Entertainment

Spotify မှာ ထိပ်တန်းအချစ်သီချင်းအဖြစ် John Legend ရဲ့ ‘All of Me’ သီချင်း သတ်မှတ်ခံရ

Want create site? Find Free WordPress Themes and plugins.

အသက် ၄၁ နှစ်အရွယ် John Legend က သူ့ရဲ့ဇနီး Chrissy Teigen အတွက် ရည်ရွယ်ထားတဲ့ ‘Love in the Future’ အယ်လ်ဘမ်ထဲက ‘All of Me’ အချစ်အလွမ်းအဆွေး သီချင်းဟာ ချစ်သူများနေ့အဖြစ် ကျရောက်တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မတိုင်မီ Stream နားဆင်ကြတဲ့အကြိမ်ရေ ၁ ဒဿမ ၁ ဘီလီယံရှိခဲ့ပြီး Spotify ရဲ့ ချစ်မြတ်နိုးဖွယ်အကောင်းဆုံး သီချင်းအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

လူတော်တော်များများက အဲ့ဒီသီချင်းနဲ့ ဆက်နွယ်မှုရှိနေတာကြောင့် တော်တော်လေးကို အံ့သြသင့်နေရဆဲဖြစ်တဲ့ အကြောင်း အဆိုတော် John က ဝန်ခံထားပါတယ်။

Luna နဲ့ Miles ဆိုတဲ့ ကလေးနှစ်ဦးရဲ့ ဖခင် John က “All of Me သီချင်းရဲ့ ရိုက်ခတ်မှုက ကျနော့်ကို အံ့အားသင့်နေဆဲဖြစ်စေပြီး ကျနော့်စိတ်တွေကို လှုံ့ဆော်နေဆဲပါ။ လူတော်တော်များများတွက် အဓိပ္ပါယ်ရှိစေတဲ့ အရာတခုကို ကျနော်ကို ဖန်တီးနိုင်ခဲ့ပြီဆိုတာ သိရလို့ ကျနော် အရမ်းဂုဏ်ယူမိပါတယ်”

“ကျနော်ချစ်ရတဲ့ အမျိုးသမီးအတွက် ကျနော် ဘယ်လိုခံစားရတယ်ဆိုတာ ဖော်ပြဖို့ ဒီသီချင်းကို ရေးခဲ့တာဖြစ်ပါတယ်။ ကျနော်တို့က ဘဝတသက်တာလုံး အတူတူရှိကြဖို့ ဝန်ခံခဲ့ကြပြီးပါပြီ။ ဒါပေမဲ့ တခါတလေ အကောင်းဆုံး သီချင်းတွေဟာ ကိုယ့်အတွက်ရော၊ တကမ္ဘာလုံးကိုအတွက်ကိုပါ တခုခု ဖော်ပြနိုင်ပါတယ်။ ကမ္ဘာတဝန်းမှာရှိတဲ့ ချစ်သူတွေက ဒီသီချင်းနဲ့ ဆက်နွယ်နေပြီး ကိုယ်ပိုင်သက်ဆိုင်တဲ့ ဇာတ်လမ်းတွေ ဖြစ်လာတယ်ဆိုတာကို သိရလို့ ကျေးဇူးတင်ရပါတယ်”လို့ ဆိုပါတယ်။

Spotify သီချင်းဝန်ဆောင်မှုထဲက ချစ်သူများနေ့အတွင်း သီချင်းစုစည်းရွေးချယ်ခံရမှုမှာ အဆိုတော် John ရဲ့ ‘All of Me’ သီချင်းဟာ Ed Sheeran ရဲ့ “Thinking Out Loud” သီချင်းကို ကျော်တက်သွားခဲ့ပြီး သီချင်းစုစည်းမှုပေါင်း ၂၉ သန်းမှာ ပါဝင်ခဲ့တဲ့ သီချင်းဖြစ်ခဲ့ပါတယ်။ အဲ့ဒီသီချင်းကို နှစ်စဉ် ချစ်သူများနေ့တိုင်း နားထောင်မှုတွေထဲမှာ အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ ချစ်သူများနေ့မှာ သီချင်းနားထောင်မှုတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ ‘All of Me’ သီချင်းဖြစ်ခဲ့တယ် လို့ဆိုပါတယ်။

ထိပ်တန်းသီချင်း ၁၀ ပုဒ်စာရင်းမှာ ပါဝင်တာတွေကတော့ Bruno Mars ရဲ့ ‘Just the Way You Are’ ၊ Whitney Houston ရဲ့ ‘I Will Always Love You’ ၊ Elvis Presley ရဲ့ ‘Can’t Help Falling in Love’ ၊ The Temptations ရဲ့ ‘My Girl’ ၊ Adele ရဲ့ ‘Make You Feel My Love’၊ Ed Sheeran ရဲ့ ‘Perfect’၊ Aerosmith ရဲ့ ‘I Don’t Want to Miss a Thing’ နဲ့ Jason Mraz ရဲ့ ‘I’m Yours’ သီချင်းတွေ ဖြစ်ကြပါတယ်။

All of Me သီချင်းကို အဆိုတော် John ဟာ Chrissy နဲ့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှာ လက်မထပ်မီ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

Ref: asiaone

You may also like these stories:
Did you find apk for android? You can find new Free Android Games and apps.
Loading