မကြာခင်ရုံတင်ပြသတော့မယ့် “Lady Boy” ရုပ်ရှင်ကားထဲမှာ ပရိသတ်တွေက အမြင်ဆန်းစွာမြင်ရမယ့် အိချောပိုရဲ့ ရေကူးဝတ်စုံဝတ်ထားတဲ့ ဇာတ်ဝင်ခန်းပုံများနဲ့ ပတ်သက်ပြီး အိချောပိုကတော့ ရေကူးဝတ်စုံကတော့ မဖြစ်မနေဝတ်ရမယ့် ကာရိုက်တာကြောင့် ဝတ်ဖြစ်ခဲ့တာလို့ ပြောပါတယ်။
“အမှန်တော့ ရေကူးဝတ်စုံက ဝတ်ခဲပါတယ်။ ဒီကာရိုက်တာမှာက ဝတ်ရမယ်ဆိုတော့ မဖြစ်မနေဝတ်ရမယ့် ကာရိုက်တာလည်းဖြစ်နေတယ်။ မဖြစ်မနေဝတ်ရမယ့်အခန်းလည်းဖြစ်တယ်။ အဲဒါကြောင့်လည်း ဝတ်ဖြစ်လိုက်တာပါ။ နိုင်ငံခြားမှာရောက်နေတဲ့ မော်ဒယ်ပုံစံဆိုတော့ နည်းနည်းတော့ဟော့ရတယ်” လို့ သရုပ်ဆောင် အိချောပိုက ပြောပါတယ်။
“Lady Boy” ရုပ်ရှင်ဇာတ်ကားကိုတော့ ထိုင်း ၊ မြန်မာ ၂နိုင်ငံမှ သရုပ်ဆောင်များနဲ့ ရိုက်ကူးထားပြီး ဒီကားထဲမှာတော့ အိချောပိုက ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာမော်ဒယ်မင်းသမီးတယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“Lady Boy ကားထဲမှာ စင်သီယာဆိုတဲ့ မိန်းကလေးပေါ့။ သူကထိုင်းနိုင်ငံကိုရောက်နေတဲ့ မြန်မာမိန်းကလေး။ ဒါပေမယ့် မော်ဒယ်မင်းသမီးပုံစံလေးပေါ့နော်။ အဲဒီလိုကာရိုက်တာက ပထမဆုံးပေါ့” လို့ အိချောပိုကပြောပါတယ်။
အဆိုပါ Lady Boy ထဲမှာပါဝင်တဲ့ဇာတ်ဝင်ခန်းထဲမှပုံများ လူမှုကွန်ရက်စာမျက်နှာပေါ်တင်လိုက်တဲ့အချိန်မှာတော့ အိချောပိုရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပရိသတ်များက သဘောကျနှစ်သက်ကာ အံ့သြခဲ့ကြရပါတယ်။
“ကျေးဇူးပါ။ စူကတော့ ကိုယ်ရိုက်တဲ့ကာရိုက်တာပေါ်မှာ ပီပြင်အောင် အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ ဟော့လာတယ်တော့ မဟုတ်ပါဘူး။ ကိုယ်ရိုက်ရတဲ့ကာရိုက်တာပေါ်မူတည်ပြီးတော့ ပြောင်းလဲ တာလည်းပါတယ်။ များသောအားဖြင့် စူကြိုက်တာကတော့ ဂျင်းဘောင်းဘီနဲ့တီရှပ်လေးဝတ်ရတာပဲ ကြိုက်တယ်” လို့ အိချောပိုကပြောပါတယ်။
ထိုင်းရောက်မော်ဒယ်တယောက်အနေနဲ့ သရုပ်ဆောင်ရတဲ့အတွက် ထိုင်းစကားပြောရတာတွေရှိပြီး မပြောတတ်သော်လည်း အကောင်းဆုံးကြိုးစားထားတယ်လို့ ပြောပါတယ်။
“ထိုင်းစကားတော့ မပြောတတ်ဘူး။ တချို့အခန်းတွေမှာပြောရတယ်။ သူတို့သင်ပေးပါတယ်။ အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးပြောထားတယ်။ ဟိုမှာအလုပ်လုပ်နေတဲ့ မော်ဒယ်တယောက်ဆိုတော့ ပြောရတဲ့အခန်းကတော်တော်များတယ်” လို့ အိချောပိုကပြောပါတယ်။
Lady Boy ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာကိုပေါက်က ရိုက်ကူးထားပြီး ပြေတီဦး ၊ ကျော်ကျော်ဗို ၊ ထူးအောင် ၊ အိချောပို ၊ Kaew Korravee ၊ ခင်လှိုင် ၊ Joker ၊ Bank ၊ P Nok ၊ ညောင်ညောင် ၊ K ညီ ၊ ဇီးသီး စတဲ့အနုပညာရှင် များက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီကားထဲက ဇာတ်ဝင်ခန်းတချို့ကိုတော့ ထိုင်းနိုင်ငံမှာ ရိုက်ကူးခဲ့ပြီး အိချောပိုရဲ့ ရေကူးနေတဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှများကိုလည်း ကြည့်ရှုရမှာဖြစ်ပါတယ်။
You may also like these stories:
“Lady Boy” ရုပ်ရှင်ကို ၆ လပိုင်း၊ ၆ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ ကိုဘိုစန်း ပြော
“Lady Boy လို့ နာမည်ပေးထားပေမယ့် အခြောက်ဇာတ်ကား မဟုတ်ပါဘူး”
“Lady Boy” ရုပ်ရှင်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရမှာ ရင်ခုန်နေတဲ့ ကျော်ကျော်ဗို
ဝေဖန်ခံခဲ့ရတဲ့ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံအကြောင်း ရှင်းပြတဲ့ ရွှေအိမ်စည်
ဟာသကားရိုက်ရရင် ပျော်တဲ့ သရုပ်ဆောင် အိချောပို