Entertainment

နောက်ထပ် Star Terk ရုပ်ရှင်မှာ ပြန်လည်ပါဝင်လာဖို့ ရှိနေတဲ့ Chris Hemsworth

Chris Hemsworth ဟာ ဟောလိဝုဒ် ရုပ်ရှင်နယ်ပယ်မှာ အောင်မြင်ခဲ့တဲ့ Marvel ရဲ့ ရုပ်ရှင်ဇာတ်ကားတွေအပြင် စူပါဟီးရိုး ဇာတ်ကောင်တဦးဖြစ်တဲ့ Thor နေရာမှာလည်း အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ခဲ့မှုတွေကြောင့် ပရိသတ် အားပေးထောက်ခံမှုကို ရရှိခဲ့သူ မင်းသားတဦး ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့ဖူးတဲ့ Star Terk ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းအစမှာ ပါဝင်ခဲ့ဖူးတာကြောင့် Star Terk နဲ့ Chris Hemsworth တို့ကြား ကြီးကြီးမားမား ကွာဟမှုမျိုးလည်း မရှိခဲ့ဖူးပါဘူး။

အခုအချိန်မှာတော့ Star Terk ရုပ်ရှင်ကို Paramount ကုမ္ပဏီအနေနဲ့ ၄ ကားမြောက်ရုပ်ရှင် ဇာတ်ကား ဆက်လက် ထုတ်လုပ်ဖို့ရှိနေသလို မင်းသား Chris Hemsworth ကိုလည်း ပိုမိုများပြားတဲ့ ဇာတ်ဝင်ခန်းတွေမှာ ပါဝင် သရုပ်ဆောင်စေဖို့ စီစဉ်နေပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အရင် Star Terk ရုပ်ရှင်အတွက် Paramount နဲ့ Chris Hemsworth တို့ကြား အဆင်မပြေမှု တချို့တလေ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ဘယ်လိုညှိနှိုင်းမှုမျိုးတွေနဲ့ ကမ်းလှမ်းမလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

ဇာတ်အိမ် ပြောင်းလဲတည်ဆောက်မှုအရ မင်းသား Chris Hemsworth ပါဝင်လာနိုင်ခြေ မြင့်တက်နေပြီး Paramount အနေနဲ့ ၄ ကားမြောက် Star Terk ရုပ်ရှင်အတွက် ပြေပြေလည်လည် ပူးတွဲဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

Sci-Fi အမျိုးအစားရုပ်ရှင် ဇာတ်ကားကောင်းတကားဖြစ်တဲ့ Star Terk ဟာ စတင်ထွက်ရှိခဲ့ကတည်းက သိပ္ပံအက်ရှင် ကြိုက်နှစ်သက်သူတွေအတွက် စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ခဲ့ပါတယ်။

Star Terk 4 ရဲ့ ဇာတ်ညွှန်းနဲ့ ရိုက်ကူးမှုအပိုင်းကိုတော့ ဒါရိုက်တာ Noah Hawley ကပဲ တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်ပြီး နောက်ထပ် နောက်ဆက်တွဲရုပ်ရှင် ၂ ကားလောက်အထိ ရိုက်ကူးသွားဖို့အစီအစဉ် ရှိနေခဲ့ပါတယ်။

Thor ဇာတ်ကောင်နေရာမှာ အောင်မြင်မှုရရှိခဲ့တဲ့ Chris Hemsworth ကို Star Terk 4 မှာ ဘယ်လိုတွေ့မြင်ခွင့်ရခဲ့မယ်ဆိုတာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

Ref. wegotthiscovered.com

You may also like these stories:

“Star Wars ရုပ်ရှင်မှာ သရုပ်ဆောင်ချင်တယ်”လို့ မင်းသား Chris Hemsworth ပြော

Matt Damon ကို လက်ထပ်ပြီး နှစ်နိုင်ငံသား ဖြစ်ခွင့်ပေးချင်တယ်လို့ Chris Hemsworth အရွှန်းဖောက်

Loading