• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Single Mother ပြည့်တန်ဆာတယောက်အနေနဲ့ မြင်တွေ့ရမယ့် နန်းဆုဦး

by ယုဖြူဟန်
23 December 2019
in Entertainment
A A
သရုပ်ဆောင် နန်းဆုဦး / ဝေဝေနှင်း / ဧရာဝတီ

သရုပ်ဆောင် နန်းဆုဦး / ဝေဝေနှင်း / ဧရာဝတီ

4.5k
VIEWS
Share on FacebookShare on Twitter

ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာ အောင်ချမ်းလူ ရိုက်ကူးထားပြီး မကြာခင်မှာ ရုံတင်ပြသတော့မယ့်
“၃(က)” 3A ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သရုပ်ဆောင် နန်းဆုဦးက Single Mother ပြည့်တန်ဆာတယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“ဒီကာရိုက်တာကတော့ နန်းဆုအတွက် ပထမဦးဆုံးပဲပေါ့။ ဒီကာရိုက်တာလေးက ပရိသတ်တွေကြည့်ပြီးရင် ဘာကိုပြောချင်တာလဲ ဘာကိုပြချင်တာလဲ ဘယ်လိုအကြောင်းအရာလေးတွေကို ပညာပေးချင်တာလဲ သိမှာပါ”

RelatedPosts

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.3k
အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

8 June 2025
1.8k
မော်လမြိုင်မြို့

မော်လမြိုင်မြို့

8 June 2025
658

“နောက်တခုကကျတော့ ဒီကားကြည့်ပြီး နန်းဆုတို့ တချို့အကြောင်းအရာလေးတွေကို အပြင်မှာ သတိမပြုမိတဲ့ အရာလေးတွေရှိတယ်။ ကိုယ်က ဒီရုပ်ရှင်ဆိုတာဟာ ဖျော်ဖြေရေးတခုလည်းဖြစ်တယ်။ ဖျော်ဖြေရေး ရသပေးချင်တာ ပါသလို ပုံမှန် ချစ်ကြိုက်ကွဲညားဇာတ် မဟုတ်ဘဲနဲ့ ဒီကားကြည့်ပြီးရင် ဘာလေးတွေ ပညာရမလဲ ဘာတွေကို သတိပြုမိသွားမလဲ ဒါမျိုးရည်ရွယ်ချက်တွေလည်းပါပါတယ်” လို့ နန်းဆုဦးက ပြောပါတယ်။

ဒီဇာတ်ကောင်အတွက် ပုံဖော်တဲ့အခါမှာလည်း နန်းဆုဦးအတွက် အကြီးမားဆုံး အခက်အခဲကတော့ စိတ်ဖြစ်ပြီး ဇာတ်ကောင်စရိုက် ဝင်ဖို့အတွက် စိတ်တခုကိုထည့်ပြီး နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။

“ဒီဇာတ်ကောင်ကို ပုံဖော်တဲ့အချိန်မှာ အကြီးမားဆုံး အခက်အခဲက ဘာလဲဆိုရင် အဓိကက စိတ်ပေါ့နော်။ ဒီကာရိုက်တာရဲ့စိတ်ဖြစ်ဖို့အတွက် အဲ့စိတ်နဲ့ နေထိုင်ရတယ်။ အဲ့စိတ်လေးဖြစ်ဖို့အတွက် ဒါရိုက်တာနဲ့ သေချာတိုင်ပင်ရတယ်။ ဒါရိုက်တာကကျတော့ သူကိုယ်တိုင်ရေးထားတဲ့ ဇာတ်ဖြစ်တော့ သူ့ကိုပဲ သေချာမေးတယ်”

“နောက်ပြီးတော့ ဒီကောင်မလေးရဲ့ဘဝက အခက်အခဲတွေများစွာနဲ့ဘဝကို လျှောက်လှမ်းနေတယ်။ တခါတလေဆိုရင် ကူကယ်ရာမဲ့ အခြေအနေတွေ ဖြစ်တယ်။ Single Mother ဖြစ်တယ်။ သူ့ရဲ့ကလေးလေးကို သူတယောက်တည်း ရပ်တည်ပြီး ဘဝကို ရှေ့ဆက်လဲပေါ့။ ကာရိုက်တာက ပျော်မနေဘူး။ သိမ်ငယ်နေတယ်။ အဓိကက မျက်လုံးပေါ့။ မျက်လုံးကာလာ ကွဲနေဖို့ အကြည့်တွေကအစ ခံစားချက်တွေအရ အရောင်လျော့နေဖို့တွေကို သေချာပြောပြီး ကြိုးစားခဲ့ရပါတယ်” လို့ နန်းဆုဦးက ပြောပါတယ်။

“၃ (က)” 3 A ဇာတ်ကားရိုက်ကူးရန် လာရောက်ကမ်းလှမ်းတဲ့အချိန်ကလည်း ဘယ်လိုဇာတ်လမ်းလဲဆိုတာမသိခဲ့ဘဲ ပရိသတ်အနေနဲ့လည်း ဒီဇာတ်ကားကိုကြည့်ပြီး အဓိပ္ပာယ် ဖွင့်ဆိုကြပါလို့ ပြောပါတယ်။

“ဒီဇာတ်ကားက နန်းဆုဆီ ရောက်လာတော့လည်း ၃ (က) 3 A ဆိုတော့ ကိုယ်တိုင်လည်း ဘာမှန်းမသိဘူး။ ဒါပေမယ့် ရုပ်ရှင်ပဲဖြစ်ဖြစ်၊ စာအုပ်ပဲဖြစ်ဖြစ် ခေါင်းစဉ်ကိုကြည့်ရုံနဲ့က Guess လုပ်လို့ပဲ ရမယ်။ ဘာဆိုတာ မသိနိုင်ဘူးပေါ့။ သူ့ရဲ့ အနက် အဓိပ္ပာယ်ကတော့ စာအုပ်ကို သေချာဖတ်ကြည့်မှ သိနိုင်မယ်”

“နောက်တခုကကျတော့ ကိုယ်တိုင်ဘယ်လိုယူလဲ ဘယ်လို Relate လုပ်လဲ ဆိုတာကိုလည်း အဓိပ္ပာယ်ဖွင့်လို့ရတာကို နန်းဆုအနေနဲ့ကတော့ ရုံမတင်ရသေးတဲ့အတွက် ပရိသတ်ကိုယ်တိုင် အဓိပ္ပာယ် ဖွင့်ပါ” လို့ နန်းဆုဦးက ပြောပါတယ်။

ဇာတ်ကားထဲက ဇာတ်ကောင်နဲ့ ပတ်သက်ပြီးတော့လည်း ပုံမှန်ဆို သတိမပြုမိဘဲ ဒီဇာတ်ကားရိုက်မှသာ သတိပြုမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီလိုကိစ္စမျိုးတွေဆိုတာ ပုံမှန်ဆို ရှာပြီးတော့လည်းဖတ်မိမှာ မဟုတ်ဘူး။ သတိလည်းပြုမိမှာ မဟုတ်ဘူးလေ။ နန်းဆု ဆိုရင်လည်း ဒီကားမရိုက်ခင်က သတိမပြုမိတဲ့ အရာတခုပေါ့။ ကိုယ်တိုင်တောင် သတိမပြုမိဘူးဆိုတော့ လူကြီးပဲဖြစ်ဖြစ်၊ လူငယ်ပဲဖြစ်ဖြစ် ကိုယ်နဲ့အထိအတွေ့ဖြစ်တဲ့ အရာတွေလောက်ပဲ သတိပြုမိတယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီကားလေးကို ကြည့်ပြီးတော့ အရင်တုန်းက သတိမပြုမိခဲ့တဲ့ အရာလေးတွေကို စိတ်ထဲမှာ သတိပြုမိသွားတယ်ဆိုရင် သူတို့အတွက် အကူအညီတခုခု ဖြစ်သွားရင်ပဲ ဝမ်းသာပါတယ်” လို့ နန်းဆုဦးက ပြောပါတယ်။

ဒီကားကိုတော့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး သရုပ်ဆောင် ချမ်းမင်းရဲထွဋ်၊ နန်းဆုဦး၊ စိုးမြတ်သူဇာ၊ ထူးခြား၊ ဇင်မျိုး၊ ဒေါင်းဝေ၊ ကလေးသရုပ်ဆောင် ဟိဏ်းသီရိစံနဲ့ တခြား သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

You may also like these stories:

Single Mother အဖြစ်ရပ်တည်နေတဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်

သမီးစံထားရတဲ့ မိခင်တယောက်ပဲ ဖြစ်ချင်နေတဲ့ အေသင်ချိုဆွေ

“ဥပါဒါန်”ရုပ်ရှင် ၃ ပတ်ဆက်တိုက် ရုံတင်ခွင့်ရလို့ ဝမ်းသာနေတဲ့ နန်းဆုဦး

Your Thoughts …
Tags: ၃(က) ရုပ်ရှင်Single Motherနန်းဆုဦး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

လူမမယ် သားငယ်လေးကို ချီပိုးထားသော Single Mother ဘဝကို ခံယူထားသည့် ထိုက်ထိုက် / ချမ်းစွန်း / ဧရာဝတီ

ကျီးယောင်ဆောင်ထားသော “ဒေါင်း” သို့မဟုတ် မိခင် မေတ္တာရှင် တဦး

by သဲကို
6 December 2017
95.4k

ထိုကလေးကို ဖျက်ချမည့်အတွေး တကြိမ်တခါမျှ မတွေးမိဘဲ သတ္တိရှိရှိ မွေးဖွားရန်သာ ထိုက်ထိုက် ကြိုးစား နေခဲ့သည်။

Single Mother တဦး၏ ဘဝ အခြေအနေမှာ စိန်ခေါ်မှု အပြည့်နှင့် ဖြစ်သည်။ / ချမ်းစွန်း / ဧရာဝတီ

Single Mother နဲ့ မွေးစာရင်းပြဿနာ

by သဲကို
15 November 2017
31k

ဖခင်မဲ့နေသော ကလေးငယ်၊ အဆိုပါ ကလေးကို မွေးဖွားမည့် Single Mother တဦး၏ ဘဝ အခြေအနေမှာ စိန်ခေါ်မှု အပြည့်နှင့် ဖြစ်သည်။

“Single Mother တွေအတွက် ခိုနားရာ”

“Single Mother တွေအတွက် ခိုနားရာ”

by မေစစ်ပိုင်
17 May 2017
10.7k

လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးမည်။ စိတ်ဓာတ်ခွန်အား ဖြစ်စေရန် အားပေးမှုများ၊ ထက်မြက်သည့် Single Mother များနှင့် တွေ့ဆုံပေးမည်။ စိတ်အေးချမ်းသာစွာ နေထိုင်းရင်း ကလေးမီးဖွားပြီးသည် အထိ ကူညီမှု ပေးမည် ဖြစ်သည်။

မြင့်မိုရ်မေတ္တာ (ခိုနားရာ) တည်ထောင်သူ ဒေါက်တာ မြတ်စန္ဒာသန့်  / ငြိမ်းဇော် / ဧရာဝတီ

“Single mother တွေ အများကြီး ထွက်လာမှာ မကောင်းဘူး”

by ကျော်ခ
20 December 2017
19.5k

single mother ဆိုတဲ့ လူတန်းစားကို မြန်မာ့လူ့ပတ်ဝန်းကျင်မှာ အမြင်မစောင်းဘဲနဲ့ ကြည့်နေခြင်းအားဖြင့် ကျမတို့ ကာကွယ်သင့်တယ်လို့ ထင်ပါတယ်။

သရုပ်ဆောင်နန်းဆုဦး / ချစ်ပိုး / ဧရာဝတီ

အလုပ်ကို ပိုပြီးတော့ အားစိုက်နေတဲ့အတွက် အချစ်ရေးမစဉ်းစားသေးဘူး

by ချစ်ပိုး
11 December 2018
13.5k

“အမြဲတမ်းတော့ ဇာတ်ကားတွေကို ကိုယ်လုပ်နိုင်မယ့် ကာရိုက်တာတွေကို ရွေးချယ်ပြီးရိုက်ကူးပါတယ်။ ကာရိုက်တာတွေ မစုံသေးတော့ အစုံလုပ်ချင်ပါတယ်။

သရုပ်ဆောင်မျိုးစန္ဒီကျော် / ချစ်ပိုး / ဧရာဝတီ

Single Mother အဖြစ်ရပ်တည်နေတဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်

by ချစ်ပိုး
11 February 2019
8.9k

“ပညာရေးကို ဦးစားပေးသွားမယ်။ သူအနုပညာဝါသနာပါတယ်ဆို ပညာရေး ပြီးမှလုပ်ခိုင်းမယ်။ မျက်နှာမြင်ချစ်ခင်ပါစေ ဆုပြည့်ထားတယ်။ ချစ်စရာ ကောင်းတော့ သူ့ကို အရမ်းသဘောကျကြတယ်။

Next Post
အဆိုတော် စည်သူလွင်

မကြာခင် Mini Album သီချင်းခွေ ထွက်ဖို့ရှိတဲ့ အဆိုတော် စည်သူလွင်

အဆိုတော် ချမ်းမြေ့မောင်ချို  / Chan Myae Mg Cho's Facebook

၂၀၂၀ မှာ ကိုယ်ပိုင်သီချင်းတွေနဲ့ ဖျော်ဖြေမယ့် အဆိုတော် ချမ်းမြေ့မောင်ချို

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.3k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.5k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate