Health

အတွေးလွန်ခြင်းဟာ အသက်တိုစေနိုင်တယ်လို့ ဆေးပညာရှင်တွေ အတည်ပြု

Want create site? Find Free WordPress Themes and plugins.

စိတ်ဓာတ်ကျတာ၊ စိတ်ကျရောဂါ ခံစားရတာမျိုးမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ရှိတာ မဟုတ်ဘဲ စိုးရိမ် ပူပန်စိတ်များတာ၊ ကိစ္စတခုခုဆိုရင် ကြိုတင်ပူပန်ပြီး အတွေးလွန်တတ်တာဟာလည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတခု ဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။

ဟားဗတ်တက္ကသိုလ်က ဆေးပညာရှင်တွေရဲ့သုတေသန လေ့လာချက်တွေအရ ကိစ္စရပ်တခုခု ဒါမှမဟုတ် အကြောင်းတစုံတရာကို သာမန်ထက်ပိုပြီး အရှည်အရှည် အတွေးလွန်ကာ တွေးပူတတ်ခြင်းဟာ အသက်တိုစေနိုင်တယ်လို့ ဆိုပါတယ်။

ဒီလေ့လာမှုကို အတည်ပြုဖို့အတွက် ဆေးပညာရှင်တွေဟာ ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို အသေးစိတ်လေ့လာခဲ့ကြတာဖြစ်ပြီး ဦးနှောက်တွင်းမှာ ဦးနှောကို အနားပေးချိန်ကျမှ ထွက်ပေါ်လာတဲ့ “REST” ဆိုတဲ့ ပရိုတင်းဓာတ် တမျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လေ့လာမှုစစ်တမ်းတွေအရဆိုရင်တော့ ဦးနှောက်တွင်းမှာ REST ဆိုတဲ့ ပရိုတင်းဓာတ် နည်းပါးမယ်ဆိုရင် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ၊ အသက်တိုနိုင်ခြေကို မြင့်တက်စေပြီး လူ့သက်တမ်းစေ့ နေသွားတဲ့သူတွေမှာတော့ REST ပရိုတင်းဓာတ် အများအပြားရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

REST ပရိုတင်းဓာတ်ဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်ရည်စွမ်းတွေနဲ့ ဆက်စပ်နေပြီး REST ဆိုတဲ့ နာမည်အတိုင်းကိုပဲ ဦးနှောက်ကို အနားပေးချိန်ကြမှသာ ထွက်ပေါ်လာတဲ့ ပရိုတင်းဓာတ် တမျိုးလည်း ဖြစ်ပါတယ်။ အမြဲလိုလို ကိစ္စရပ်တခုခုကို စဉ်းစားခန်း ဖွင့်နေသူတွေ၊ အကြောင်းရင်း တစုံတခုခု ဆိုတာနဲ့ အတွေးလွန်တတ်သူတွေ၊ တွေးပူတတ်သူတွေ အနေနဲ့တော့ REST ပရိုတင်းဓာတ်ဟာ နည်းသထက်နည်းလာမှာ အသေအချာပဲ ဖြစ်ပါတယ်။

ကိစ္စရပ် တခုခုကို မလိုအပ်ဘဲ စဉ်းစားတွေးတောတာ၊ တွေးပူတတ်တာတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ရေရှည်မှာ ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။

ခေါင်းကိုက်တာ၊ အိပ်မပျော်တာလို ခဏတာ ကျန်းမာရေးပြဿနာတွေအပြင် ရေရှည်မှာ နှလုံးရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကိုပါ မြင့်တက်လာစေတဲ့အထိ ဖြစ်နိုင်တာကြောင့် မလိုအပ်ပဲ စဉ်းစားတွေးတောခန်း မဖွင့်ကြဖို့ ဆေးပညာရှင်တွေက အကြံပြုပြောဆိုထားပါတယ်။

Ref. www.wtsp.com

You may also like these stories:

ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်သင့်တဲ့ အရာများ

အတွေးလွန်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ

စိတ်ဖိစီးမှု များပြီး စိတ်မပျော်ရွှင်ဘူးဆိုတာ ခန္ဓာကိုယ်ကနေ ဖော်ပြနေတဲ့ လက္ခဏာများ

မှတ်ဉာဏ် လျော့ကျလာခြင်းနဲ့ အာရုံစူးစိုက်မှု အားနည်းခြင်း ဖြစ်စေတဲ့ အကြောင်းရင်း ၅ ချက်

Did you find apk for android? You can find new Free Android Games and apps.
Loading