စာရေးဆရာကြီး Arthur Conan Doyle ရဲ့ Sherlock Holmes ဟာ ရုပ်ရှင်အနေနဲ့ရော တီဗီစီးရီးအနေနဲ့ပါ အောင်မြင်မှု ရရှိထားတဲ့ ဇာတ်ကောင်တဦးပဲ ဖြစ်ပါတယ်။ Sherlock Holmes ရုပ်ရှင်မှာတော့ နာမည်ကျော် မင်းသားတွေဖြစ်တဲ့ Robert Downey Jr. နဲ့ Jude Law တို့ ပါဝင်သရုပ်ဆောင်ထားပြီး တီဗီစီးရီးမှာတော့ မင်းသား Benedict Cumberbatch နဲ့ Martin Freeman တို့ ပါဝင်ထားပါတယ်။
လတ်တလော ထွက်ပေါ်နေခဲ့တဲ့ သတင်းတွေအရတော့ ၃ ကားမြောက် Sherlock Holmes ရုပ်ရှင်မှာ Robert Downey Jr. ပြန်လည် ပါဝင်လာဖို့ ရှိနေပြီး “Sherlock Holmes: A Game of Shadows” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်လည်း ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာ Sherlock Holmes ရုပ်ရှင် ထွက်ရှိခဲ့ပြီး “A Game of Shadows” ရုပ်ရှင်ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ကာ ရုပ်ရှင်ချစ် ပရိသတ်တွေ နှစ်သက်အားပေးခဲ့တာပါ။
“Sherlock Holmes” ရုပ်ရှင်ရဲ့ အဓိကအရေးပါတဲ့ အခန်းကဏ္ဍမှာ နောက်ထပ် အရေးပါတဲ့ ဇာတ်ကောင်တဦးကတော့ Moriarty ပဲဖြစ်ပြီး “A Game of Shadows” မှာ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ “A Game of Shadows” ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်းနဲ့ နောက်ထပ် ရုပ်ရှင် “Sherlock Holmes 3” ကို ချိတ်ဆက်ထားတာဖြစ်တဲ့ အတွက်ကြောင့် Moriarty နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Jared Harris ကပဲ ဆက်လက် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မူရင်းဇာတ်ကြောင်းနဲ့ အနည်းငယ် အပြောင်းအလဲ ပြုလုပ်ထားတဲ့ “Sherlock Holmes” ရုပ်ရှင်မှာတော့ Moriarty ပါဝင်တဲ့ အခန်းဟာ တကြိမ်သာ ရှိခဲ့ပြီး အခုထွက်ရှိလာမယ့် နောက်ဆက်တွဲ ရုပ်ရှင်မှာတော့ ဘယ်လို ဇာတ်အိမ် တည်ဆောက်မှုမျိုးမှာ ပါဝင်လာမလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။
Sherlock နဲ့ အရည်အချင်း အတူတူဖြစ်တဲ့ ဗီလိန် ဇာတ်ကောင်တဦး ဖြစ်တာကြောင့် နောက်ဆက်တွဲရုပ်ရှင်ဟာ ပိုမိုစိတ်လှုပ်ရှားစရာ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Dexter Fletcher ရိုက်ကူးတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ထွက်ရှိမှာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
ဆက်စပ်ဖတ်ရှုရန်
‘Sherlock Holmes 3’ ရုပ်ရှင်ပြသမယ့်အချိန်ကို ၁ နှစ်နောက်ဆုတ်
Iron Man ဇာတ်ရုပ်နဲ့ အော်စကာဆု မလိုချင်တဲ့ မင်းသား Robert Downey Jr