• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

လူကြည့်နှုန်း အများဆုံးစံချိန်နဲ့ အဆုံးသတ်သွားပြီဖြစ်တဲ့ “Game of Thrones” စီးရီး

by မစ်ကီ
21 May 2019
in Entertainment
A A
'Game of Thrones' စီးရီး မှာ ပါဝင်ကြတဲ့သရုပ်ဆောင်များ

'Game of Thrones' စီးရီး မှာ ပါဝင်ကြတဲ့သရုပ်ဆောင်များ

4.9k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာ ကေလ်ဘယ် ရုပ်သံလိုင်း HBO ကနေ ထုတ်လွှင့်ခဲ့တဲ့ “Games of Thrones” ရုပ်သံစီးရီးရဲ့ နောက်ဆုံးအပိုင်းကို အမေရိကန်နိုင်ငံကနေ ကြည့်ရှုသူ ၁၉ သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

AT&T ရဲ့ Warner Media ဌာနခွဲတခုဖြစ်တဲ့ HBO ဟာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်ထုတ်လွှင့်မှုမှာ ရုပ်သံကနေ ကြည့်ရှုသူ ၁၉ ဒဿမ ၃ သန်းကျော်ရှိခဲ့ပြီး HBO GO နဲ့ HBO NOW တို့လိုမျိုး App ကနေ ကြည့်ရှုသူဟာ ၁၈ ဒဿမ ၄ သန်း ရှိတယ်လို့ ဆိုပါတယ်။ ပြီးတော့ နောက်ဆုံးအပိုင်းဟာ ဆိုရင် HBO ကနေ ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်တွေထဲမှာ လူကြည့် အများဆုံးအစီအစဉ်ဖြစ်ခဲ့ပြီးတော့ ၂၀၀၂ ခုနှစ်မှာပြသခဲ့တဲ့ မှုခင်းဒရာမာ “The Sopranos” စီးရီးကို ကျော်တက် သွားခဲ့ပါတယ်။

“Game of Thrones” စီးရီးကို ကမ္ဘာတဝန်းမှာရှိတဲ့ နိုင်ငံပေါင်း ၁၅၀ ကျော်မှာ ကြည့်ရှုနိုင်တာဖြစ်လို့ HBO ကတော့ အဲ့ဒီလိုမျိုး ကမ္ဘာတခွင် ကျယ်ပြန့်တဲ့ ဈေးကွက်တွေထိ လိုက်လံ တွက်ချက်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူးလို့ ဆိုထားပါတယ်။

နောက်ဆုံးအပိုင်း အပြီးမှာတော့ အဲ့ဒီစီးရီးဟာ အကောင်းအဆိုး ရောထွေးနေတဲ့ မှတ်ချက်တွေ၊ ဇာတ်ဝင်ခန်းထဲမှာ ပါဝင်တဲ့ ရေသန့်ဘူးတွေ စသဖြင့် ဝေဖန်စရာတွေ၊ ဒေါသထွက်စရာတွေ၊ သဘောကျစရာတွေ ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဗြိတိသျှမင်းသား Isaac Hempstead Wright ကတော့ စီးရီးတခုလုံးမှာ ပါဝင်ခဲ့တဲ့ လေးဘီးတပ် ကုလားထိုင်ပေါ်က ၁၀ နှစ်သားကလေးကနေ ဘုရင်အဖြစ် နောက်ဆုံးမှာ ရွေးချယ်ခံလိုက်ရတဲ့ အမျိုးသားဖြစ်ခဲ့ရတဲ့ Bran Stark အထိ ပြောင်းလဲမှုကို အံ့သြထိတ်လန့်မိတယ်လို့ ဆိုပါတယ်။

နောက်ဆုံးပိတ်အပိုင်းဟာ ပရိသတ်တွေ စိတ်တိုင်းကျခြင်း မရှိတဲ့ ဝရုန်းသုန်းကား အဆုံးသတ်လို့ ဝေဖန်တာမျိုးတွေ လည်းရှိနေတာပါ။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့အထိ နောက်ဆုံး Season 8 ကို ပြန်လည်ရိုက်ကူးပေးဖို့ Change.org မှာတောင်းဆိုထားကြတဲ့ ကမ္ဘာတဝန်းက ပရိသတ်တွေရဲ့ လက်မှတ်ဟာ ၁ ဒဿမ ၂ သန်းအထိ ရှိနေပြီလို့ သိရပါတယ်။

အခုအထိတော့ အဲ့ဒီစီးရီးရဲ့ ဖန်တီးရှင် David Benioff နဲ့ D.B. Weiss တို့က နှုတ်ဆိတ်နေကြတုန်းပါပဲ။ အဲ့ဒီ အမှုဆောင် ထုတ်လုပ်သူတွေဟာ နောက်ဆုံးအပိုင်း ထုတ်လွှင့်ချိန်မှာ လူမသိ သူမသိနေဖို့ စီစဉ်ထားပုံရပါတယ်။

ထုတ်လုပ်သူ Weiss က “ကျနော်တို့ဟာ လျှို့ဝှက် နေရာတခုမှာရှိနေပြီး ဖုန်းတွေကို ပိတ်ထားမယ်။ ပုလင်းတွေအားလုံးကို ဖွင့်ထားမှာပါ”လို့ Entertainment Weekly မီဒီယာကို အခုနှစ်အစောပိုင်းမှာ ပြောဆိုထားပါတယ်။ ပရိသတ်တော်တော်များများကတော့ Season 8 အပြီးမှာ သူတို့ကြိုက်နှစ်သက်ရဲ့ စီးရီးအဆုံးသတ်သွားတာကို ပိုပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။

Ref:Reuters

You may also like these  stories:

Emmys ဆု ၂၂ ခုအထိ လျာထားခံရတဲ့ “Game of Thrones” ဇာတ်လမ်းတွဲ

‘Game of Thrones’ စီးရီးကို ဆင်ဆာဖြတ်တောက်လို့ တရုတ်ပရိသတ်တွေဝေဖန်

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

Game of Thrones ဇာတ်လမ်းတွဲထဲကTyrion Lannister နဲ့တူလွန်းတဲ့ စားပွဲထိုး

“Game of Thrones” စီးရီးရဲ့ နောက်ဆုံး Season ကို ပြန်လည်ရိုက်ကူးပေးရန် ပရိသတ်များတောင်းဆို

Your Thoughts …
Tags: 'Game of Thrones' စီးရီး
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

'Game of Thrones' စီရီးရဲ့ ရှေ့ကြိုဇာတ်လမ်း ရိုက်ကူးရေးစတင်

‘Game of Thrones’ စီးရီးရဲ့ ရှေ့ကအကြိုဇာတ်လမ်းအကြောင်း ရိုက်ကူးရေး စတင်

by မစ်ကီ
19 June 2019
22.1k

HBO ကနေ ထုတ်လွှင့်ခဲ့တဲ့ 'Game of Thrones' နောက်ဆုံးအပိုင်းကို ကြည့်ရှုသူ ၁၉ ဒသမ ၃ သန်းရှိခဲ့ပါတယ်။

'Game of Thrones' စီးရီး

‘Game of Thrones’ စီးရီးကို ဆင်ဆာဖြတ်တောက်လို့ တရုတ်ပရိသတ်တွေဝေဖန်

by မစ်ကီ
18 April 2019
5.8k

တရုတ်ဆင်ဆာဗားရှင်းဟာ ကြာချိန် ၄၈ မိနစ်ရှိပြီး ကမ္ဘာတဝန်းမှာ ကြည့်ရှုနိုင်တဲ့ မူရင်းဗားရှင်းဟာ ၅၄ မိနစ် ရှိပါတယ်။

Next Post
BigBang အဖွဲ့ဝင် T.O.P

ဇူလိုင်လမှာ စစ်မှုထမ်းတာဝန် ပြီးဆုံးတော့မယ့် BigBang အဖွဲ့ဝင် T.O.P

၂၀၁၈ ခုနှစ်၊ မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ အဆိုတော် မာရဇ္ဇရဲ့ တကိုယ်တော် ဖျော်ဖြေပွဲ   /  ဇော်ဇော် / ဧရာဝတီ

"ကိုယ်ပိုင်သီချင်းတွေကို အသက်ရှင်သရွေ့ ဘယ်သူ့ကိုမှ ပေးမဆိုဘူး"လို့ မာရဇ္ဇ ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved