• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

အတွေးလွန်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ

by ရေဗန်
20 June 2019
in Health
A A
အတွေးလွန်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ပိုပြီး ဖြစ်နိုင်ခြေ ရှိပါတယ်

အတွေးလွန်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ပိုပြီး ဖြစ်နိုင်ခြေ ရှိပါတယ်

13.1k
VIEWS
Share on FacebookShare on Twitter

အတွေးလွန်ခြင်းဟာ အထီးကျန်ခြင်း၊ စိုးရိမ်ခြင်းနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းလိုခြင်း စတဲ့ အရာတွေနဲ့ တွဲဖက်ပြီး ဖြစ်ပေါ်တတ်တဲ့ စိတ်ခံစားမှုတခု ဖြစ်ပါတယ်။ ဒီလို အတွေးလွန်တဲ့ ပြဿနာဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတခုဖြစ်ပြီး ဂရုတစိုက် ကုသဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် အတွေးလွန်ခြင်းအကြောင်း သိကောင်းစရာတွေကို ဖော်ပြပေးချင်ပါတယ်။

ဘာကြောင့် အတွေးလွန်ရတာလဲ

အတွေးလွန်ခြင်းက ဘယ်က စပြီး ဖြစ်ရတာလဲ။ ဘာကြောင့် ဦးနှောက်က ဒီလို ထူးဆန်းတာတွေကို လုပ်ရတာလဲဆိုတဲ့ အကြောင်းအရာတွေကို အမေရိကန်နိုင်ငံ သိပ္ပံစာရေးသူ Victoria Stern က ရေးသားခဲ့ပါတယ်။ ဒီလို အတွေးလွန်ရခြင်းဟာ ကိုယ်ကြောက်နေတဲ့ အရာတခုက အနာဂတ်မှာ ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုပြီး မရေရာတာကို တွေးတောခြင်း ဖြစ်ပါတယ်။

အတွေးလွန်ခြင်းဟာ ဖြစ်လာမယ်ဆိုတာ မသေချာတဲ့ အရာတခုကို ကြိုတင် တွေးကြောက်ခြင်းလို့ ဆိုနိုင်ပါတယ်။ တကယ်ကြုံရရင် ရင်ဆိုင်နိုင်လောက်မယ့် အရာကို တမင်ကြောက်အောင် ဦးနှောက်က လှည့်စားခြင်းလည်း ဖြစ်ပါတယ်။

အတွေးလွန်ခြင်းကြောင့် ဘာတွေ ဖြစ်နိုင်လဲ

အတွေးလွန်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ပိုပြီး ဖြစ်နိုင်ခြေ ရှိပါတယ်။ အတိတ်က မှားခဲ့ဖူးတဲ့ အရာတွေ ထပ်ခါတလဲလဲ တွေးတောခြင်းတွေ ဖြစ်စေပြီး အနာဂတ်ကို တွေးကြောက်တာမျိုးတွေကို အကြိမ်ကြိမ် ခံစားနေတတ်ပါတယ်။ အတွေးလွန်တတ်သူတွေဟာ စိတ်ကျရောဂါ ဖြစ်ပွားနိုင်ပြီး စိတ်ကျရောဂါကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အကျင့်တွေကို ပြုလုပ်လေ့ရှိပါတယ်။

အရက်သောက်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာနဲ့ အစားကို အလွန်အကျွံ စားတာတွေ ပြုလုပ်လေ့ ရှိပါတယ်။ အဲဒီလို ပြုလုပ်တာတွေကြောင့် စိတ်ကျန်းမာရေးကို ပိုပြီး ဆိုးရွားစေပါတယ်။ အတွေးလွန်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ မကဘဲ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ အတွေးလွန်လေ့ ရှိသူတွေဟာ အိပ်ပျော်ရခက်တဲ့ရောဂါ ဖြစ်ပွားတတ်ပြီး နှလုံးရောဂါလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။

အတွေးလွန်ခြင်းကို ဘယ်လို တားဆီးမလဲ

အတွေးလွန်တဲ့ စိတ်ကို တားဆီးဖို့ ခက်ခဲပေမယ့် လိုက်နာလေ့ကျင့်လို့ ရမယ့် နည်းလမ်းတွေတော့ ရှိပါတယ်။ တကယ်လို့ သင်ဟာ ပညာရေးအတွက် အတွေးလွန်နေတယ်ဆိုရင် သင်တတ်နိုင်မယ့် နည်းလမ်းတွေနဲ့ အချိန်ယူပြီး ပညာသင်ကြားလို့ ရတာကို သတိရလိုက်ပါ။ နောက်ပြီး တရားထိုင်တာစတဲ့ စိတ်ငြိမ်ခြင်း နည်းလမ်းတွေကို အသုံးပြုလို့ ရပါတယ်။ ယောဂပြုလုပ်ခြင်းနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းနည်းတွေနဲ့လည်း ကုသနိုင်ပါတယ်။

နောက်ထပ် နည်းလမ်းတခုကတော့ အလုပ်ရှုပ်အောင်နေပါ။ အလုပ် မရှိတဲ့အချိန်မှာ လူဟာ အတွေးတွေရဲ့ သားကောင် ဖြစ်သွားတတ်ပါတယ်။ တယောက်တည်းနေတာမျိုး မလုပ်ဘဲ မိသားစုနဲ့ အချိန်ဖြုန်းတာ၊ အပြင်ထွက်လည်တာ စတာတွေကို ပြုလုပ်ပြီး စိတ်ရော လူကိုပါ အလုပ်ရှုပ်နေစေတာ အတွေးမလွန်စေတော့ပါဘူး။

Ref. educationaladvancement.org

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
137
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

You May Also Like These Stories:

အတွေးလွန်ခြင်းကို တိုက်ထုတ်ပေးနိုင်မယ့် နည်းလမ်းကောင်းများ

သင်တကယ်ပျော်ရွှင်ချင်တယ်ဆိုရင် လိုက်နာရမယ့် အချက် ၅ ချက်

Your Thoughts …
Tags: အတွေးလွန်ခြင်း
ရေဗန်

ရေဗန်

Similar Picks:

အတွေးလွန်ခြင်းဟာ စိတ်ကျန်းမာရေး ပြဿနာတခု ဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်

အတွေးလွန်ခြင်းဟာ အသက်တိုစေနိုင်တယ်လို့ ဆေးပညာရှင်တွေ အတည်ပြု

by ဟယ်လ်သင်
21 November 2019
9.5k

ကိစ္စရပ် တခုခုကို မလိုအပ်ဘဲ စဉ်းစားတွေးတောတာ၊ တွေးပူတတ်တာတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ရေရှည်မှာ ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။

အတွေးတွေလွန်နေခြင်းဟာ သင့်ကိုစိတ်ဖိစီးစေတာကလွဲလို့ ဘာမှဖြစ်လာစေမှာ မဟုတ်ပါဘူး

အတွေးလွန်ခြင်းကို တိုက်ထုတ်ပေးနိုင်မယ့် နည်းလမ်းကောင်းများ

by ဟယ်လ်သင်
24 January 2019
21.4k

တစုံတခုကို မလုပ်ခင်မှာ စဉ်းစားချင့်ချိန်တွေးတောခြင်းဟာ ကောင်းမွန်တဲ့လုပ်ရပ်တခုလို့ ဆိုနိုင်ပေမယ့် လိုအပ်တာ ထက်ပိုပြီး တွေးတောမိနေတတ်ခြင်းဟာ ပြဿနာတွေကိုသာ ဖြစ်လာစေနိုင်ပါတယ်။

Next Post
သီရိလင်္ကာမှာ ပထမဆုံး လွှတ်တင်ခဲ့တဲ့ ရာဝဏ-၁ ဂြိုဟ်တု

သီရိလင်္ကာနိုင်ငံက ပထမဆုံးဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

ဇွန်လ ၁၂ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တဦး ဆွေးနွေးစဉ် 

ဒေါ်လာ ၁၀ သန်း အဆိုပြုချက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ပယ်ဖျက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved