• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အမျိုးသမီး ဒါရိုက်တာတယောက်အနေနဲ့ အမြဲကြိုးစားနေတဲ့ ဒါရိုက်တာ မေဘရဏီ

by ယုဖြူဟန်
30 July 2020
in Entertainment
A A
ဒါရိုက်တာ မေဘရဏီ / ဝေဝေနှင်း / ဧရာဝတီ

ဒါရိုက်တာ မေဘရဏီ / ဝေဝေနှင်း / ဧရာဝတီ

4.5k
VIEWS
Share on FacebookShare on Twitter

Music Video များကို လူငယ်ဆန်ဆန် ရိုက်ကူးခဲ့ရာမှ အခုဆိုရင် ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်ဇာတ်ကားများပါ ရိုက်ကူးလာပြီဖြစ်တဲ့ ဒါရိုက်တာ မေဘရဏီကတော့ လူငယ် အမျိုးသမီး ဒါရိုက်တာ တယောက်အနေနဲ့ အမြဲကြိုးစားပြီး Upgrade ဖြစ်အောင် နေတယ်လို့ ပြောပါတယ်။

“အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ဆိုတာထက် ကိုယ့်ကိုယ်ကိုယ်ပဲ တချက်တချက် ပိုပြီး ကြိုးစားတယ်။ ဒီနှစ်မှာ ရိုက်ခဲ့တာတွေနဲ့ နောက်နှစ်မှာ ရိုက်ခဲ့တာတွေကို ပိုပြီးသာအောင် ရိုက်မယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ပြီး ယှဉ်ပြိုင်တယ်။ အခုခေတ်မှာ အရမ်းတိုးတက်လာတဲ့အတွက်ကြောင့် ဝါသနာပါတဲ့ လူငယ်တွေလည်း အများကြီး ပေါ်ထွက်လာတယ်။ အဲဒါ အရမ်းကောင်းတယ်”

“ကိုယ့်ကိုယ်ကိုယ်လည်း အမြဲကြိုးစားပြီးတော့ Upgrade ဖြစ်အောင် လုပ်ရမယ်။ အမျိုးသမီးဒါရိုက်တာတယောက် ဖြစ်တဲ့အတွက်ကြောင့် တခြားအခက်အခဲ ဘာမှ မရှိဘူး။ ကိုယ်နဲ့ လက်တွဲ လုပ်တဲ့သူတွေက Supporting ကောင်းကောင်း ပေးတယ်” လို့ မေဘရဏီက ပြောပါတယ်။

ဝမ်းစာအနေနဲ့လည်း အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်များကို ဝါသနာပါတာကြောင့် များများကြည့်ပြီး ဝမ်းစာဖြည့်ဖြစ်တယ်လို့ ဆိုပါတယ်။

“ဝမ်းစာအနေနဲ့ကတော့ ကိုယ်တိုင်ကလည်း ဒီအလုပ်ကိုလုပ်ရတာ အရမ်းဝါသနာပါတယ်။ ဇာတ်လမ်းတွေ ကြည့်ရတာ အရမ်းဝါသနာပါတယ်။ အနုပညာနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဝါသနာပါတယ်။ တခြားဟာထက်ကို ရိုက်ကူးရေး၊ ပန်းချီဆွဲတာ ဒါတွေကို ဝါသနာပါတဲ့အတွက်ကြောင့် များများ ကြည့်တယ်။ စာအုပ်တွေ ဖတ်တယ်။ Youtube တွေ ကြည့်တယ်။ အဲ့လိုနဲ့ ဝမ်းစာဖြည့်ပါတယ်” လို့ မေဘရဏီက ပြောပါတယ်။

လတ်တလောမှာလည်း မေဘရဏီ ရိုက်ကူးထားတဲ့ “နင်ရှိတဲ့ကမ္ဘာ” ဇာတ်လမ်းတွဲကို ပြသနေပြီး မကြာခင်မှာလည်း “ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။

“ဇာတ်လမ်းတွဲ ၂ ကား ရိုက်တာက ကိုယ့်အတွက် စိန်ခေါ်မှုတခုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ၂ ကားက ရိုက်တဲ့ရက်က အရမ်းကပ်သွားတယ်။ ၂ ခုကို ဆက်တိုက် ရိုက်လိုက်ရတာပေါ့။ ကိုယ့်အနေနဲ့လည်း ပြောရရင် အရမ်းပင်ပန်းသွားတယ်။ ၂ ကားလုံးမှာလည်း တကယ် စိတ်နှစ်ပြီး ကြိုးစားရတယ်။ အရှေ့ကားဆိုရင်လည်း သရဲကားဆိုတော့ ခံစားချက်က တမျိုး၊ နောက်တကားကျတော့ ခံစားချက်က တမျိုး၊ အဲ့ ၂ ကားမှာ ခက်ခက်ခဲခဲ ပြောင်းလဲခဲ့ရတယ်” လို့ မေဘရဏီက ပြောပါတယ်။

ဒီလို ဇာတ်လမ်းတွေ ရိုက်တဲ့အခါမှာ ရုပ်ရှင်လောကကို မြှင့်တင်ချင်တဲ့ လူငယ်များက ပူးပေါင်းပြီး အရည်အသွေး ကောင်းမွန်စွာနဲ့ ပရိသတ်ကို ချပြချင်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီကားတွေကို ရိုက်တာလည်း လူငယ်တွေပဲပေါ့။ ဒီ ၂ ကားလုံးကိုရိုက်တာလည်း Bonanza Production ပေါ့။ အကုန် လူငယ်တွေ၊ နောက်ပြီးတော့ ဇာတ်လမ်း အသစ်အသစ်တွေ ဖန်တီးပြီးတော့ ဒီလောကကို မြှင့်တင်ပေးချင်တဲ့ လူငယ်တွေ ပူးပေါင်းတဲ့အတွက်ကြောင့် ဇာတ်လမ်းတွေဆိုလည်း ခပ်ဆန်းဆန်းတွေလည်း စဉ်းစားတယ်။ တကယ်လည်း ကွာလတီကောင်းအောင် ရိုက်တယ်။ ပရိသတ်ကိုလည်း အများကြီး ချပြချင်တယ်” လို့ မေဘရဏီက ပြောပါတယ်။

ဒါရိုက်တာ မေဘရဏီကတော့ ဒါရိုက်တာ တယောက်အနေနဲ့ ၂၀၁၃ ခုနှစ်မှ စတင်ပြီး Music Video များကို ရိုက်ကူးခဲ့ပြီး အခုဆိုရင်တော့ ဇာတ်လမ်းတွဲများနဲ့အတူ သူ့ရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးထားပြီး ဖြစ်ပါတယ်။

You may also like these stories:

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

Music Video တွေကို အနုပညာရှင်များက မေတ္တာနဲ့ ကူညီပေးကြတာလို့ အဆိုတော် Ar -T ပြော

အဆိုတော် AR-T ရဲ့ “Silent” Music Video ကို ကြည့်ပြီး မျက်လုံးပြူးခဲ့ရတဲ့ ဝေကြီး

Your Thoughts …
Tags: မေဘရဏီအမျိုးသမီး ဒါရိုက်တာ
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲ

“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲက စိတ်ကူးယဉ် ဇာတ်လမ်းပါ

by ယုဖြူဟန်
28 July 2020
12.3k

"ရင်ခုန်သံ ၇၄ ရက်" ဇာတ်လမ်းတွဲကတော့ ဒါရိုက်တာ မေဘရဏီရဲ့ ဒုတိယမြောက် ဇာတ်လမ်းတွဲဖြစ်ပြီး ဒီကားဟာ တခါမှ မမြင်ဖူးသေးတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် စိန်ခေါ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီး ဒါရိုက်တာ Kathryn Bigelow

၂၀၁၉ ခုနှစ်အတွင်း ဟောလိဝုဒ်မှာ အမျိုးသမီး ဒါရိုက်တာ အရေအတွက် စံချိန်တင် မြင့်တက်ခဲ့

by မစ်ကီ
3 January 2020
3.4k

ပြီးခဲ့တဲ့နှစ်မှာ ထိပ်တန်းရောက်ခဲ့တဲ့ ရုပ်ရှင်တွေရဲ့ ဒါရိုက်တာတွေထဲက ၁၀ ဒဿမ ၆ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး အဲ့ဒီပမာဏဟာ ၂၀၁၈ ခုနှစ်တုန်းက ပမာဏထက် နှစ်ဆခန့် မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

Next Post
ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၁ (အမ်းနှင့် ရမ်းဗြဲ မြို့နယ်) ကိုယ်စားပြု အမတ် ဒေါ်ထုမေ  / မျိုးမင်းစိုး / ဧရာဝတီ

ဒီမိုကရေစီ စစ်စစ်ကို သွားမယ်ဆိုရင် ပြည်သူ မဲပေးမှ ဖြစ်မယ်

၂၀၁၇ ခုနှစ်၊ မတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တွေ့ ရသည့် တပ်မတော်သားများ / ထက်နိုင်ဇော် / ဧရာဝတီ

တပ်မတော် အက်ဥပဒေပြင်၍ စစ်သားများကို စည်းကမ်း ပိုတင်းကြပ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved