နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့အစည်းတခုဖြစ်တဲ့ IMF (International Monetary Fund) အဖွဲ့က ၂၀၁၉ ခုနှစ်အတွက် အချမ်းသားဆုံ းနိုင်ငံတွေရဲ့စာရင်းကို ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ သူတို့တွေ အခြေခံတဲ့ အချက်ကတော့ နိုင်ငံသား တဦးချင်းစီရဲ့ ဝင်ငွေကို လိုက်ပြီး ခွဲခြားဖော်ပြပေးခဲ့တာပါ။ ဒါကြောင့် ၂၀၁၉ ခုနှစ်ရဲ့ အချမ်းသာဆုံးနိုင်ငံတွေက ဘယ်နိုင်ငံတွေလဲ ဆိုတာ ဖော်ပြပေးချင်ပါတယ်။
(၁) Qatar
၂၀၁၉ ခုနှစ်ရဲ့ အချမ်းသာဆုံးစာရင်း ထိပ်ဆုံးမှာ ရှိနေတဲ့ နိုင်ငံကတော့ ကာတာနိုင်ငံပါ။ အာရှတိုက် အနောက်တောင်ပိုင်းမှာရှိတဲ့ ကာတာနိုင်ငံဟာ ရေနံကြောင့် ချမ်းသာလာတဲ့ နိုင်ငံတနိုင်ငံပါ။
(၂) Luxembourg
နောက်ထပ် အချမ်းသာဆုံးနိုင်ငံကတော့ လူဇင်ဘတ် နိုင်ငံပါ။ ဒီနိုင်ငံကတော့ သံမဏိလုပ်ငန်းကြောင့် ချမ်းသာ ကြွယ်ဝလာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။
(၃) Macau
တတိယ နေရာမှာ ရှိနေတဲ့နိုင်ငံကတော့ မကာအိုပါ။ မကာအိုမှာဆိုရင်တော့ ကမ္ဘာ့အကြီးဆုံး လောင်းကစားစင်တာ ရှိပါတယ်။ နိုင်ငံဝင်ငွေအတော်များများက လောင်းကစား လုပ်ငန်းတွေကနေ ရပါတယ်။
(၄) Singapore
စင်ကာပူနိုင်ငံကတော့ ကမ္ဘာပေါ်မှာ ဒုတိယအလုပ်အများဆုံး ဆိပ်ကမ်း နိုင်ငံတနိုင်ငံပါ။ နိုင်ငံဝင်ငွေ အများစုကတော့ ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကနေ ရပါတယ်။
(၅) Brunei
ဘရူနိုင်းနိုင်ငံကတော့ သေးငယ်ပေမယ့်လည်း ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံပါ။ အဲဒီနိုင်ငံငယ်လေးမှာတော့ ချမ်းသာကြွယ်ဝတဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ စုဝေးနေကြပါတယ်။ နိုင်ငံဝင်ငွေအများစုကိုတော့ ရေနံစိမ်း တင်ပို့မှုတွေကနေ ရရှိပါတယ်။
Ref : moneyinc