Health

ရေမကူးခင်နှင့် ရေကူးပြီးလျှင် ပြုလုပ်သင့်သော အချက်များ

Want create site? Find Free WordPress Themes and plugins.

ရေကူးခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူ ပြုတာကြောင့် လူတိုင်းအတွက် သင့်လျော်တဲ့ လေ့ကျင့်ခန်း အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ်က ကြွက်သားတွေအားလုံးကို အားစိုက် ထုတ်ရတာ ဖြစ်တဲ့အတွက် တနေ့ကို နာရီဝက်ခန့် ရေကူးပေးရင် ကိုယ်အလေးချိန်ကို ညီမျှစေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။

ရေကူးတဲ့အခါ ရေကူးကန်ထဲမှာရှိတဲ့ ဓာတုပစ္စည်းတွေကြောင့် အသားအရေနဲ့ ဆံပင်တွေကို ပျက်စီးစေနိုင်ပြီး အခန့် မသင့်ရင် မျက်စိနဲ့ နားကိုပါ ပြဿနာ ပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ရေမကူးခင်နဲ့ ရေကူးပြီးတဲ့အခါမှာ ဘယ်လိုမျိုး ပြုလုပ်သင့်တယ်ဆိုတဲ့ နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေမကူးခင် အစာစားခြင်းနဲ့ ရေနစ်ခြင်းတို့ဟာ ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ ရေမကူးခင် တနာရီခန့် အလိုမှာတည်းက အစာ မစားသင့်ပါဘူး။

(၂) ရေကူးကန်ထဲက ပိုးသတ်ထားတဲ့ ရေတွေဟာ ဆံပင်အဆီဓာတ် ခမ်းခြောက်စေနိုင်ပြီး ဆံပင်ကျွတ်စေ နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ရေကူးတဲ့အခါတိုင်း ခေါင်းစွပ်စွပ်ပြီးမှ ရေကူးသင့်ပါတယ်။ နောက်တခုက ရေကူးမျက်မှန်ပါ။ ရေကူး မျက်မှန်ဟာ မျက်ကြည်လွှာကို ရေကူးကန်ထဲက ပိုးသတ်ဆေးတွေ ဘေးကနေ ကာကွယ်ပေးနိုင်ပါတယ်။ နားထဲကို ရေဝင်တာကနေ ကာကွယ်နိုင်ဖို့ အတွက်တော့ ရေကူးတဲ့အခါ နားကြပ် တပ်ဆင်သင့်ပါတယ်။

(၃) ရေကူးကန်ထဲက ကလိုရင်းကြောင့် အသားအရေ မပျက်စီးရအောင် ရေစိုခံ နေရောင်ကာ Skincare Product တွေကို ရေမကူးခင်နဲ့ ရေကူးအပြီးမှာ အသုံးပြုပေး သင့်ပါတယ်။

(၄) ရေကူးကန်ထဲ မဆင်းခင်နဲ့ ရေကူးအပြီးမှာ ရေချိုးပေး သင့်ပါတယ်။ ရေမကူးခင် ရေချိုးပေးခြင်းအားဖြင့် ဆံပင်နဲ့ အသားအရေ ခြောက်သွေ့ပျက်စီးခြင်းကို လျော့နည်းစေနိုင်ပြီး ရေကူးအပြီး ရေချိုးပေးခြင်းဟာ ကလိုရင်းဓာတ်ကြောင့် အသားအရေ ယားယံခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။

(၅) အမိုးအကာ မပါဘဲ နေရောင်အောက်မှာပဲ ရေကူးမယ်ဆိုရင်တော့ ရေကူးပြီးသွားတဲ့အခါမှာ အသားအရေ ခြောက်သွေ့ တာမျိုးတွေ မဖြစ်ရအောင် Moisturizing Lotion တမျိုးမျိုးကို လိမ်းပေးသင့်ပြီး ဆံသားခြောက်သွေ့မှုကို ကာကွယ်ဖို့ အတွက်တော့ ခေါင်းလျှော်တဲ့အခါ Conditioner အသုံးပြုပြီး အုန်းဆီ (သို့မဟုတ်) သံလွင်ဆီ လိမ်းပေး သင့်ပါတယ်။

Ref : amrita-sharma.blogspot.com

Did you find apk for android? You can find new Free Android Games and apps.
Loading