Entertainment

"Master in the house" အစီအစဉ် အမြင့်ဆုံး ကြည့်ရှုနှုန်း စံချိန်တင်ခဲ့

Want create site? Find Free WordPress Themes and plugins.

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်ပြီး၊ ကိုရီးယား ရုပ်သံ မီဒီယာများကို မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှုအကြောင်း Speak Out လုပ်ပေးနေတဲ့ ကိုရီးယားဘာသာစကား ဆရာမ ချမ်းမြမြသော်က သူပါဝင် ဖြေကြားခဲ့တဲ့ “Master in the house” အစီအစဉ် အောင်မြင်စွာ ထုတ်လွှင့်ခဲ့တဲ့အကြောင်း အခုလိုပဲ ပြောထားပါတယ်။

“မနေ့က ကျမတို့ “Master in the house” အစီအစဉ် လွှင့်ပြီးသွားပါပြီ။ သတင်းကောင်းကတော့ ကျမတို့ မြန်မာအကြောင်းက နောက်ဆုံးပိုင်းမှာ ပြသခဲ့တာ ဖြစ်ပေမယ့် ပရိုဂရမ် ဒုတိယပိုင်းမှာ အမြင့်ဆုံး ကြည့်ရှုနှုန်း စံချိန်ကို ရခဲ့ပါတယ်”

“Master in the house” အစီအစဉ်

“အချိန်တူ ပြသတဲ့ အခြား ရုပ်သံဌာနက နာမည်ကြီး ပရိုဂရမ်တွေကို ကျော်ပြီး “Master in the house” က အမြင့်ဆုံး ကြည့်ရှုနှုန်း စံချိန်တင်နိုင်ခဲ့တာမို့ ပရိုဂရမ် ပြီးပြီးချင်းမှာပဲ သတင်းဌာန အစုံကနေ မြန်မာ့အခြေအနေအကြောင်း သတင်းဆောင်းပါးတွေ ဆက်တိုက် ထွက်လာခဲ့ပါတယ်။ အခုထိလည်း သတင်းတွေ တက်နေဆဲ ဖြစ်ပါတယ်”လို့ ဆရာမ ချမ်းမြမြသော်က ပြောပါတယ်။

အစီအစဉ် အောင်မြင်တာ သိရတဲ့အတွက် ပိုပြီး ဝမ်းသာရပြီး မြန်မာ ပရိသတ်တွေ သိရအောင် အားဖြည့်တင်ပေးကြတဲ့ Fan Page တွေကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“Master in the house” အစီအစဉ်

“ကျမတို့ အစီအစဉ် အောင်မြင်တာ သိရလို့ ပိုပြီး ဝမ်းသာရပါတယ်။ မနေ့က ပရိုဂရမ် လွှင့်ကတည်းက မြန်မာက ပရိသတ်တွေ သိရအောင် အားဖြည့် အသိပေး တင်ပေးကြတဲ့ Lee seung Gi, Cha Eun woo နဲ့ အခြား Fan ပေ့ချ်တွေကိုလည်း ကျမက ကျေးဇူးတင်ပါတယ်”

“ကျမကို ကျေးဇူးတင်ကြောင်း ဖော်ပြရေးထားတာတွေလည်း တွေ့ရပါတယ်။ အကုန်လုံးကို တိုက်ရိုက် မမန့်နိုင်ပေမယ့် ကျမရဲ့ ကြိုးစားမှုကို အသိအမှတ် ပြုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ ဆရာမ ချမ်းမြမြသော်က ဆိုပါတယ်။

K-pop Idol ချာအွန်းအူ (Cha Eun Woo)

ဆက်လက်ပြီး တိုင်းပြည်ကို ကယ်တင်ဖို့အတွက် တတ်ကျွမ်းတဲ့ ပညာသဘာနဲ့ တတ်နိုင်တာကို ဆက်လုပ်သွားမယ်လို့ ချမ်းမြမြသော်က ဆိုပါတယ်။

“ကျမကတော့ ကိုယ့်တိုင်းပြည်ကို ကယ်တင်ဖို့အတွက် တတ်ကျွမ်းတဲ့ ပညာသဘာနဲ့ တတ်နိုင်တာကို ဆက်လုပ်သွား ဆက်လုပ်နေမှာပါရှင့်။ မကြာခင် ကျရောက်မယ့် အမေစု မွေးနေ့အတွက်လည်း ဖိတ်ခေါ်ထားတာ ရှိပြီး အခု ပြင်ဆင်နေတာ ရှိပါတယ်ရှင့်။ အရေးတော်ပုံ အောင်တော့မည်”လို့ ဆရာမ ချမ်းမြမြသော်က ပြောထားပါတယ်။

“Master in the house” အစီအစဉ်ကတော့ တောင်ကိုရီးယားနိုင်ငံမှ အဆိုတော်၊ မင်းသား အီဆွန်းဂီ (Lee Seung Gi)၊ K-pop Idol ချာအွန်းအူ (Cha Eun Woo) စတဲ့ နာမည်ကြီး အနုပညာရှင်တွေ ပါဝင် တင်ဆက်တဲ့ ပရိုဂရမ်တခု ဖြစ်ပြီး၊ ယခု အစီအစဉ်မှာ မြန်မာ့အရေးကို အထူးတင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

တောင်ကိုရီးယားမှာ ဇန်နဝါရီနောက်ပိုင်း ကိုဗစ် နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်လာ

ဖိလစ်ပိုင်မှာ ကိုဗစ်စည်းကမ်း ဖောက်သူကို အပြစ်ပေးရာက သေဆုံးမှုဖြစ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကိုဗစ် အစုလိုက် ကူးစက်မှုအသစ် တွေ့ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading