• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“မြန်မာရုပ်ရှင်လောကမှာ အားနည်းချက်ရော၊ အားသာချက်ရော ရှိနေတာပါ”

by ချစ်ပိုး
19 September 2018
in Entertainment
A A
သရုပ်ဆောင် အေးဝတ်ရည်သောင်း (ခ) မအေးသောင်း

သရုပ်ဆောင် အေးဝတ်ရည်သောင်း (ခ) မအေးသောင်း

6.3k
VIEWS
Share on FacebookShare on Twitter

တချိန်က ပရိသတ်အားပေးမှု ရရှိခဲ့သလို ခုချိန်မှာလည်း မအေးသောင်းဆိုပြီး ပရိသတ် အားပေးမှု ရရှိထားတဲ့ အေးဝတ်ရည်သောင်းက မြန်မာရုပ်ရှင်လောကဟာ အားနည်းချက်၊ အားသာချက်ကတော့ အတူတူရှိနေတယ်လို့ သူရဲ့ အမြင်ကို ဧရာဝတီကို ပြောပါတယ်။

“မြန်မာရုပ်ရှင်လောကကို ပေါက်စီတို့ထက် တော်တဲ့သူတွေက လုပ်နေကြပါတယ်။ အားနည်းချက်၊ အားသာချက် ကတော့ အမြဲတမ်းရှိနေမှာပဲ။ အားနည်းချက်ပဲ ဖိပြောနေရင်တော့ အားနည်းချက်ချည်းပဲ ဖြစ်နေမှာပေါ့။ အားသာချက်လည်း အများကြီး ပြောင်းလဲသွားတာရှိတော့ အားနည်းချက်တွေကို ဘယ်လိုမျိုး အားသာချက်ဖြစ်အောင် ပြောင်းကြမလဲ။ အားသာချက်တွေကိုလည်း ဘယ်လိုမျိုး ပိုကောင်းမွန်အောင် လုပ်ကြမလဲဆိုပြီး လုပ်သင့်ပါတယ်” လို့ မအေးသောင်းက ပြောပါတယ်။

မအေးသောင်းက လတ်တလောမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာများ ရိုက်ကူးနေသလို ပွဲတက်၊ ဓာတ်ပုံရိုက် စတဲ့အလုပ်တွေ လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ မကြာမီမှာလည်း ဇာတ်လမ်းတွဲအသစ်တခု ရိုက်ကူးဖို့ ပြင်ဆင်နေလို့လည်း သိရပါတယ်။

မြန်မာရုပ်ရှင်လောကနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ကျော်ကျော်ဗိုဟာ မကြာသေးခင်က “ကျွန်တော်ရှက်လို့” ဆိုတဲ့ ဇာတ်လမ်းတို တင်လိုက်တဲ့ အပေါ်ကိုလည်း မအေးသောင်းက သူရဲ့ အမြင် အခုလို ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116
သဇင်ပန်း

သဇင်ပန်း

10 January 2026
129
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
310

“ကိုကျော်ကျော်ဗို တင်ထားတဲ့ ဗီဒီယိုလေး တွေ့တယ်။ သွေးကတော့ ပြောတာပေါ့နော်။ သူတို့ ဘိုးစဉ်ဘောင်ဆက် အနုပညာကို ရူးသွပ်တယ်။ ကြိုးစားခဲ့ကြတယ်။ သူရိုက်ထားတာလေးကို အသိအမှတ်ပြုတယ်။ သဘောလည်း ကျတယ်” လို့ မအေးသောင်းက ဆိုပါတယ်။

“ပေါက်စီတို့တုန်းက မင်းသမီးနည်းတော့ အခွင့်အရေး ပိုရတယ်။ အခုခေတ်က ကျတော့ မင်းသမီးတွေ ပိုများလာတယ်။ ဒါပေမယ့် ပိုခက်ခဲမယ် ထင်တယ်။ တက်ဖို့၊ ကျဖို့လည်း လွယ်တယ်။ အဓိကကတော့ ကိုယ်တိုင်ကြိုးစားဖို့က ပိုအရေးကြီးပါတယ်” လို့ သရုပ်ဆောင် လောကမှာ မင်းသမီး ပေါများလာတဲ့အပေါ်ကို အခုလို ဆိုပါတယ်။

နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းဆိုတဲ့ ညီအစ်မ ၃ ယောက်စလုံး အနုပညာလောကမှာ ရပ်တည်နေကြပြီး ညီအစ်မ ၃ ယောက်ပေါင်းပြီး အနုပညာလုပ်ငန်း တွဲလုပ်ကိုင်ဖို့ အစီစဉ်တော့ မရှိဘူးလို့ ဆိုပါတယ်။

“ပေါက်စီတို့ ညီအစ်မ ၃ ယောက် အနုပညာလုပ်ငန်းတွေ တွဲလုပ်ဖို့ မရှိပါဘူး။ ညီအစ်မ ၃ ယောက်က တွေ့ရင် စကားများနေတာနဲ့ အနုပညာလုပ်ဖို့ မတိုင်ပင်ဖြစ်ဘူး။ ညီအစ်မ ၃ ယောက်ဆုံရင် မုန့်စားတယ်။ ကစားတယ်။ ပေါက်စီကို အေးဝတ်ရည်သောင်းတုန်းက အားပေးတဲ့ ပရိသတ်တွေရော အေးသောင်းဆိုပြီး အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်” လို့ မအေးသောင်းက ပြောပါတယ်။

အစ်မကြီးဖြစ်သူ နှင်းဝတ်ရည်သောင်းက လက်ရှိ အနုပညာအလုပ်များကို မလုပ်ကိုင်တော့ဘဲ လန်ဒန်မြို့မှာ နေထိုင်နေတယ်လို့ သိရပြီး ညီမ ဆွိဝတ်ရည်သောင်းကတော့ သီချင်းများ သီဆိုနေတဲ့ အဆိုတော်တဦးလည်း ဖြစ်ပါတယ်။

Your Thoughts …
Tags: မအေးသောင်း
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အသက် ၃၄ နှစ်ပြည့် မွေးနေ့မှာ တွေ့ရတဲ့ မအေးသောင်း  / ထက်ဝေ / ဧရာဝတီ

အသက် ၃၄ နှစ် အမှန်ဖြစ်ကြောင်း ပြန်ဖြေရှင်းနေရတဲ့ မအေးသောင်း

by ချစ်ပိုး
30 May 2018
11.2k

သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ အသက် ၁၂ နှစ်အရွယ်၊ ၁၉၉၆ ခုနှစ်မှာ မော်ဒယ် စလုပ်ခဲ့ပြီး ဆယ်တန်းကို ၂၀၀၀ ခုနှစ်မှာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင် မအေးသောင်း(ခ) အေးဝတ်ရည်သောင်း  / ဧရာဝတီ

“ကိုယ့်ကိုယ်ကိုယ် ပေါက်စီလို့ မသုံးတော့ဘဲ ကျမလို့ ပြောင်းသုံးတော့မယ်”လို့ ပြောတဲ့ မအေးသောင်း

by ချစ်ပိုး
22 April 2019
19.8k

ကိုယ်အတတ်နိုင်ဆုံး ပြင်ဖို့ကြိုးစားတယ်။ အကျင့်တခုဆိုတာ ပြင်ဖို့ခက်တယ်။ အခုထိပေါက်စီလို့ ပြောမိနေတုန်း။ လူတယောက်က ကိုယ့်အမှား ကိုယ်သိရင် ပြင်နိုင်ရမယ်ပေါ့။

"မအေးသောင်း" လို့ ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်း /  Aye Thaung's Facebook

လွမ်းရတာ နှစ်သက်တဲ့ “မေထုန်ရာသီဖွား မအေးသောင်း”

by မန်းသူ
23 August 2018
7.3k

ကိုယ့်ချစ်သူက ကိုယ့်ကို သည်းခံတယ်။ ကိုယ်ကဆိုးနေတာလေ။ ကိုယ်ချစ်တဲ့ သူတွေအားလုံးက သည်းခံကြတယ်။

သရုပ်ဆောင် အေးဝတ်ရည်သောင်း / Aye Thaung's Facebook

အသက် ၃၆ နှစ်ပြည့်သွားပြီဖြစ်တဲ့ မအေးသောင်း

by ချစ်ပိုး
28 May 2020
49.9k

မအေးသောင်းဟာ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲ ပြန်လည် ဝင်ရောက်လာခဲ့ပြီး ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့သူပါ။

သင်္ကြန်မှာ စတုဒီသာကျွေးပြီး အလှူလုပ်ခဲ့တဲ့ မအေးသောင်း / ဧရာဝတီ

သင်္ကြန်မှာ စတုဒီသာကျွေးပြီး အလှူလုပ်ခဲ့တဲ့ မအေးသောင်း

by ချစ်ပိုး
12 April 2019
4.1k

မအေးသောင်းက စတုဒီတာအဖြစ် မုန့်လက်ဆောင်းကို ဧပြီ ၁၀ရက်နေ့က နေအိမ်နားမှာ ကျွေးမွေးလှူဒါန်းခဲ့တာဖြစ်ပြီး မိသားစုလိုက် ပါဝင်ခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် အေးဝတ်ရည်သောင်း / ချမ်းစွန်း / ဧရာဝတီ

ဓာတ်ပုံလှလှလေးတွေအတွက် ကိုယ်ပိုင်ဓာတ်ပုံဆရာမရှိသေးဘူးဆိုတဲ့ မအေးသောင်း

by ယုဖြူဟန်
7 July 2017
9.2k

အမ ပုံတွေကိုရိုက်တာတော့ အမချစ်သူရယ်လို့ မဟုတ်ပါဘူး။ ကြုံတဲ့သူက ရိုက်ပေးတာပါ။ အိမ်မှာနေရင် ဒေါ်ဒေါ်ကြီးရိုက်ပေးတယ်။ နောက်ပြီးတော့ အမ နောက်ကလိုက်တဲ့ ကလေးမလေး ခိုင်ခိုင်က ရိုက်ပေးတယ်။

Next Post
ဦးအောင်သန်းဝေအား ယမန့်နေက တရားရုံးထုတ်စဉ်  /  မင်းအောင်ခိုင်

စစ်တွေမြို့မိ၊ မြို့ဖ အဖွဲ့ဝင် ဦးအောင်သန်းဝေကို စွဲချက်တင်

SpaceX CEO ဖြစ်သူ Elon Musk မှ လကမ္ဘာကို သွားမယ့် ပထမဆုံး ခရီးသည် Mr. Maezawa ကို မိတ်ဆက်စဉ်

လကမ္ဘာကို အလည်သွားမယ့် ပထမဆုံးခရီးသည် ဖြစ်လာတဲ့ ဂျပန်လူမျိုး ဘီလျံနာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved