Entertainment

Single Mother အဖြစ်ရပ်တည်နေတဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် မျိုးစန္ဒီကျော်ဟာ လက်ရှိမှာ သမီးလေးတယောက်နဲ့အတူ Single Mother အဖြစ်ရပ်တည်နေပြီး သမီးအတွက်ပဲ အရာရာရှေ့ကနေ ရပ်တည်သွားမယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“Single Mother အနေနဲ့ အားအင်အပြည့်ပါပဲ။ အစ်မတို့ဒီဘက်ခေတ်မှာတော့ အကုန်လုံးက Single Mother မလို့ ဆိုပြီး မရှိတော့ဘူး သားသမီးတယောက်ကို မိခင်တယောက်တည်းနဲ့ အစစအရာရာ ပံ့ပိုးပြီးတော့ ရပ်တည်နေတယ်ဆိုရင် ပိုပြီးတော့လေးစားကြတယ်။ Respect ထားကြတယ်။ ခေတ်က သူ့ဘာသာသူပြောင်း သွားတာပေါ့။ မိန်းမတွေကလည်း ငါတို့လုပ်ပြနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ သွားကြတာဆိုတော့ ဘယ်လိုမှ မနေဘူး”

“ သမီးအတွက် အရာရာ အစ်မပဲ ရှိတာ။ အစ်မက သမီးရဲ့အရှေ့မှာ အမြဲတမ်း ရှိတယ်။ အစ်မအတွက် အရာရာ သမီးလေးပါပဲ။ စိတ်တွေရှုပ်လာပြီ စိတ်ညစ်လာပြီ ဆိုရင် သမီးနဲ့ပဲ နေတယ်။ သမီးနဲ့ အတူတူဆော့တယ် သူ့ကိုကြည့်လိုက်တာနဲ့ ငါ စိတ်ညစ်နေ လို့ မရဘူး သမီးရှိတယ်” လို့ မျိုးစန္ဒီကျော်က ဧရာဝတီကို ဆိုပါတယ်။

သရုပ်ဆောင် မျိုးစန္ဒီကျော်နဲ့ သမီး အိမ်စည်မြင့်မိုရ်ကျော် (ဓာတ်ပုံ – Myo Sandy Kyaw’s Facebook)

သမီးဖြစ်သူ အိမ်စည်မြင့်မိုရ်ကျော် (ခ) ဂျူဝယ်လ်က အသက် ၃နှစ်ကျော်ပြီဖြစ်ပြီး သမီးဖြစ်သူကို ဝိုင်းချစ်ပေးကြတဲ့အတွက်လည်း ဝမ်းသာရတယ်လို့ ဆိုပါတယ်။

“သမီးကို အစ်မထက်ပိုပြီးချစ်ပေးကြလို့ အရမ်းဝမ်းသာရသလို ကျေးဇူးလည်းတင်တယ်။ သမီးနဲ့ ဇာတ်ကားတကား ရိုက်ဖို့ရှိတယ်။ ဒီကားမှာသားမိနှစ် ယောက်ပုံစံနဲ့ပဲ ဇာတ်လမ်းလေးက ဆန်းလို့ ရိုက်တာပါ။ သမီးက ဇာတ်ကားထဲမှာ စကားတွေ အများကြီးပြောပြီး အရမ်းအိုက်တင် လုပ်ရမှာမပါတာကြောင့် ရိုက်ဖြစ်တယ်။ သူကတော့ အနုပညာ ဝါသနာပါတယ်။ ဇာတ်ကားလေး ပေးရိုက်ဖြစ်တာ အမှတ်တရလေး ဖြစ်အောင်လို့ပါ။ အနုပညာအလုပ်က ပင်ပန်းတယ်။ သမီးကို မပင်ပန်းစေချင်ဘူး”

“ ပညာရေးကို ဦးစားပေးသွားမယ်။ သူအနုပညာဝါသနာပါတယ်ဆို ပညာရေး ပြီးမှလုပ်ခိုင်းမယ်။ မျက်နှာမြင်ချစ်ခင်ပါစေ ဆုပြည့်ထားတယ်။ ချစ်စရာ ကောင်းတော့ သူ့ကို အရမ်းသဘောကျကြတယ်။ အစ်မ မအားလို့ ပုံတွေ မတင်ဖြစ်ရင် တောင် အစ်မ သမီးလေးပုံတင်ပါဦး ဆိုပြီး လာလာပြောကြတယ်။ အဲ့လိုဆိုတော့ ဝမ်းသာရတာပေါ့လေနော်” လို့ မျိုးစန္ဒီကျော်က ဆိုပါတယ်။

ဇာတ်ကားတွေမရိုက်တာ လေးနှစ်ကျော်၊ ငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်ကို စီးရီးတွဲနဲ့ ပြန်လည် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ တခေတ်တခါက အောင်မြင်ခဲ့တဲ့သူမဟာ အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့သူတဦးဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading