ရုံမတင်ခင်ကတည်းက မျှော်လင့်စောင့်ဆိုင်းနေကြတဲ့ “E.X.I.T” နဲ့ “The Divine Fury” ဇာတ်ကားနှစ်ကား လုံးဟာ ပထမဆုံးရုံတင်ရက်မှာတင် ပရိသတ်စိတ်ဝင်စားမှုကို ရရှိခဲ့ကြပါတယ်။ ဇူလိုင် ၃၁ မှာ တရက်တည်းရုံ တင်ခဲ့တဲ့ ဒီဇာတ်ကားနှစ်ကားလုံးဟာ မျှော်မှန်းထားသလို Box Office ရဲ့ ထိပ်ဆုံးမှာ ရပ်တည်သွားခဲ့တာပါ။
နာမည်ကျော် သရုပ်ဆောင်တွေပါဝင်ထားတဲ့ ဇာတ်ကားနှစ်ကားလုံးဟာ ပထမဆုံးရုံတင်ရက်မှာတင် လူအဝင် များခဲ့တယ်လို့ Korean Film Council က ဖော်ပြထားပါတယ်။
သဘာဝဘေးအန္တရာယ်အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ “E.X.I.T” မှာတော့ မင်းသား Jo Jung Suk နဲ့ မင်း သမီး Girls’ Generation အဖွဲ့က YoonA တို့ ခေါင်းဆောင်ပါဝင်ထားပြီး သာမန်ပြည်သူနှစ်ဦးက မြို့တွင်း အဆိပ်ဓာတ်ငွေ့ ပျံ့နှံ့ လာမှုကို တာဆီးကာကွယ်သွားတဲ့ပုံတွေကို ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကျဉ်းက တော့ rock climber တယောက်ဖြစ်တဲ့ မင်းသား Jo Jung Suk က စားသောက်ဆိုင်တခုမှာ ပွဲလုပ်ရင်း ငယ်ချစ် YoonA ကို ပြန်လည်ဆုံတွေ့နေချိန်မှာ မထင်မှတ်ပဲ Seoul မြို့တခုလုံးအဖြူရောင်အငွေ့တွေ လွှမ်းသွားခဲ့ချိန်မှာ ထိခိုက်ဒဏ်ရာရသူတွေကို နှစ်ယောက်ပေါင်း ကယ်တင်ခဲ့ကြတဲ့အကြောင်းပါ။
ထုတ်ပြန်တဲ့ စာရင်းတွေအရ “E.X.I.T” ဟာ ရုံတင်ချင်း ပထမဆုံးရက်မှာတင် ကြည့်ရှုသူပေါင်း ၅ သိန်း ၂ သောင်း ၉ ထောင်ကျော် ရှိခဲ့တာကြောင့် Box Office ရဲ့ ပထမနေရာကို ရရှိခဲ့ပါတယ်။
ဒုတိယနေရာမှာရှိတာကတော့ မင်းသား Park Seo Joon ခေါင်းဆောင်ပါဝင်ထားတဲ့ သဘာဝလွန်ထိတ်လန့် ဖွယ် အက်ရှင်ဇာတ်ကား “The Divine Fury” ပဲဖြစ်ပါတယ်။ ချန်ပီယံဖိုက်တာတဦးဖြစ်တဲ့ မင်းသားဟာ ပြန်သတိရလာချိန်မှာ လက်မှာထူးဆန်းတဲ့ဒဏ်ရာတခုရှိနေချိန်ကစလို့ မကောင်းဆိုးဝါးတွေနဲ့ လူကောင်းတွေကြားထဲ က အားပြိုင်မှုမှာ ပါဝင်လာခဲ့ပုံတွေကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ကတော့ စစချင်းရက်မှာ ကြည့်ရှုသူ ၄ သိန်း ၆ ထောင်ကျော်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
သူ့နောက်မှာတော့ ဇူလိုင် ၃၁ မှာပဲ ရုံတင်ခဲ့တဲ့ “The Secret Life of Pets 2” က ၂၀၁၉ ရဲ့ ပထမရုံတင်ရက်မှာ အရောင်းရဆုံးစံချိန်တင်ထားခဲ့တဲ့ “Toy Story 4” ကိုကျော်ဖြတ်ပြီး ကြည့်ရှုသူ ၁ သိန်း ၇ သောင်း ၅ ထောင်ကျော်နဲ့ Box Office မှာ တတိယနေရာမှာ ရပ်တည်နေပါတယ်။
Ref: Soompi
You may also like these stories:
သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် မင်းသား Park Seo Joon ရဲ့ ဇာတ်ကားသစ် “The Divine Fury”
လတ်တလော အောင်မြင်မှုတွေရနေတဲ့ Crazy Rich Asians ရုပ်ရှင်