• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

Single Mother နဲ့ မွေးစာရင်းပြဿနာ

by သဲကို
15 November 2017
in Women & Gender
A A
Single Mother တဦး၏ ဘဝ အခြေအနေမှာ စိန်ခေါ်မှု အပြည့်နှင့် ဖြစ်သည်။ / ချမ်းစွန်း / ဧရာဝတီ

Single Mother တဦး၏ ဘဝ အခြေအနေမှာ စိန်ခေါ်မှု အပြည့်နှင့် ဖြစ်သည်။ / ချမ်းစွန်း / ဧရာဝတီ

31k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ လူမှုအသိုက်အဝန်းသည် ကိုးလလွယ် ဆယ်လဖွား မိခင်၏ အခန်းကဏ္ဍထက် ဖခင်၏ အခန်းကဏ္ဍ က ပိုမိုအရာ ရောက်သည်ဟု ပြောဆိုရမည့် အခြေအနေမျိုး ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် လူသားတယောက်တွင် မွေးဖွားလာသည်မှစ၍ ပထမဦးဆုံး လူစာရင်းသွင်းသည် ဟု အလွယ်ပြောရမည့် မွေးစာရင်းကို စတင်ပြုလုပ်ရခြင်းက ထိုကလေးအတွက် ဖခင်အမည်နှင့် ဖခင်၏ မှတ်ပုံတင်အမှတ်တို့မှာ အရေးတကြီး လိုအပ်လာသည်။

မွေးစာရင်းပြုလုပ်ခြင်းမှာ မိစုံဖစုံ မွေးဖွားလာသည့် ကလေးငယ်တယောက်အတွက် လွယ်ကူနိုင်မည် ဆိုနိုင်သော်လည်း ဖခင်မဲ့နေသည့် ကလေးငယ်တဦး၏ ဘဝအတွက် များစွာ ခက်ခဲစေသည်။ ထိုကဲ့သို့ အခြေအနေမျိုး ရောက်ရှိလာသည့်အခါ မိမိအသက်ကို စတေး၍ သေမင်းနှင့် စစ်ခင်းမွေးဖွားပေးခဲ့သော Single Mother တို့အတွက် တပူပေါ် နှစ်ပူဆင့်ရသည့် အနေအထားဖြစ်သည်။

မြင့်မိုရ်မေတ္တာခိုနားရာ Single Mothers’ home (ဓာတ်ပုံ- ချမ်းစွန်း/ ဧရာဝတီ)

Single Mother ဆိုသည်မှာ ချစ်သူရည်းစားနှင့် လက်မထပ်မီ အတူနေရင်း ကိုယ်ဝန်ရချိန်မှ တာဝန်မယူ ရှောင်ပြေးသည့်နောက် ကလေးကို မွေးဖွားကာ တဦးတည်း စောင့်ရှောက်နေသူများ၊ အခြေအနေ တရပ်ရပ်ကြောင့် အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိလာသည့်နောက် ကလေးမီးဖွားရကာ တဦးတည်း ထိန်းသိမ်းစောင့်ရှောက်နေသည့် အမျိုးသမီးများ၊ လက်ထပ်ပြီးမှ အကြောင်းအမျိုးမျိုးဖြင့် ကွာရှင်းပြတ်စဲခြင်း ကြောင့် ကလေးကို တဦးတည်း ထိန်းကျောင်း စောင့်ရှောက်နေသူများ၊ ယောင်္ကျားဖြစ်သူ ကွယ်လွန်သွားသည့် အခါ တဦးတည်း စောင့်ရှောက်နေသည့် မိခင်များကို ရည်ညွှန်းခြင်းဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးကြုံတွေ့နေရသည့် အသက် ၁၅ နှစ်အရွယ် မိခင်လောင်းတဦးက “ကျမ မွေးလာမယ့် ကလေးက ကျမ ကလေးပါပဲ။ အဖေနာမည် မရှိရင် မွေးစာရင်း ထုတ်မပေးဘူးလို့ ဆေးရုံက ပြောတယ်။ အခု ဗိုက်အပ်ထားတာတော့ အဖေနာမည် ပြောထားတယ်။ ဒါပေမယ့် မွေးစာရင်းမှာက အဖေ မှတ်ပုံတင် ပါရမယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ မသိဘူး” ဟု ဆိုသည်။

ကျေးရွာတခုတွင် နေထိုင်ပြီး အခြေခံပညာ အထက်တန်းအထိ ပညာသင်ကြားဖူးသည့် သူသည် အိမ်ထောင်ရှိ အမျိုးသားတဦး၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကို ခံခဲ့ရသည်။ သူ့တွင် ကိုယ်ဝန်ရှိနေ ကြောင်း ကိုယ်ဝန်ခြောက်လခန့်မှ သိရှိခဲ့ရပြီးနောက် လက်ရှိတွင်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ငယ်မုဒိမ်းမှုကို ရင်ဆိုင်နေဆဲဖြစ်သည်။

မြင့်မိုရ်မေတ္တာခိုနားရာ Single Mothers’ home (ဓာတ်ပုံ- ချမ်းစွန်း/ ဧရာဝတီ)

လက်ရှိတွင် သူသည် သန်လျင်မြို့တွင် ဖွင့်လှစ်ထားသည့် အနာဂတ်ကြယ်ပွင့်လေးများ ကလေးဂေဟာနှင့် မြင့်မိုရ်မေတ္တာခိုနားရာ Single Mothers’ home တွင် လာရောက်နေထိုင်ကာ ကလေးမီးဖွားနိုင်ရန် ပြင်ဆင် လျက်ရှိသည်။

အဆိုပါ နေရာသည် သန်လျင်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် တကိုယ်တည်းမိခင် (Single Mother) ဖြစ်လာကြသည့် ကိုယ်ဝန်ဆောင်သည်များကို လက်ခံစောင့်ရှောက်ပေးနေသည့် နေရာ ဖြစ်သည်။ ထိုဂေဟာမှ လင်ယောင်္ကျားမရှိသော၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရရင် ကိုယ်ဝန်ရရှိလာသူ စသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၅၃ ဦးကို ပြီးခဲ့သည့် နှစ်နှစ် အတွင်းက ကူညီပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထိုဂေဟာမှ တာဝန်ခံ ဒေါက်တာ ဒေါ်မြတ်စန္ဒာသက်က “အစ်မဆီမှာ မွေးစာရင်း မထုတ်နိုင်သူချည်းပါပဲ။ ဒီမှာက ယောကျ်ားမရှိလို့ လာမွေးပါတယ်ဆိုမှ မွေးစာရင်းက ယောကျာ်း မှတ်ပုံတင်ပါမှ ရမယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ အဲဒီတော့ ဒီရောက်လာတဲ့ ကလေးမတွေကို မှာထားတယ်။ ရွာဖက်မှာ ခရီးသွားရင်းနဲ့မွေးခဲ့တယ်လို့ပြောပြီး မင်းတို့ဇာတိက အရံသားဖွားဆရာမဆီမှာ သွားလုပ်ပါလို့ပြော ထားတယ်။ အခုချိန်ထိ အားလုံးလိုလို အဲဒီလို လုပ်ခဲ့တာများပါတယ်။ ဖြေရှင်းဖို့ကလည်း အဲဒီ တနည်းပဲ ရှိတယ်” ဟု ရှင်းပြသည်။

မြင့်မိုရ်မေတ္တာခိုနားရာ Single Mothers’ home (ဓာတ်ပုံ- ချမ်းစွန်း/ ဧရာဝတီ)

မွေးစာရင်းထုတ်ရန် အခက်အခဲရှိသူများက အရံသားဖွားဆရာမထံသို့ သွားရောက် အကူအညီ တောင်းနိုင်ကြောင်း၊ အရံသားဖွားဆရာမမှ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနသို့ ၎င်းက မွေးဖွား လာသည်ဟု တင်ပြနိုင်ပါက သက်ဆိုင်ရာဌာနမှ မွေးစာရင်း ထုတ်ပေးကြောင်း၊ ထိုနည်းဖြင့် လက်တလော ပြဿနာကို ဖြေရှင်းနေကြကြောင်း ဒေါက်တာ မြတ်စန္ဒာသက်က ပြောသည်။

ထိုအရံသားဖွားဆရာမကတင်ပြလာသည့် အချက်အလက်များကို မြို့နယ်ကျန်းမာရေးဌာနက အချက် အလက် မှန်၊ မမှန် စစ်ဆေးမှု မပြုလုပ်နိုင်ဘဲ တင်ပြလာသည့်အတိုင်း မွေးစာရင်း ပြုလုပ်ပေးနေသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

တချို့မှာလည်း အဖိုးအဖွားဖြစ်သူမှ မြေးဖြစ်သူ၏ မွေးစာရင်းတွင် မိခင်၊ ဖခင် အမည် ခံယူလိုက်ပြီး မွေးစာရင်း ပြသနာကို ဖြေရှင်းသလို အချို့ကမူ မွေးဖွားလာသည့် ကလေးကို မိဘမဲ့ဂေဟာများသို့ လည်းကောင်း၊ မွေးစားမိဘများသို့လည်းကောင်း ပေးလိုက်ကြသည်။

မြန်မာနိုင်ငံတွင် မွေးစာရင်းသည် လူတဦးအတွက် အရေးကြီးသော အထောက်အထား တခု ဖြစ်ပြီး မွေးစာရင်းရှိမှသာ အစိုးရက ပေးမည့် ကျန်းမာရေးစောင့်ရှောက်မှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ပညာသင်ကြားမှု အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာနကမူ အကြောင်းအမျိုးမျိုးကြောင့် ဖခင်မရှိသူများအတွက် မွေးစာရင်းထုတ်ပေးမှု ရှိသည်ဟု ဆိုသည်။ ယင်းကဲ့သို့ လျှောက်ထားရာတွင် မိခင်ဖြစ်သူက ကိုယ်တိုင် လျှောက်ထားရပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်ရယူကာ မွေးစာရင်းတွင် မိဘအုပ်ထိန်းသူနေရာတွင် မိခင် နာမည်ဖြင့်သာ ထုတ်ပေးလေ့ရှိကြောင်း သိရသည်။

အဆိုပါ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က “သိတဲ့သူတွေကတော့ သိသူဖော်စား မသိသူကျော်သွားပါပဲ။ တချို့လည်း အဖေနဲ့ ကွဲသွားတာတို့ သေဆုံးသွားတာတို့ ဖြစ်တော့ စပြီးမွေးတဲ့အချိန်ကတည်းက အဖေမရှိတဲ့ အခြေအနေမျိုးမှာ မိခင်ကိုယ်တိုင်က မွေးစာရင်းလျှောက်ထားတယ်။ အဲဒီလို အခြေအနေမျိုးအတွက် ဖွဲ့စည်းထားတဲ့ ၅ ဦးကော်မတီက ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်ယူပြီး လျှောက်ထားတဲ့ မိခင်နာမည်နဲ့ ထုတ်ပေးတာတွေရှိပါတယ်”ဟု  ရှင်းပြသည်။

အခြေအနေ အမျိုးမျိုးကြောင့် ဖခင် မရှိဘဲ မွေးဖွားလာရသည့် ကလေးများကို မွေးစာရင်း ပြုလုပ်ရာတွင်  လဝက၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် ငါးဦးကော်မတီက စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။ အဆိုပါ ကော်မတီသည် မိဘအုပ်ထိန်းသူ အဖြစ် တာဝန်ခံပြီး လျှောက်ထားမည့်သူကို တွေ့ဆုံစိစစ်ကာ မွေးစာရင်း ရရှိရေး ဆောင်ရွက်ပေးကြောင်း အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ဆက်လက်ပြောကြားသည်။

ဖခင်မဲ့နေသော ကလေးငယ်၊ အဆိုပါ ကလေးကို မွေးဖွားမည့် Single Mother တဦး၏ ဘဝ အခြေအနေမှာ စိန်ခေါ်မှု အပြည့်နှင့် ဖြစ်သည်။

“ကျမ ချစ်သူက ဒီကိုယ်ဝန်ကို တာဝန်မယူဘူးဆိုတော့ ကျမဘာသာ ကလေးမွေးခဲ့ပါတယ်။ အခု ကလေး တနှစ်ရှိပြီဖြစ်ပေမယ့် မွေးစာရင်း မရှိသေးပါဘူး။ မွေးစာရင်းလုပ်ဖို့က ပိုက်ဆံလိုပါတယ်။ ကျမ ယောကျ်ား မရှိဘဲ ကလေးမွေးထားတော့ နှိမ်ကြတယ်။ အဲဒါကြောင့် ခုထိ ကလေးအတွက် ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ သူများကို ပေးပြီးမွေးစားမှ ဒီကလေး ရှေ့ရေးအဆင်ပြေတော့မယ်”ဟု ကျေးရွာတခုတွင် ကလေးတဖက်ဖြင့် ကျပန်းအလုပ်လုပ်နေသည့် အမည်မဖော်လိုသူ Single Mother တဦးက ပြောသည်။

အစိုးရအနေဖြင့် Single mother မှ မွေးဖွားလာမည့် ဖခင်မဲ့ ကလေးငယ်များအတွက် မွေးစာရင်း ထုတ်ယူမှုကို အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးနေသည်ဟု ဆိုသော်လည်း မြေပြင်အခြေအနေတွင် အခက်အခဲများစွာရှိနေသည်။ ထိုသို့ စီစဉ်ပေးနေသည့်ကိစ္စကိုလည်း မသိရှိကြသူ အများအပြားရှိနေရာ အစိုးရပိုင်းက ဗဟုသုတများ ပေးသင့်သည်ဟု ပရဟိတလုပ်ဆောင်သူများဘက်က အကြံပြုမှုများ ရှိသည်။။

မိဘမဲ့ဂေဟာများတွင်မူ သက်ဆိုင်ရာ လဝကဖြင့် ဆက်သွယ်၍ မိဘမဲ့ကလေးများကို တာဝန်ခံအုပ်ထိန်းသူ နာမည်ဖြင့် မွေးစာရင်း ပြုလုပ်ပေးထားကာ ပညာသင်ကြားပေးခြင်းနှင့် နိုင်ငံသား စိစစ်ရေး ကဒ်ပြား ထုတ်ယူပေးခြင်းကို ဆောင်ရွက်ပေးခြင်း ပြုလုပ်ပေးနေကြောင်း အစိုးရ ထုတ်ပြန်ချက်များအရ သိရသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
546
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
191
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
597

မြန်မာနိုင်ငံတွင် ဖခင် မရှိဘဲ မိခင်တဦးတည်းက မွေးဖွားသည့် ကလေးတဦးအတွက် ပတ်ဝန်းကျင် ရိုက်ခတ်မှု များစွာရှိသည်။ မိခင်ကိုသာ မက ကလေးကိုပါ နှိမ့်ချခြင်း၊ ရှောင်ဖယ်ခြင်း၊ အထင်အမြင်သေးခြင်းများက ထိုကလေးငယ်နှင့် အနာဂတ်တွင် ဆက်လက်ရပ်တည်ရမည့် မိခင်ဖြစ်သူအတွက် စိန်ခေါ်မှုများစွာ ဖြစ်နေသည်။

“ကျမက ကလေးကို လိုချင်ပေမယ့် ကျမ မိဘ အသိုင်းအဝိုင်းက သူတို့ရဲ့ နာမည်ဂုဏ်သိက္ခာကျတယ်ဆိုပြီး ကျမကို ဝိုင်းဝန်း အပြစ်တင်နေကြတဲ့ အခြေအနေဆိုးတွေ ရှိခဲ့တယ်။ ပြီးတော့လင်ကောင်မပေါ်ဘဲ မွေးတဲ့ ကလေးဆိုပြီး ဘာမှ အပြစ်မရှိတဲ့ ကလေးကို တိုက်ခိုက်ကြတယ်။ အဲဒီတော့ ကျမ ရှင်သန်ဖို့ထက် သေသွားဖို့ပဲ ဆုတောင်းနေတဲ့ အချိန်တွေ အများကြီးရှိခဲ့တယ်”ဟု Single mother အဖြစ် ရပ်တည်နေသည့် အသက် ၃၀ အရွယ် မမြမြ (အမည်လွဲှ) က ဆိုသည်။

Single mother မှ မွေးဖွားလာမည့် ကလေးငယ်များနှင့် မိဘမဲ့ကလေးငယ်များ၏ အနာဂတ် ၊ ၎င်းတို့ ပိုမိုအဆင်ပြေချောမွေ့စွာ ရှင်သန်နိုင်မည့် လူ့အသိုက်အဝန်း တခုဖြစ်အောင် တည်ဆောက်ရန် လိုအပ်ချက်များစွာ ရှိနေဆဲပင် ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်  “Single Mother တွေအတွက် ခိုနားရာ”

Your Thoughts …
Tags: Single Motherမွေးစာရင်း
သဲကို

သဲကို

Contributor

Similar Picks:

လူမမယ် သားငယ်လေးကို ချီပိုးထားသော Single Mother ဘဝကို ခံယူထားသည့် ထိုက်ထိုက် / ချမ်းစွန်း / ဧရာဝတီ

ကျီးယောင်ဆောင်ထားသော “ဒေါင်း” သို့မဟုတ် မိခင် မေတ္တာရှင် တဦး

by သဲကို
6 December 2017
95.4k

ထိုကလေးကို ဖျက်ချမည့်အတွေး တကြိမ်တခါမျှ မတွေးမိဘဲ သတ္တိရှိရှိ မွေးဖွားရန်သာ ထိုက်ထိုက် ကြိုးစား နေခဲ့သည်။

သရုပ်ဆောင် နန်းဆုဦး / ဝေဝေနှင်း / ဧရာဝတီ

Single Mother ပြည့်တန်ဆာတယောက်အနေနဲ့ မြင်တွေ့ရမယ့် နန်းဆုဦး

by ယုဖြူဟန်
23 December 2019
4.6k

ဒီဇာတ်ကောင်ကို ပုံဖော်တဲ့အချိန်မှာ အကြီးမားဆုံး အခက်အခဲက ဘာလဲဆိုရင် အဓိကက စိတ်ပေါ့နော်။ ဒီကာရိုက်တာရဲ့စိတ်ဖြစ်ဖို့အတွက် အဲ့စိတ်နဲ့ နေထိုင်ရတယ်။

“Single Mother တွေအတွက် ခိုနားရာ”

“Single Mother တွေအတွက် ခိုနားရာ”

by မေစစ်ပိုင်
17 May 2017
10.7k

လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးမည်။ စိတ်ဓာတ်ခွန်အား ဖြစ်စေရန် အားပေးမှုများ၊ ထက်မြက်သည့် Single Mother များနှင့် တွေ့ဆုံပေးမည်။ စိတ်အေးချမ်းသာစွာ နေထိုင်းရင်း ကလေးမီးဖွားပြီးသည် အထိ ကူညီမှု ပေးမည် ဖြစ်သည်။

မြင့်မိုရ်မေတ္တာ (ခိုနားရာ) တည်ထောင်သူ ဒေါက်တာ မြတ်စန္ဒာသန့်  / ငြိမ်းဇော် / ဧရာဝတီ

“Single mother တွေ အများကြီး ထွက်လာမှာ မကောင်းဘူး”

by ကျော်ခ
20 December 2017
19.5k

single mother ဆိုတဲ့ လူတန်းစားကို မြန်မာ့လူ့ပတ်ဝန်းကျင်မှာ အမြင်မစောင်းဘဲနဲ့ ကြည့်နေခြင်းအားဖြင့် ကျမတို့ ကာကွယ်သင့်တယ်လို့ ထင်ပါတယ်။

သရုပ်ဆောင်မျိုးစန္ဒီကျော် / ချစ်ပိုး / ဧရာဝတီ

Single Mother အဖြစ်ရပ်တည်နေတဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်

by ချစ်ပိုး
11 February 2019
8.9k

“ပညာရေးကို ဦးစားပေးသွားမယ်။ သူအနုပညာဝါသနာပါတယ်ဆို ပညာရေး ပြီးမှလုပ်ခိုင်းမယ်။ မျက်နှာမြင်ချစ်ခင်ပါစေ ဆုပြည့်ထားတယ်။ ချစ်စရာ ကောင်းတော့ သူ့ကို အရမ်းသဘောကျကြတယ်။

Single Mother က ပြုစုပျိုးထောင်ခဲ့ပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်များ

Single Mother တွေက ပြုစုပျိုးထောင်ခဲ့ပြီး အောင်မြင်ကျော်ကြားသူများ

by ရေဗန်
31 August 2018
6.4k

Keanu Reeves ရဲ့ ဖခင်ဟာ Keanu Reeves နဲ့ သူ့မိခင်ကို Keanu Reeves အသက် ၃နှစ်အရွယ်တုန်းက စွန့်ပစ်ခဲ့ပါတယ်။

Next Post
မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌလည်း ဖြစ်၊ UNFC ၏ လက်ရှိ ဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ဟံသာ / Nyein Nyein / The Irrawaddy

အကြပ်ကိုင်ပြီး ယုံကြည်ခိုင်းလို့ မရဘူး

ဇင်ဘာဘွေ အာဏာသိမ်းမှု၌ စစ်သားများဖြန့်ချထားစဉ် / Reuters

အာဏာရှင် သမ္မတ မူဂါဘီအစိုးရထံမှ ဇင်ဘာဘွေ စစ်တပ် အာဏာသိမ်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved