• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ဒေါ်လာ ၁၀ သန်း အဆိုပြုချက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ပယ်ဖျက်

by ဧရာဝတီ
20 June 2019
in Politics
A A
ဇွန်လ ၁၂ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တဦး ဆွေးနွေးစဉ် 

ဇွန်လ ၁၂ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တဦး ဆွေးနွေးစဉ် 

13
VIEWS
Share on FacebookShare on Twitter

လွှတ်တော် ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့ အကျေအလည် ဆွေးနွေးကြပြီးနောက် ဆောက်လုပ်ရေး စီမံကိန်းများနှင့် ကပ္ပလီပင်လယ်မှ ကျွန်းတကျွန်း ကူးတို့ရေယာဉ် ဝယ်ယူရေးအတွက် ကျပ်ငွေ ၁၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၅ သန်း) သုံးစွဲမည့် အစီအစဉ်ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ဖျက်သိမ်းလိုက်သည်။

ရဲတပ်ဖွဲ့ စခန်းတခုနှင့် တရားရုံးတရုံး တည်ဆောက်ရေးနှင့် ကပ္ပလီပင်လယ်ပြင်ရှိ ကိုကိုးကျွန်းနှင့် ရန်ကုန် သွားလာရန် ကူးတို့ရေယာဉ် ဝယ်ယူရေးအတွက် ၂၀၁၉-၂၀၂၀ အဆိုပြုဘတ်ဂျက်တို့ တင်သွင်းခြင်းကို ပြန်လည် ပယ်ဖျက်ခြင်းအား အတည်ပြုရန် လွှတ်တော်သို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အင်္ဂါနေ့တွင် တင်ပြခဲ့သည်။

တနင်္လာနေ့က နေပြည်တော်တွင် လာမည့်ဘဏ္ဍာနှစ် အတွက် အဆိုပြု ဘတ်ဂျက်များနှင့် ပတ်သက်၍ ပြည်နယ်နှင့်တိုင်း ဒေသကြီးဝန်ကြီးချုပ်များ ဆွေးနွေးကြရန် သမ္မတဦးဝင်းမြင့် ဦးဆောင်သည့် ဘဏ္ဍာရေး ကော်မရှင်က အစည်းအဝေးတရပ် ခေါ်ယူခဲ့ပြီးနောက် ယင်းကဲ့သို့ အပြောင်းအလဲ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေး၌ လမ်းဖောက်လုပ်ခြင်းနှင့် လျှပ်စစ်ဓာတ်အား သွယ်တန်းပေးခြင်း စသည့် ပြည်သူလူထု ချက်ချင်း အကျိုးဖြစ်ထွန်းမည့် ဒေသဖွံ့ဖြိုးရေး အသုံးစားရိတ်များ တိုးပွားလာစေရန် ပြည်နယ်နှင့်တိုင်း ဒေသကြီး ဝန်ကြီးချုပ်များကို သမ္မတက တိုက်တွန်းခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုအကျိုးပြု အစီအစဉ်များအတွက် အစိုးရဘဏ္ဍာငွေ မြှင့်တင်ရေး အလေးပေး ပြောကြားခဲ့သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
423
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
27
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
60

နောက်တနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ဝန်ကြီး ဦးမြင့်သောင်းက “ယခင်က အဆိုပြုခဲ့သော ကျပ်ငွေ ၁၆ ဘီလျံကို ရဲစခန်း၊ တရားရုံး တည်ဆောက်ရေးနှင့် ကူးတို့ရေယာဉ် ဝယ်ယူရေးတို့အစား ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း” လွှတ်တော် ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။

ကျေးလက် မီးလင်းရေးနှင့် လမ်းဖောက်လုပ် ပြုပြင်ရေးတို့အတွက် အဆိုပါငွေကြေးကို သုံးစွဲသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သို့သော် (ယခင်အဆိုပြုခဲ့မှုအား) ရုတ်တရက် ပယ်ဖျက်ခြင်းအတွက် တစုံတရာ အကြောင်းပြချက်ကို ၎င်းက ထည့်သွင်း ပြောကြားခြင်းမရှိပေ။

သို့ရာတွင် ကျပ်ငွေ ၁၆ ဘီလျံ တန်ဖိုးရှိ စီမံကိန်းများအတွက် ယခင်အဆိုပြုချက်ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ချက်ချင်း ပယ်ဖျက်သွားစေရေး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန် သမ္မတက တိုက်တွန်းချက် အနေဖြင့် ကြားဝင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ယူဆကြသည်။

“ပြည်ထောင်စု အစိုးရအနေဖြင့် ကြားဝင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း” ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က အင်္ဂါနေ့တွင် ဧရာဝတီသို့ ပြောကြား ခဲ့သည်။

“ပြည်ထောင်စုအစိုးရက (ဒီအငြင်းပွားမှုကို) စေ့စပ်ညှိနှိုင်းပေးလိုက်တယ်လို့ ကျနော် ယုံကြည်ပါတယ်” ဟု သူက ပြောသည်။

ရဟတ်ယာဉ်ကွင်း ပါဝင်သည့် ၇ ထပ် ရဲတပ်ဖွဲ့ဌာနချုပ် အဆောက်အဦသစ် တည်ဆောက်ရန် ကျပ်ငွေ ၅ ဘီလျံ (ဒေါ်လာ ၃ ဒသမ ၂၆ သန်း) နှင့် တရားဥပဒေ စိုးမိုးရေးအတွက် အင်းစိန်ထောင် အနီးတွင် မြေအောက်ထပ် နှစ်ထပ်ပါ တိုင်းတရားရုံးသစ် တည်ဆောက်ရန် ကျပ်ငွေ ၆ ဘီလျံ (ဒေါ်လာ ၃ ဒသမ ၉၁ သန်း) သုံးစွဲရန် အဆိုပြုခြင်းအပေါ် လွှတ်တော်၌ အစောပိုင်း ဆွေးနွေးမှုများတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ကာကွယ် ပြောဆိုခဲ့ဖူးသည်။

ကပ္ပလီပင်လယ်ပြင်ရှိ ကိုကိုးကျွန်းတွင် နေထိုင်သည့် ပြည်သူများ အကျိုးရှိစေရန် ၂၅ မီတာအရှည်ရှိ ခရီးသည်တင် ရေယာဉ်ဝယ်ယူရေး ကျပ်ငွေ ၅ ဘီလျံ သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရက အဆိုပြုခဲ့သည်။

သို့သော် လွှတ်တော် ကိုယ်စားလှယ်များက လက်ခံခြင်းမရှိပေ။ ၎င်းတို့က ရန်ကုန်မြို့တွင် အရေးတကြီး လိုအပ်နေသော လမ်းများနှင့် ရေနုတ်မြောင်း စနစ်များကဲ့သို့ အခြေခံ အဆောက်အအုံ များကို ပိုမိုအာရုံစိုက်ရန် အစိုးရကို တိုက်တွန်းခဲ့ကြပြီး အဆိုပြုဘတ်ဂျက်များနှင့် ပတ်သက်၍ ယခင် သီတင်းပတ်က အချေအတင် ဆွေးနွေးခဲ့ကြသည်။

ယင်းအဆောက်အအုံများနှင့် ရေယာဉ်သင်္ဘောမှာ အမှန်တကယ် လိုအပ်စေကာမူ ရန်ကုန်တိုင်းဒေသကြီး ဘတ်ဂျက်မှ မယူဘဲ ပြည်ထောင်စု အစိုးရဘတ်ဂျက်ဖြင့်သာ သုံးစွဲသင့်ကြောင်း ၎င်းတို့က ထောက်ပြ ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးချက်ကို ယခင် ရက်သတ္တပတ်က ပြည်တွင်း မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ ကြသည်။

လွှတ်တော်တွင်း အချေအတင် ဆွေးနွေးခဲ့ကြောင်း သိရှိပြီးနောက် ပြည်ထောင်စုအစိုးရက ကျပ်ငွေ ၁၆ သန်း သုံးစွဲမည့်ကိစ္စကို ခွင့်မပြုခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီဝင် တဦးလည်းဖြစ်သူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

အင်္ဂါနေ့က ဦးမြင့်သောင်းအနေဖြင့် ယခင်အဆိုပြုချက်ကို ပယ်ဖျက်ပေးရန် လွှတ်တော်ထောက်ခံမှု တောင်းခံရာ လွှတ်တော် ကိုယ်စားလှယ်က ကန့်ကွက်မှု လုံးဝမရှိဘဲ တခဲနက် ထောက်ခံခဲ့ကြသည်။

Your Thoughts …
Tags: ဘတ်ဂျက်ရန်ကုန်တိုင်းဒေသကြီးအစိုးရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

by ဧရာဝတီ
5 January 2024
16.9k

ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ကောင်စီဥက္ကဌ၏အကြံပေးနှင့် ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး နောက်ပိုင်း ရရှိလာသည့် လုပ်ပိုင်ခွင့်အာဏာများကို ကြည့်၍ တိုင်းပြည်၏စီးပွားရေးတခုလုံးအား ၎င်းက စီမံခန့်ခွဲတော့မည်ဟု ကုန်သည်ကြီးအချို့က ခန့်မှန်းတွက်ချက်ပြောဆိုကြသည်

ထရမ့် အစိုးရက ပညာရေး ရန်ပုံငွေ ဒေါ်လာ ၆ ဘီလီယံကျော် ဆိုင်းငံ့ထား

ထရမ့် အစိုးရက ပညာရေး ရန်ပုံငွေ ဒေါ်လာ ၆ ဘီလီယံကျော် ဆိုင်းငံ့ထား

by ဧရာဝတီ
5 July 2025
390

အစိုးရ အနေနဲ့ ပညာရေး ရန်ပုံငွေတွေကို ဆက်လက် သုံးသပ်နေပြီး အရင် သုံးစွဲမှုတွေကို လေ့လာချက် အရ လက်ဝဲ ယိမ်းတွေကို ငွေကြေး ထောက်ပံ့ဖို့ လွဲမှားစွာ အသုံးပြုခဲ့တယ်လို့…

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ် / Nay Phone Latt

ပြည်သူရဲ့ ပိုက်ဆံ တပြားတကျပ်ကိုမှ ပစ်စလက်ခတ် လုပ်တာ မရှိပါဘူး

by ဧရာဝတီ
1 November 2022
9.8k

ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့်လည်း အကုန်လုံးကို အသေးစိတ်တွေ ပြောဆို လို့မရသေးတာကို နားလည်ပေးစေလိုပါတယ်။ NUG က ပြည်သူလူထုရဲ့ ဘယ်ပိုက်ဆံ တပြားတကျပ်ကိုမှ ပစ်စလက်ခတ် လုပ်တာမျိုးမရှိပါဘူး။ အကုန်လုံး သူ့ဘာသာ စာရင်းဇယားနဲ့ ရှိတယ်။...

ပြည်သူလူထု အများစု အတွက် “အသံချဲ့စက် ဥပဒေ” အမြန်ဆုံး အသက်ဝင်သင့်ပြီ ဖြစ်ပါတယ် / ဧရာဝတီ

စည်ပင်သာယာရေး ဥပဒေ ထိရောက်မှု ရှိပြီလား

by သွေး (စစ်ကိုင်း)
7 November 2018
9.1k

ဥပဒေတခုဟာ အသက်ဝင်လာပြီ ဆိုရင် “ဒီမြို့နယ်မှာတော့ အရေးယူမယ်၊ ဟိုမြို့နယ်မှာတော့ အရေးမယူဘူး” ဆိုတာမျိုး မဖြစ်သင့်ပါဘူး။

ရွေးကောက်ပွဲအကြိုစစ်တမ်းများအရ ဖွေထိုင်းပါတီက လူကြိုက်အများဆုံး ဖြစ်သည် / Getty Images

၂၀၂၃ ထိုင်းရွေးကောက်ပွဲ မဲဆွယ်ကတိများနှင့် အများကြိုက်ဝါဒ

by ဧရာဝတီ
25 April 2023
5.9k

အများကြိုက်မူဝါဒများဆိုသည်မှာ ကြွေးမြီဆိုင်းငံ့ပေးခြင်း သို့မဟုတ် စီးပွားရေးကိုအားပေးသည့် အစီအမံများကဲ့သို့ ကာလတို အကျိုးကျေးဇူးများဖြစ်သည်။

အင်အား ၅၀၀၀၀ အထက်ရှိပြီဆိုသည့် PDF အရေအတွက်နှင့်ဆိုလျှင် လက်နက်တပ်ဆင်ရန် များစွာ လိုအပ်နေသေး၏ / AFP

ခုခံတော်လှန်သူများ၏ ဘဏ္ဍာနှင့် လက်နက်ခဲယမ်းပြဿနာ

by အေးချမ်းဆု
8 April 2022
17.7k

ခုခံစစ်ဆင်သူများ အားသာသည့်အချက်မှာ ဝိုင်းဝန်းလှူဒါန်းသူ၊ ကူညီသူ များ၍ ရိက္ခာပြဿနာ၊ စစ်ဝတ်စစ်စားပြဿနာ၊ ဆေးဝါးပြဿနာများကို တစုံတရာ ဖြေရှင်းနိုင်ခဲ့ကြ၏။

Next Post
၂၀၁၆ ခုနှစ် ဇွန်လ ၂၄ ရက်တွင် ဘန်ကောက်မြို့၌ ထိုင်းဝန်ကြီးချုပ်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့စဉ် / Reuters

အာဆီယံထိပ်သီးဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်တက်မည်

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သရေခေတ္တရာရှေးဟောင်းဇုန်ထဲက သံပုန္နက်တိုင်တွေ ဖျက်ဆီးခံရ (ရုပ်/သံ)

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သရေခေတ္တရာရှေးဟောင်းဇုန်ထဲက သံပုန္နက်တိုင်တွေ ဖျက်ဆီးခံရ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved