္စည်း န်ိုင်ငံခြားတင်ပို့မှုက ယခင် ဘဏ္ဍာရေးနှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၄.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည့်အတွက် အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် သိသိသာသာ ကျဆင်းမှု ရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6.3k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

သို့သော်လည်း နိုင်ငံခြားသို့ ကုန်ပစ္စည်းတင်ပို့မှုက လက်ရှိ ဘဏ္ဍာရေးနှစ်၏ ပထမနှစ်ဝက်တွင် အမေရိကန် ဒေါ်လာအရ ဆိုပါက ယခင်နှစ် အလားတူကာလထက် ၂.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အဓိကအားဖြင့် စိုက်ပျိုးရေးပို့ကုန်များ၏ အထောက်အကူကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။

သွင်းကုန်ကလည်း ၉.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အဓိကအားဖြင့် အခြေခံ အဆောက်အဦး စီမံကိန်းများတွင် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုကြောင့်ဖြစ်ကာ ကုန်သွယ်ရေး လိုငွေပြမှုကို အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ (၂.၄ ထရီလီယံကျပ်) အထိ ကျယ်ပြန့်သွားစေခဲ့သည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အတည်ပြုပေးသည့် တန်ဖိုးက ပြီးခဲ့သည့်နှစ် အလားတူကာလတွင် အမေရိကန် ဒေါ်လာ ၃.၂ ဘီလီယံ (၄.၂ ထရီလီယံကျပ်) ရှိခဲ့ရာမှ ဇွန်လတွင် အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ (၅.၇ ထရီလီယံ) အထိ မြင့်တက် သွားခဲ့သည်။

လျှပ်စစ်စီမံကိန်းများ၊ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်ပစ္စည်း ထုတ်လုပ်မှု ကဏ္ဍတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ဆဲ ဖြစ်သည်ဟု ADB က ဆိုသည်။

လျှပ်စစ်စီမံကိန်းများ၊ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်ပစ္စည်း ထုတ်လုပ်မှု ကဏ္ဍတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ဆဲ ဖြစ်သည်ဟု ADB က ဆိုသည်။

ယခု ဘဏ္ဍာရေးနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်မှာ ဒေါ်လာ ၅.၈ ဘီလီယံ (ကျပ် ၈ ထရီလီယံ) ဖြစ်သည်။

သို့သော်လည်း “အနာဂတ်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုသည် ကမာ္ဘ့စီးပွားရေး ဆိုးရွားနေမှု၏ အန္တရာယ်ကြောင့် မျှော်လင့်ချက်များကို စိတ်ပျက်စေနိုင်သည်” ဟု ADB က သတိပေးခဲ့သည်။

၂၀၁၉ ခုနှစ် အောက်တိုဘာမှ ၂၀၂၀ ခုနှစ် ဇွန်လအတွင်းတွင် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းမှုနှင့် ဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် ငွေကြေးဖောင်းပွမှုနှုန်းသည် ယမန်နှစ်က ၇.၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၇.၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်ဟု ABD က ပြောသည်။

ပြည်တွင်း ဝယ်လိုအား နည်းပါးမှုကြောင့် ယခု ဘဏ္ဍာရေးနှစ်နှင့် နောက်လာမည့် ဘဏ္ဍာရေးနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလိမ့်မည် ဟု ADB က ခန့်မှန်းထားသည်။

(Nan Lwin ၏ Despite Current Economic Fallout in Myanmar, ADB Forecasts a Bounce ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာ့ကော်ဖီ ပြည်ပ ဝယ်ယူမှု ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိ

ကိုဗစ် ကာလအတွင်း ကုန်ပစ္စည်းများ ဈေးတင်မရောင်းရန် အစိုးရ ထပ်မံသတိပေး

တောင်သူတွေဘဝ လှစေမယ့် ပေါ်လစီတွေ သေချာလုပ်ဖို့ လိုပြီ

Your Thoughts …
Tags: ADBGDPမြန်မာ့စီးပွားရေး
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

“မူးယစ်” နှင့် “အွန်လိုင်းလိမ်လည်မှု နိုင်ငံများ” မှ အာဏာရှင်များ အခြေအနေ မကောင်း

“မူးယစ်” နှင့် “အွန်လိုင်းလိမ်လည်မှု နိုင်ငံများ” မှ အာဏာရှင်များ အခြေအနေ မကောင်း

by David Hutt
1 January 2024
4.3k

မြန်မာတွင် နိုင်ငံရေး အကြမ်းဖက်မှု မြင့်မားလာခြင်း၏ အကျိုးဆက်တခုမှာ ရာဇဝတ်မှုများ ပျံ့နှံ့လာခြင်း ဖြစ်သည်။

ထရမ့် ကုန်သွယ်ခွန် တိုးမြှင့်နိုင်ငံများ စာရင်းထဲ စစ်နှင့် ငလျင်ဒဏ်ခံ မြန်မာလည်း ပါ

ထရမ့် ကုန်သွယ်ခွန် တိုးမြှင့်နိုင်ငံများ စာရင်းထဲ စစ်နှင့် ငလျင်ဒဏ်ခံ မြန်မာလည်း ပါ

by ဧရာဝတီ
6 April 2025
4.2k

အရှေ့တောင်အာရှနိုင်ငံများကို ချမှတ်သည့်အခွန်များသည် တရုတ်ကို ထိခိုက်စေရန် ရည်ရွယ်သည်ဟု စင်ကာပူရှိ ISEAS-Yusof Ishak Institute မှ ဝါရင့်သုတေသီ ဒေါက်တာ စီဝါဂေ ဓာမာ နေဂရက ပြောသည်။

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော

by ဧရာဝတီ
16 May 2024
4k

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် ခေတ်သစ်တွင် သြဇာအကြီးမားဆုံး ရာဇဝတ်ကွန်ရက် အလျင်အမြန် ဖြစ်လာနေသည့် လူကုန်ကူးမှုနှင့် ဂိုဏ်းဖွဲ့ရာဇဝတ်မှု၏ ဗဟိုချက်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြလိုက်သည်။

မြန်မာ့စီးပွား အတက်အကျ ကမ္ဘာ့ဘဏ်၏ အချက်အလက်ဇယားကို နိုင်ငံရေးခေါင်းဆောင်များ၏ ဓာတ်ပုံများဖြင့် ဖြည့်စွက်ထားပုံ

ဇောက်ထိုးဆင်းနေဦးမည့် မြန်မာ့စီးပွားရေး

by လင်းထက်မြက်
9 August 2022
16.3k

နိုင်ငံတော်ကပေးရန်ရှိသည့် ကြွေးမြီပမာဏ (public debt) သည် စိုးရိမ်ရေမှတ် ဂျီဒီပီ၏ ၆၀ ရာခိုင်နှုန်း အောက်တည့်တည့် ၅၈ ဒသမ ၇ ရာခိုင်နှုန်း ရောက်နေပြီ

မြန်မာ ငလျင် နဲ့ ပတ်သက်ပြီး ပညာရှင်တွေ ဘာပြောကြလဲ

မြန်မာ ငလျင် နဲ့ ပတ်သက်ပြီး ပညာရှင်တွေ ဘာပြောကြလဲ

by ဧရာဝတီ
31 March 2025
1.9k

အဆောက်အဦ စံနှုန်းတွေ သတ်မှတ် ထိန်းညှိဖို့ အစိုးရမှာ တာဝန်ရှိပြီး အခု အဖြစ်အပျက်က မြန်မာ နိုင်ငံရဲ့ အစိုးရ အဆက်ဆက်ဟာ ငလျင် မတိုင်ခင် ကြိုတင် ပြင်ဆင်ထားမှု မရှိဘူးဆိုတာ ပြနေတယ်လို့လည်း…

မြန်မာ့စီးပွားရေး နွံ ပိုနစ်လာနေ

မြန်မာ့စီးပွားရေး နွံ ပိုနစ်လာနေ

by Romain Caillaud
1 August 2024
1.9k

စီးပွားရေးကို စစ်ကောင်စီ၏ အတင်းအကျပ် ထိန်းချုပ်သောနည်းလမ်းသည် မြန်မာ၏ ကာလလယ်နှင့် ရေရှည် အလားအလာအတွက် အခြေအနေ မကောင်းပေ။

Next Post
ဆင်မကြီး မိုမိုကို မွေးစားထားတဲ့ ပိုင်တံခွန်

ဆင်မကြီး မိုမိုကို ၃ လ မွေးစားထားတဲ့ ပိုင်တံခွန်

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့က ခေါ်ယူကာ သတိထောက်လွှာပေးစဉ် / Ministry of Foreign Affairs Myanmar

မြန်မာက ဘင်္ဂလားဒေရှ်သံအမတ်ကို ဆင့်ခေါ်ကာ သတိထောက်လွှာပေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved