• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဝေဠုကျော်ရဲ့အမှု နှစ်ဖက်ရှေ့နေ သဘောတူညီမှုဖြင့် အမှုစစ်ဆေးရန် ရက်ရွေ့ဆိုင်း

by ယုဖြူဟန်
5 February 2019
in Entertainment
A A
သရုပ်ဆောင် ဝေဠုကျော်၊ အလှမယ် သင်းသင်း / ဝေဝေနှင်း / ဧရာဝတီ

သရုပ်ဆောင် ဝေဠုကျော်၊ အလှမယ် သင်းသင်း / ဝေဝေနှင်း / ဧရာဝတီ

18.4k
VIEWS
Share on FacebookShare on Twitter

ကာမလိမ်လည်မှုဖြင့် အလှမယ် သင်းသင်းက တရားစွဲဆိုထားသော အမှုရဲ့ ဒုတိယအကြိမ်မြောက် ရုံးချိန်းမှာတော့ အမှုကို စတင်စစ်ဆေးရန် ချိန်းဆိုထားခဲ့သော်လည်း တရားသူကြီး အပြောင်းအရွေ့ ရှိတာကြောင့် နှစ်ဖက်ရှေ့နေများရဲ့ သဘောတူညီချက်ဖြင့် ဒီကနေ့ ရုံးချိန်မှာတော့ အမှု မစစ်ဆေးဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

“တရားသူကြီး အပြောင်းအရွေ့ရှိတော့ စစ်ဆေးမယ်ဆိုရင်လည်း ဆုံးအောင်စစ်လို့ မရဘူး။ နောက် တရားသူကြီး လာတဲ့အခါကျတော့ စွပ်စွဲခံရသူဘက်က အစကပြန်စစ်ပေးပါဆိုရင် အခက်အခဲ ဖြစ်မယ်။ ဒါကြောင့် နှစ်ဖက်ရှေ့နေတွေက တင်ပြလိုက်တယ်။ နှစ်ဖက်ရှေ့နေ သဘောတူညီချက်နဲ့ အမှုကို ၁၉ ရက်နေ့မှာ စစ်ဆေးဖို့အတွက် ရွေ့ဆိုင်းလိုက်တယ်။ နောက် ဆက်ခံမယ့် တရားသူကြီးကလည်း မကြာခင် ရက်ပိုင်းမှာ ရောက်တော့မှာပါ”လို့ တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317
တရားလို ရှေ့နေ ဦးရောဘတ်စမ်းအောင် (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

ဒီကနေ့မှာ ချိန်းဆိုထားခဲ့တဲ့ ဒုတိယရုံးချိန်းကိုတော့ တရားလိုဖြစ်သူ အလှမယ် သင်းသင်းနဲ့ စွပ်စွဲခံရသူ သရုပ်ဆောင် ဝေဠုကျော်တို့ နှစ်ဖက်စလုံးမှ စုံညီစွာနဲ့ တရားခွင်ကို လာရောက်ခဲ့ကြပါတယ်။

“တရားသူကြီး အပြောင်းအရွေ့ ကျထားလို့ ရုံးချိန်းလိုက်ပါတယ်။ ကျနော့် အလုပ်ကတော့ ဒီအတိုင်းပဲ လုပ်နေရပါတယ်။ တရားရုံးပေါ် ရောက်လာပြီဆိုတော့ အချိန်ပေါ်မှာ မူတည်ပြီးတော့ပဲ အဖြေထွက်လာမှာပါ။ အမှုကိုတော့ အမှန်အတိုင်းပဲ ရင်ဆိုင်သွားမယ်”လို့ သရုပ်ဆောင် ဝေဠုကျော်က ပြောပါတယ်။

ဝေဠုကျော်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ရက်နေ့ ပထမဆုံးအကြိမ်ရုံးချိန်းမှာတော့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ငွေကျပ် သိန်း(၅၀) ဖြင့် အာမခံလျှောက်ထားရယူခဲ့ပြီး ရှေ့နေပါဝါ တင်ခဲ့တာ ဖြစ်ပါတယ်။

အာမခံ ရယူခဲ့တာနဲ့ ပတ်သက်ပြီး တရားလိုရဲ့ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က “အာမခံကတော့ ပေးကို ပေးရမှာ။ ဒီပုဒ်မက မပေးလို့ မရဘူး။ မပေးရင် ဥပဒေကြောင်းအရ မပေးတဲ့ ပုဂ္ဂိုလ်မှာ ဖြေရှင်း ရနိုင်တယ်။ ပေးကို ပေးရမှာပဲ။ ဥပဒေကြောင်းအရ ဆက်သွားမှာပဲ။ တခြားလုပ်စရာအကြောင်း ဘာမှ မရှိဘူး။ Facebook တွေမှာက ဒီလိုပါပဲ။ အကောင့် ၂ မျိုး ၃မျိုးသုံးပြီး တဖက်ကလူကို မြှောက်ပေးလိုက်၊ တဖက်ကလူကို ပုတ်လိုက်နဲ့ လုပ်ကြတယ်” လို့ ပြောပါတယ်။

ဝေဠုကျော်ကိုတော့ သင်းသင်းက ကာမ လိမ်လည်မှုဖြင့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ဇန်နဝါရီလ ၈ ရက်နေ့က တရားစွဲဆိုခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ ဝေဠုကျော်ဘက်မှ ငွေကျပ် သိန်း ၅၀ ဖြင့် အာမခံလျှောက်ထားရယူခဲ့တာ ဖြစ်ပါတယ်။ တတိယအကြိမ် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

Your Thoughts …
Tags: ဝေဠုကျော်အမှု
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ယနေ့ ရုံးချိန်းကို လာရောက်တဲ့ ဝေဠုကျော်နဲ့ သင်းသင်း / ယုဖြူဟန် / ဧရာဝတီ

သက်သေခံအဖြစ် တင်သွင်းထားတဲ့ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များ စစ်ဆေးခဲ့တဲ့ ဝေဠုကျော်အမှု ရုံးချိန်း

by ယုဖြူဟန်
8 March 2019
112.4k

“အသံဖိုင်က ၅ ခုပါ။ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို တင်သွင်းထားတဲ့ အသံဖိုင်တွေကို ဖွင့်နားထောင်တယ်။ ရေးထားတဲ့စာတွေကို တိုက်ကြည့်တယ်။ အငြင်းပွားမှု မရှိပါဘူး။

Next Post
လွိုင်ကော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးရှေ့က သပိတ် စခန်း / Progressive Karenni People's Force  / Facebook

ဗိုလ်ချုပ်ကြေးရုပ် ဆန္ဒပြသူများ လွိုင်ကော် NLD ရုံးရှေ့ သပိတ်စခန်းပြောင်းဖွင့်

မင်းသား ရှာရွတ်ခန်း ၊ မင်းသား Akshay Kumar

အလုပ်ချိန် မတူလို့ အရှေးကူမားနဲ့ ရုပ်ရှင်အတူ တွဲရိုက်လို့ မရသေးကြောင်း ရှာရွတ်ခန်းပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved