• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“မြန်မာဓလေ့နဲ့ မကိုက်လို့ သီချင်းမှာ မထည့်ခဲ့တာတွေ ရှိတယ်”

by ချစ်ပိုး
31 May 2020
in Entertainment
A A
ချယ်ရီသင်းရဲ့ “မလို့ပဲခေါ်” သီချင်း  / Cherry Thin's Facebook

ချယ်ရီသင်းရဲ့ “မလို့ပဲခေါ်” သီချင်း / Cherry Thin's Facebook

17.1k
VIEWS
Share on FacebookShare on Twitter

ပရိသတ် အကြိုက်တွေ့တဲ့ သီချင်းတွေနဲ့ အောင်မြင်လာတဲ့ အဆိုတော် ချယ်ရီသင်းက “မလို့ပဲခေါ် ” သီချင်း Music Video ရိုက်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“မလို့ပဲခေါ် သီချင်းလေးကို Music Video ရိုက်ဖို့ သူငယ်ချင်းတွေကလည်း ပြောတယ်။ ချယ်ရီ ကိုယ်တိုင်ကလည်း ကိုယ့်မောင်လေး သီဟအောင်က အရမ်းကြိုးစားလို့ ဖြစ်လည်း ဖြစ်စေချင်တယ်။ သူသရုပ်ဆောင်တာတွေလည်း သဘောကျလို့ ရိုက်ဖြစ်ခဲ့တာပါ”လို့ ချယ်ရီသင်းက ပြောပါတယ်။

ဒီသီချင်း ရိုက်ကူးစဉ်မှာ လူငယ်သဘာဝ ကိုယ့်စိတ်ကြိုက် ရိုက်ခဲ့တာ ဖြစ်ပြီး မြန်မာဓလေ့နဲ့ မကိုက်လို့ မထည့်ဖြစ်ခဲ့တာတွေလည်း ရှိတယ်လို့ ချယ်ရီသင်းက ဆိုပါတယ်။

“အမှတ်တရတွေလည်း အများကြီးပဲ။ လူငယ်သဘာဝ ကိုယ့်အတွေးနဲ့ကိုယ် ကောင်းမယ် ထင်ထားပြီး ရိုက်ထားတာတွေ ရှိတယ်။ မြန်မာ ဓလေ့နဲ့ မကိုက်တာတွေ ရှိလို့ မထည့်လိုက်တာတွေ ရှိတယ်။ မောင်လေးနဲ့ နမ်းတဲ့အခန်းတွေ ရိုက်တော့ နှစ်ယောက်လုံး အတွေ့အကြုံ မရှိတော့ ရှက်နေကြတာ အမှတ်တရပါပဲ”လို့ ချယ်ရီသင်းက ဧရာဝတီကို ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ဆက်လက်ပြီး “ချယ်တို့ ရိုက်တဲ့ Music Video ကို ဝေဖန် ပြောနေကြတာ ရှိတယ်။ ချစ်တဲ့ စိတ်နဲ့ ကောင်းစေချင်လို့ ပြောကြတယ်လို့ ချယ် မြင်တယ်။ အကြံပြုတဲ့သူကကျတော့ ချယ် ဆံပင်အရောင် ဆိုးတာကအစ ချယ်လေးရေ ဒီလိုလေးတော့ မလုပ်ပါနဲ့ ပြောတယ်”

“တချို့ကတော့ ဆံပင်အရောင်က မကောင်းတဲ့ မိန်းကလေးတောင် မဆိုးဘူး။ အဆိုတော်ဖြစ်ပြီး ကလပ်တယ်ပေါ့၊ ပြောကြတယ်။ ဘယ်လိုပဲပြောပြော ချယ့်ကိုချစ်တဲ့ စိတ်နဲ့ ပြောတာကိုပဲ ချယ်ကကျေနပ်ပါတယ်”လို့ ချယ်ရီသင်းက ပြောပါတယ်။

ချယ်ရီသင်းရဲ့ သီချင်းတွေ Tiktok မှာ ရေပန်းစားတဲ့အပေါ်ကိုလည်း အခုလိုပဲ ဆိုပါတယ်။

အဆိုတော် ချယ်ရီသင်း (ဓာတ်ပုံ – ဧရာဝတီ)

“ဒီသီချင်းလေးကို အင်တာဗျူးတခုမှာ ဆိုပြလိုက်ကတည်းက ပရိသတ်တွေ ကြိုက်ကြတယ်။ Tiktok တွေ ဆော့ကြတယ်။ အောင်မြင်တယ်လို့တော့ မခံယူထားပါဘူး။ ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်တုန်းက လည်း သီချင်းအောင်မြင်လို့ ငါအောင်မြင်သွားပြီဆိုပြီး မခံယူဘူး။ ဆက်ကြိုးစားရမယ်။ ဒီသီချင်းအောင်မြင်လို့ ဒါနဲ့ပဲ ရပ်နေလို့ မရဘူး”

“သီချင်းတွေ ပရိသတ်ကြိုက်လို့ အောင်မြင်နေလည်း ကြိုးစားရှေ့ဆက်သွားရမယ်လို့ အမြဲခံယူထားတယ်။ ချယ့် သီချင်းလေးတွေနဲ့ Tiktok ဆော့ပေးတာ ကျေးဇူးတင်ပါတယ်။ ချယ်တို့အတွက်လည်း အများကြီး အထောက်အပံ့ ဖြစ်တယ်။ သူတို့လည်း ဒီကနေ သူတို့အတွက် အခွင့်အလမ်းလည်း ရတယ်”လို့ ချယ်ရီသင်းက ပြောပါတယ်။

အဆိုတော် ချယ်ရီသင်းကိုတော့ “ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်” ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေ စတင်သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ Shwe FM ဂီတ ဆုပေးပွဲမှာလည်း အဲဒီသီချင်းနဲ့ပဲ Shwe FM Facebook Page မှတဆင့် “သီချင်းတောင်းဆိုမှု အများဆုံး အမျိုးသမီးဆု” ကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Your Thoughts …
Tags: Music Videoချယ်ရီသင်းမလို့ပဲခေါ်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

တရားမျှတမှုကို ပြန်ယူမယ့် “နေမဝင်ခင် နေကွယ်သွားတဲ့နေ့”

တရားမျှတမှုကို ပြန်ယူမယ့် “နေမဝင်ခင် နေကွယ်သွားတဲ့နေ့”

by ဧရာဝတီ
28 September 2023
3.3k

Hip Hop ဂီတသည် ဖိနှိပ်ခံများ၏ ပေါက်ကွဲသံစဉ်ဟု သူ ယုံကြည်သည်။ တရားဥပဒေ ပြန်လည်စိုးမိုးသည့်အချိန်၌ သူရှိချင်မှလည်းရှိမည်။ အကယ်၍ သူ မရှိတော့ဘူးဆိုလျှင်တောင် သူ့အဖေနှင့်အမေ သတ်ဖြတ်ခံရမှုအတွက် တရားမျှတမှု ပြန်ယူပေးပါဟုလည်း သူက မေတ္တာရပ်ခံထားသည်။

Myanmar Idol မှ အဆိုရှင်များဖြစ်တဲ့ မေမဒီ ၊ ပိုးမီ ၊ ယွန်း နဲ့ မူးလာ / ဝေဝေနှင်း / ဧရာဝတီ

ယုန်လေးရဲ့ Music Video နဲ့ ပတ်သက်ပြီး ရှင်းပြတဲ့ Myanmar Idol အဆိုရှင် ၄ ယောက်

by ယုဖြူဟန်
7 August 2020
29.1k

“နိုင်ငံရေးလုပ်ဖို့ မပြောနဲ့ ပါဝင်ပတ်သက်ဖို့တောင် တကယ်တမ်းကြောက်တယ်။ ဘာလို့ ကြောက်လဲ။ ကျနော်တို့ ပရိသတ်တွေ မုန်းမှာ အရမ်းကြောက်တယ်။

အဆိုတော် မေ  / May's Facebook

“ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ရုပ်ရှင်နဲ့ Music Video ကို ချိတ်ပြီး ရိုက်ခဲ့တဲ့ မေ

by ယုဖြူဟန်
10 December 2020
3.7k

ဆရာကြီး မောင်သာရရဲ့ဝတ္ထု "ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း" ဆိုတဲ့ ရုပ်ရှင်နဲ့ အဲ့ရုပ်ရှင်ရဲ့အငွေ့အသက်လေးကို ဒါရိုက်တာက ထည့်ပြီးတော့ ဇာတ်လမ်း ဖန်တီးပေးထားတယ်” လို့ မေက ပြောပါတယ်။

သရုပ်ဆောင်၊ အဆိုတော် နန်းဆုရတီစိုး / နေပိုင် / ဧရာဝတီ

ကိုယ့်ကြောင့် ပွဲဆူသွားမှာ အရမ်းကြောက်တဲ့ နန်းဆုရတီစိုး

by ယုဖြူဟန်
12 January 2021
6.5k

“ဆိုရှယ်မီဒီယာခေတ်ဆိုတော့ အမြင်တွေက မျိုးစုံ ရှိနိုင်တယ်။ ပြောမယ်ဆိုရင် ဆွဲပြောရင်လည်း ပြောတာတွေရှိမှာပေါ့။ သီချင်းကတော့ ဘယ်သီချင်းဆိုဆို ပွဲဆူတာဆိုတော့လေ။

အဆိုတော် မနော / Manaaw's Facebook

“လူပျို” သီချင်းနဲ့ ပတ်သက်ပြီး အဆိုတော် မနော ပြန်တောင်းပန်

by ယုဖြူဟန်
2 July 2020
31k

“ရတနာပုံ တက္ကသိုလ်ကြီးနဲ့ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ အားလုံး ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့ရင် အနူးအညွတ် တောင်းပန်အပ်ပါတယ်”လို့ အဆိုတော် မနောက ပြောထားပါတယ်။

Daniel Saw နဲ့ အမရာဘုန်းတို့ရဲ့ “United” သီချင်း

Daniel Saw နဲ့ အမရာဘုန်းတို့ ဖန်တီးထားတဲ့ “United” Music Video

by ဧရာဝတီ
2 April 2021
7.5k

နွေဦးကောင်းကင်ဟာ အသက်မဲ့နေ၊ နာကျည်းချက်တွေနဲ့ အိုးခွက်တွေတီး ရှေ့ဆက်မည်။ ကြားကလူတွေ ဘေးကပ်နေ ငါတို့ တိုက်နေတာ အဓမ္မဟေ့” စတဲ့ စာသားများ ပါဝင်ပါတယ်။

Next Post
သရုပ်ဆောင် မင်းမြတ်စိုးစံ  / Min Myat Soe San's Facebook

ကိုဗစ်ကာလမှာ ယူနန်ဟော့ပေါ့ လုပ်ရောင်းနေတဲ့ မင်းမြတ်စိုးစံ

ရောဂါ ပျောက်ကင်းသွားတဲ့ အဆိုတော် နီတာ   / Ni Tar's Facebook

အဆိုတော် နီတာ ပြောပြတဲ့ ကိုဗစ် အတွေ့အကြုံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved