ပြည့်တန်ဆာလုပ်ငန်းဆိုတာ ဘယ်တော့မှ ပျောက်ကွယ်သွားမယ့်အရာမျိုး မဟုတ်ပါဘူး။ ဒီလုပ်ငန်း ဟာ ခေတ်အဆက်ဆက် ပုံစံအမျိုးမျိုးနဲ့ ရှိခဲ့ပါတယ်။ ပြည့်တန်ဆာလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံအသီးသီးမှာ ဥပဒေအမျိုးမျိုးရှိကြပါတယ်။
တချို့နိုင်ငံတွေကတော့ ပြည့်တန်ဆာလုပ်ငန်းတွေကို တရားဝင်လုပ်ပိုင်ခွင့်ပေးထားပါတယ်။ အမေရိကန်လိုနိုင်ငံမျိုး မှာတောင် ပြည့်တန်ဆာလုပ်ငန်းကို တရားမဝင်တဲ့လုပ်ငန်းအဖြစ် သတ်မှတ် ထားပါတယ်။ ဒါပေမဲ့ နီဗားဒါးခရိုင်မှာတော့ ဥပဒေက တမျိုးပါ။ နီဗားဒါးခရိုင်အတွင်းမှာ ပြည့်တန် ဆာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုမယ့်သူတွေက တရားဝင်မှတ်ပုံတင်ရပါတယ်။ မကြာခဏ ဆိုသလိုလည်း ပြည့်တန်ဆာတွေဟာ ဆေးစစ်ပြီး လိုအပ်တဲ့ဆေးကုသမှုကို ခံယူရပါတယ်။
နိုင်ငံအများအပြားမှာ ပြည့်တန်ဆာလုပ်ငန်းကို တားမြစ်ထားပေမယ့် တရားဝင်လုပ်ငန်းအဖြစ် သတ်မှတ်ထားတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။
ဒိန်းမတ်နိုင်ငံဟာ ၁၉၉၉ ခုနှစ်ကတည်းက ပြည့်တန်ဆာလုပ်ငန်းကို ရာဇဝတ်မှုတခုအဖြစ် မယူဆ ကြတော့ပါဘူး။ ဖင်လန်နိုင်ငံမှာလည်း ပြည့်တန်ဆာလုပ်ငန်းဟာ တရားဝင်လုပ်ငန်းတခုဖြစ်ပါ တယ်။ ဒါပေမဲ့ လူမြင်ကွင်းကြီးမှာ လိင်အရောင်းအဝယ်ပြုလုပ်တဲ့ ကိစ္စမျိုးကိုတော့ ခွင့်မပြုပါဘူး။
ကော်စကာရီကာနိုင်ငံကလည်း ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားပါတယ်။ နိုင်ငံခြား ဧည့်သည်တွေ အလာများတဲ့နေရာမျိုးတွေမှာဆို ပြည့်တန်ဆာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါ တယ်။ ဒါပေမဲ့ ပြည့်တန်ဆာခေါင်း အဖြစ်လုပ်ကိုင်တာမျိုးကိုတော့ ခွင့်ပြုမထားပါဘူး။
ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားတဲ့အတွက် ကော်စတာရီကာနိုင်ငံဟာ ကလေးပြည့်တန်ဆာ ပြဿနာနဲ့ လူကုန်ကူးတဲ့ပြဿနာကို အကြီးအကျယ်ရင်ဆိုင်နေရပါတယ်။
အာဂျင်တီးနားနိုင်ငံကလည်း ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ လည်း အသက် ၁၈ ကျော်ပြီး မှသာ လုပ်ကိုင်ခွင့်ပြုထားပါတယ်။ လူကုန်ကူးတာနဲ့ ပြည့်တန်ဆာ ခေါင်းလုပ်ငန်းတွေကိုတော့ တားမြစ်ထားပါတယ်။
ကနေဒါနိုင်ငံရဲ့ ဥပဒေကတော့ တမျိုးပါ။ ကနေဒါနိုင်ငံဟာ တဦးချင်းပြည့်တန်ဆာလုပ်ပိုင်ခွင့် ရှိပေ မယ့် ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်တာကိုတော့ တားမြစ်ထားပါတယ်။
ပြည့်တန်ဆာတွေနဲ့ ပတ်သက်ပြီး နိုင်ငံအသီးသီးမှာ ဥပဒေတွေ အမျိုးမျိုးရှိကြပါတယ်။ ကော်စတာရီ ကာနိုင်ငံကိုကြည့်ရင် ပြည့်တန်ဆာလုပ်ငန်းတွေကို တရားဝင်လုပ်ကိုင်ခွင့်ပေးထားတဲ့အတွက် ကလေးပြည့်တန်ဆာနဲ့ လူကုန်ကူးမှုပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ အာဂျင်တီးနားနိုင်ငံ ဆိုရင်လည်း အသက် ၁၈ နှစ်ပြည့်ပြီးမှသာ ပြည့်တန်ဆာလုပ်ခွင့် ပြုထားပါတယ်။
ဥပဒေ တစုံတရာပြဋ္ဌာန်းပြီး ခွင့်ပြုထားတဲ့နိုင်ငံအများစုက ပြည့်တန်ဆာတွေဟာ မကြာခဏဆိုသလို ဆေးစစ်ပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူရတဲ့အတွက် ကောင်းတယ်လို့ယူဆနိုင် သလို တဖက်ကကြည့်ရင်လည်း ကလေးပြည့်တန်ဆာပြဿနာကို ရင်ဆိုင်နေရတာတွေ့ရပါလိမ့် မယ်။
Ref:ranker
You may also like these stories:
တရားဝင်မဟုတ်တဲ့ ပြည့်တန်ဆာများကိုလည်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ထိုင်းနိုင်ငံ
ကမ္ဘာ့လိင်မြို့တော် (သို့မဟုတ်) ထိုင်းနိုင်ငံက ပတ္တရားကမ်းခြေ
ကမ္ဘာမှာ HIV ၊ AIDS ရောဂါ ကူးစက်မှုနှုန်း အမြင့်ဆုံးနိုင်ငံများ
စက်မချုပ်ချင်ဘူး၊ ပြည့်တန်ဆာပဲ လုပ်ချင်တယ်