• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ ငလျင် နဲ့ ပတ်သက်ပြီး ပညာရှင်တွေ ဘာပြောကြလဲ

by ဧရာဝတီ
31 March 2025
in သတင်း
A A
မြန်မာ ငလျင် နဲ့ ပတ်သက်ပြီး ပညာရှင်တွေ ဘာပြောကြလဲ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်တဲ့ ပြင်းထန် ငလျင်ကြောင့် မန္တလေးမြို့ရှိ မဟာ မြတ်မုနိ ဘုရား တန်ဆောင်း ပြိုကျနေမှုကို တွေ့ရစဉ် / Nikkei Asia

1.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ စစ်ကိုင်းမြို့ရဲ့ အနောက် မြောက်ဘက်ကို ဗဟိုပြုပြီး သောကြာနေ့က လှုပ်ခဲ့တဲ့ ပြင်းအား ရစ်ချက်စတာ စကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်ဟာ ထိခိုက် သေဆုံးမှု နဲ့ ပျက်စီး ဆုံးရှုံးမှု အနီရောင် အဆင့် ရှိတယ်လို့ အမေရိကန် USGS က ထုတ်ပြန်ပါတယ်။

အမေရိကန် ပထဝီဆိုင်ရာ အချက်အလက် အကဲဖြတ်ရေး အဖွဲ့ (USGS) ဟာ ကမ္ဘာ တဝန်း ငလျင်များနဲ့ ပတ်သက်ပြီး စောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

RelatedPosts

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
7
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
4
အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

11 January 2026
16

UCGS ရဲ့ သုံးသပ်မှုမှာ ငလျင်ကြောင့် သေဆုံးနိုင်ခြေ ၃၅ ရာခိုင်နှုန်း အထိရှိပြီး လူဦးရေ ၁ သောင်းကနေ ၁ သိန်း ကြား ရှိနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ စစ်ကောင်စီ ကတော့ လူ ၁၇၀၀ သေဆုံးပြီး ၃၄၀၀ ဒဏ်ရာရ၊ ပျောက်ဆုံး ၃၀၀ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် USGS ရဲ့ထုတ်ပြန်မှုမှာ ပျက်စီးဆုံးရှုံးမှု အနေနဲ့ အမေရိကန် ဒေါ်လာ ဘီလီယံ ဆယ်နဲ့ချီ ရှိနိုင်ပြီး မြန်မာနိုင်ငံရဲ့ GDP ကို ကျော်လွန်နိုင်ကြောင်း ဆိုပါတယ်။

“ရာစုနှစ်ရဲ့ လေးပုံပုံ သုံးပုံ အတွင်း မြန်မာမှာ လှုပ်ခတ်ခဲ့တဲ့ အကြီးဆုံး ငလျင် ဖြစ်နိုင်တယ်” လို့ University College London ရဲ့ ဘူမိရူပ နဲ့ ရာသီဥတု အန္တရာယ်ဆိုင်ရာ ပါမောက္ခ Bill McGuire ကလည်း ပြောပါတယ်။

ပထမအကြိမ် လှုပ်ခတ်ပြီး မိနစ် အနည်းငယ် အကြာမှာ ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင် လှုပ်ခတ် ခဲ့ပြီး Bill McGuire က နောက်ထပ် လာနိုင်သေးကြောင်း သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

Imperial College London ရဲ့ ကမ္ဘာ့မြေလွှာချပ် ကျွမ်းကျင်သူ Rebecca Bell က စစ်ကိုင်းပြတ်ရွေ့ရဲ့ ဘေးချင်းကပ် ပွတ်တိုက် ချော်ထွက်မှုကြောင့် ဖြစ်တာလို့ ဆိုပါတယ်။

စစ်ကိုင်း ပြတ်ရွေ့ဟာ အနောက်ဘက်က အိန္ဒိယ မြေလွှာချပ်နဲ့ အရှေ့တောင် အာရှ နိုင်ငံအများစု တည်ရှိတဲ့ Sunda မြေလွှာချပ် နှစ်ခု ဆုံစည်းတဲ့ နေရာ ဖြစ်ပြီး ကယ်လီဖိုးနီးယားမှာ ရှိတဲ့ San Andreas ပြတ်ရွေ့ရဲ့ လှုပ်ရှားမှုနဲ့ ဆင်တူ တယ်လို့ သိရပါတယ်။

သောကြာနေ့က လှုပ်ခတ်တဲ့ ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ ဆောက်လက်စ အထပ်မြင့် မိုးမျှော်တိုက် ပြိုကျပြီး အပျက်အစီးပုံ အဖြစ် တွေ့ရစဉ် / AFP

Bell က “စစ်ကိုင်းပြတ်ရွေ့က တော်တော်ရှည်ပါတယ်။ ၁၂၀၀ ကီလိုမီတာ (၇၄၅ မိုင်) ရှည်ပြီး အဖြောင့်အတိုင်း ရှိနေတာပါ။ ဖြောင့်တန်းနေတာက ငလျင်တွေဟာ နေရာ အကျယ်ကြီးကို ထိခိုက်နိုင်တယ်လို့ ဆိုလိုပါတယ်။ ပြတ်ရွေ့ရဲ့ ချော်ထွက်တဲ့ ဧရိယာ ကြီးလေလေ ငလျင်က ပိုပြင်းလေပါပဲ” လို့လည်း ပြောဆိုပါတယ်။

ငလျင်က မြေမျက်နှာပြင်နဲ့ သိပ်မဝေးတဲ့ မြေအောက် တိမ်တဲ့နေရာမှာ စတင်တာ ဖြစ်တဲ့ အတွက် အပေါ်မြေပြင်ကို မရောက်ခင်မှာ တုန်ခါမှု ပမာဏ အများကြီး မဆုံးရှုံးဘူးလို့လည်း သူက ပြောပါတယ်။

ဒါကြောင့် ဒီလို ငလျင်မျိုးက အပြင်းအထန် တုန်ခါမှုကို ဖြစ်စေပြီး ပျက်စီးဆုံးရှုံးမှု ပိုများစေတယ် လို့လည်း Bell က ဆိုထားပါတယ်။

Royal Holloway University of London ကမ္ဘာမြေဆိုင်ရာ သိပ္ပံဌာနမှ Ian Watkinson ကလည်း “ဒီနေ့ ငလျင်ဟာ မြန်မာ နိုင်ငံရဲ့ ခေတ်သစ် အခြေခံ အဆောက်အဦတွေ အတွက် ပထမဆုံး စမ်းသပ်မှု ဖြစ်တယ်” လို့ ပြောဆိုပါတယ်။

University College London ရဲ့ သဘာဝ ဘေးအန္တရာယ် လျှော့ချရေး ကျွမ်းကျင်သူ တဦးဖြစ်သူ IIan Kelman က “ငလျင်က လူတွေကို မသတ်ဘူး။ အဆောက်အဦတွေ ပြိုကျတာကပဲ သေစေနိုင်တာ” လို့ ဆိုပါတယ်။

ဒါ့အပြင် အဆောက်အဦ စံနှုန်းတွေ သတ်မှတ် ထိန်းညှိဖို့ အစိုးရမှာ တာဝန်ရှိပြီး အခု အဖြစ်အပျက်က မြန်မာ နိုင်ငံရဲ့ အစိုးရ အဆက်ဆက်ဟာ ငလျင် မတိုင်ခင် ကြိုတင် ပြင်ဆင်ထားမှု မရှိဘူးဆိုတာ ပြနေတယ်လို့လည်း Kelman က ပြောပါတယ်။

ပညာရှင်တွေက ငလျင် ဗဟိုချက်နဲ့ ကီလိုမီတာ ၁၀၀၀ ခန့် ဝေးတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဟာလည်း မြေကြီးပျော့တဲ့ အတွက် ပျက်စီးမှုတွေ ကြုံခဲ့ရတာလို့ ပြောဆိုထားပါတယ်။

Ref : france24

Your Thoughts …
Tags: GDPUSGSငလျင်ထိုင်းဘန်ကောက်ဘာသာပြန်မန္တလေးမြန်မာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
22.3k

ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

by ကြာဖက်နှင်း
24 August 2024
17.2k

မိမိကိုယ်ကို ခြောက်ပြစ်ကင်း သဲလဲစင်ဟု ကြွေးကြော်ခဲ့သူကြီး။ ဒီလိုနဲ့ လောဘကို မသတ်နိုင်တော့ မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ဖြစ်သွားခဲ့ရသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.7k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

Next Post
စစ်ကိုင်းငလျင်ကြီး၊ စစ်ရပ်စဲရေးနဲ့ တဖက်ပိတ် စစ်ကောင်စီ

စစ်ကိုင်းငလျင်ကြီး၊ စစ်ရပ်စဲရေးနဲ့ တဖက်ပိတ် စစ်ကောင်စီ

ငလျင်ဘေးသင့် ပြည်သူတွေကို ကျနော်တို့ဆီမှာ ခိုလှုံခွင့်ပေးမယ် (ရုပ်/သံ)

ငလျင်ဘေးသင့် ပြည်သူတွေကို ကျနော်တို့ဆီမှာ ခိုလှုံခွင့်ပေးမယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved