• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“Jurassic World” နဲ့ “The Batman” ရုပ်ရှင် ပြသမယ့်ရက် နောက်ဆုတ်

by မစ်ကီ
7 October 2020
in Entertainment
A A
COVID-19 ကြောင့် ကမ္ဘာကျော်ရုပ်ရှင် တော်တော်များများ ရက်ရွှေ့ဆိုင်းထားရပါတယ်။

COVID-19 ကြောင့် ကမ္ဘာကျော်ရုပ်ရှင် တော်တော်များများ ရက်ရွှေ့ဆိုင်းထားရပါတယ်။

4.2k
VIEWS
Share on FacebookShare on Twitter

Universal Pictures ရုပ်ရှင်ကုမ္ပဏီဟာ သူတို့ရဲ့ “Jurassic World: Dominion” ရုပ်ရှင် ပြသမယ့်ရက်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ တနှစ်တိတိအချိန် နောက်ဆုတ်လိုက်ကြောင်း အောက်တိုဘာလ ၆ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

မင်းသား Chris Pratt နဲ့ မင်းသမီး Bryce Dallas Howard တို့ ပါဝင်ထားကြတဲ့ ဝင်ငွေအကောင်းဆုံး “Jurassic World” ရုပ်ရှင်စီးရီးထဲက နောက်ဆုံးဇာတ်လမ်းဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ နောက်ဆုံး ဟောလိဝုဒ်ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ကပ်ရောဂါကြောင့် Lockdown ပြုလုပ်မှုတွေနဲ့ လူအချင်းချင်း ခပ်ခွာခွာ နေထိုင်ရေး လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေ ပိတ်ထားရလို့ အနုပညာလုပ်ငန်းအတွင်း ထိခိုက်မှုအနေနဲ့ “Dune” နဲ့ “The Batman” ရုပ်ရှင်တွေ ရုံတင်မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ရကြောင်း အောက်တိုဘာလ ၅ ရက်နေ့ နှောင်းပိုင်းမှာ Warner Bros. က ပြောကြားခဲ့ပါတယ်။

ကနေဒါဒါရိုက်တာ Dennis Villeneuve ရိုက်ကူးထားတဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် “Dune” ဟာလည်း အခုနှစ် ဒီဇင်ဘာလမှာ ရုံတင်ဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် အခု ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအထိ ရက်ရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ မင်းသား Robert Pattinson ပါဝင်သရုပ်ဆောင်နေတဲ့ “The Batman” ရုပ်ရှင် ဖြန့်ချိမယ့်ရက်ဟာလည်း လာမယ့် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ်၊ နွေဦးကာလအထိ ရက်ရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

တင်းကျပ်မှုတွေကို ဖြေလျှော့လိုက်ပေမယ့် ရုပ်ရှင်ရုံတွေထဲကို လူတွေဝင်ဖို့ တွန့်ဆုတ်နေတာနဲ့ ရုပ်ရှင်တော်တော်များများကလည်း လုပ်ငန်း မလည်ပတ်သေးတာတွေကြောင့် ကမ္ဘာကျော်ရုပ်ရှင် တော်တော်များများကိုလည်း ရက်ရွှေ့ဆိုင်းတာတွေ ပြုလုပ်လာကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ကမ္ဘာ့ဒုတိယအကြီးမားဆုံး ရုပ်ရှင်ရုံလုပ်ငန်းစုဖြစ်တဲ့ “Cineworld” က ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ရုံလုပ်ငန်းတွေမှာ ထိခိုက်ပြိုလဲမှုတွေကို သက်သာစေဖို့ ကြိုးပမ်းတဲ့အနေနဲ့ ယူကေနဲ့ အမေရိကန်မှာ ရှိတဲ့ ရုပ်ရှင်ရုံတွေကို ယာယီပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အစောပိုင်းတုန်းတော့ “The Batman” ရုပ်ရှင်ထဲက မင်းသား Pattinson ဟာ COVID-19 ရောဂါ ကူးစက်ခံခဲ့ရတာကြောင့် ရိုက်ကူးရေးကို သီတင်းနှစ်ပတ်ကြာ ရပ်နားခဲ့ရပါတယ်။ ပြီးခဲ့တဲ့လမှာတော့ ဗြိတိန်နိုင်ငံမှာ ရိုက်ကူးရေးကို ပြန်လည် စတင်ခဲ့ပြီး Warner Bros. ကတော့ မင်းသား Pattinson ရဲ့ ရောဂါအခြေအနေအကြောင်း သတင်းတွေကို အတည်ပြုတာ၊ ငြင်းဆိုတာမျိုး မလုပ်ခဲ့ပါဘူး။

“Dune” ရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်တုန်းက နာမည်ကျော်ခဲ့တဲ့ “Call Me By Your Name” ရုပ်ရှင်နဲ့ အကယ်ဒမီ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့သူ အသက် ၂၄ နှစ်အရွယ် မင်းသား Timothee Chalamet ပါဝင် သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

တခြား ဘတ်ဂျက်မြင့်တဲ့ Warner Bros. ရုပ်ရှင်တွေဖြစ်တဲ့ “Tenet” နဲ့ “Wonder Woman 1984” ရုပ်ရှင်တွေရဲ့ ပြသမယ့်ရက်ကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဂျိမ်းစ်ဘွန်းရုပ်ရှင်အသစ် “No Time To Die” ကို လာမယ့် ၂၀၂၁ ခုနှစ် ဧပြီလအထိ ရွှေ့ဆိုင်းထားဖို့ MGM နဲ့ Universal Pictures တို့က ကြေညာထားပါတယ်။

Ref:Reuters

You may also like these stories:

မင်းသား Robert Pattinson ကိုဗစ် ကူးစက်ခံရပြီး “Batman” ရိုက်ကူးရေး ရပ်နား

“Jurassic World” ရိုက်ကူးရေး အဖွဲ့သားတွေကို တပတ် ၃ ကြိမ် COVID-19 စစ်ဆေး

ကိုရိုနာကြောင့် “The Batman” ရုပ်ရှင် ရိုက်ကူးရေး သီတင်းနှစ်ပတ် ရပ်ဆိုင်း

Your Thoughts …
Tags: Jurassic WorldThe BatmanWarner Brosရုံတင်ရက်ရုပ်ရှင်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

တက်လာတဲ့စာရင်းနဲ့ အတိအကျပဲ ပြုံးပြုံးလေး Page ကနေ ဖော်ပြပြီး ရှင်းသွားမယ်

တက်လာတဲ့စာရင်းနဲ့ အတိအကျပဲ ပြုံးပြုံးလေး Page ကနေ ဖော်ပြပြီး ရှင်းသွားမယ်

by ဧရာဝတီ
7 August 2025
9.2k

အရေးကြီးတာက တော်လှန်ရေးအတွက်ဖြစ်သွားတော့ အနုပညာအတွက် အများကြီးမျှော်လင့်မထားဘူး။ နံပါတ်တစ်က ရန်ပုံငွေရှာပေးချင်တယ်။ တော်လှန်ရေးအတွက် လိုအပ်နေတာ ရန်ပုံငွေပဲ။ ဒီပိုက်ဆံတွေနဲ့ပဲ ကျန်းမာရေးအတွက်၊ စစ်ရှောင်တွေအတွက် ဗုံးကြဲလို့ပျက်စီးသွားတဲ့ ကျောင်းတွေ ဆောက်ပေးလို့ရတယ်။

အနုပညာနယ်ပယ်စုံမှာ စစ်တပ်ထောက်ခံသူတွေ ကြီးစိုးလာ

အနုပညာနယ်ပယ်စုံမှာ စစ်တပ်ထောက်ခံသူတွေ ကြီးစိုးလာ

by ဧရာဝတီ
22 December 2025
8.1k

စစ်ကော်မရှင်လက်ထက် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသည် ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ထက် စစ်တပ်၏ ဝါဒဖြန့်ချိပေးရာ၊ အနုပညာရှင်များနှင့် စစ်တပ်အကြား ချိတ်ဆက် ဆက်သွယ်ပေးရသော နေရာတခု ဖြစ်လာပြီး စစ်တပ်နှင့်နီးစပ်သော အနုပညာရှင်များက သူ့ထက်ငါအပြိုင် လိုချင်သည့်နေရာ ဖြစ်လာကြောင်း ရုပ်ရှင်လောကသားများက ဆိုသည်။

စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

by ဧရာဝတီ
27 November 2023
6.6k

“တုနှိုင်းမမီသည့်စံ” ရုပ်ရှင်ဇာတ်ကားအား ဒါရိုက်တာဝိုင်းက ရိုက်ကူးပေးခဲ့ပြီး ဗိုလ်မှူးကြီးမြင့်အောင်က နာမည်ခံပေးခြင်းဖြစ်သည်ဟု ရုပ်ရှင်အသိုင်းအဝိုင်းက ပြောဆိုကြသည်။

စိတ်ဝင်စားစရာ ကြွယ်ဝသော မြန်မာရုပ်ရှင် ခေတ်သစ်သမိုင်း

စိတ်ဝင်စားစရာ ကြွယ်ဝသော မြန်မာရုပ်ရှင် ခေတ်သစ်သမိုင်း

by Bertil Lintner
3 June 2024
1.6k

"ရုပ်ရှင်သည် ဗမာများ အတိတ်ကို ဆန်းသစ်သော အမြင်ဖြင့် ပြန်လည်ကြည်ရှုသည့် နည်းလမ်းကိုသာမက တော်လှန်သော အနာဂတ်ကိုပင် ရှုမြင်သုံးသပ်နိုင်စေသည်”

ဟာသ အနုညာရှင် တဖြစ်လဲ သမ္မတ ဇယ်လန်းစကီး

ဟာသ အနုညာရှင် တဖြစ်လဲ သမ္မတ ဇယ်လန်းစကီး

by ဧရာဝတီ
9 March 2025
1.4k

သူ့ရဲ့ သရုပ်ဆောင် လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ မီဒီယာ အကြောင်း နားလည်မှုက စစ်ပွဲမှာ မီဒီယာ ကဏ္ဍကနေ ယူကရိန်းကို အားသာ စေခဲ့ပါတယ်။

တုန်ခြင်း မှုန်ခြင်း သည်းခံပါ

တုန်ခြင်း မှုန်ခြင်း သည်းခံပါ

by ကာတွန်း ဦးဘဂျမ်း
1 October 2023
1.2k

ဇာတ်ကားကို စ၍ ပြလေပြီ။ ထွက်လျှင် ထွက်ချင်းပင် ကားပေါ်တွင် ခပ်တုန်တုန် ခပ်မှုန်မှုန် ထွက်လာသော စာတန်းကား “ပထမ မြန်မာ ဇာတ်ကား ဖြစ်သဖြင့် တုန်ခြင်း မှုန်ခြင်းကို သည်းခံပါ” ဟူသော တောင်းပန်စာပင် ဖြစ်လေ၏။

Next Post
ရခိုင်ပြည်နယ်မှာ အရွေ့တခု ရွေ့သွားတာမျိုး ကျမ မတွေ့ရဘူး (ရုပ်/သံ)

ရခိုင်ပြည်နယ်မှာ အရွေ့တခု ရွေ့သွားတာမျိုး ကျမ မတွေ့ရဘူး (ရုပ်/သံ)

သမ္မတ ထရမ့်ရဲ့ ပြောဆိုချက်ကို Mandy Moore နဲ့ Chris Evans တို့အပါအဝင် ဟောလိဝုဒ် အနုပညာရှင် တော်တော်များများက ဝေဖန်ခဲ့ကြပါတယ်။

COVID-19 ကို မကြောက်ကြဖို့ ဆိုတဲ့ သမ္မတ ထရမ့်ရဲ့ မှတ်ချက်ကို အနုပညာရှင်တွေ ဝေဖန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved