ဆေးပညာရှင်တွေရဲ့ လေ့လာမှုတွေအရ သစ်ပင်တွေနဲ့အနီးတဝိုက်မှာ နေထိုင်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးကို ကောင်းမွန်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူပြုစေနိုင်တယ်လို့ ဆိုပါတယ်။ ထပ်မံတွေ့ရှိတဲ့ လေ့လာမှုတွေမှာဆိုရင်တော့ သစ်ပင်ပန်းပင်တွေ စိုက်ပျိုးခြင်းဟာ စိတ်ကျန်းမာရေးကို အများဆုံးအထောက်အကူပြုစေနိုင် တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့်မို့လို့ သစ်ပင်ပန်းပင်တွေ စိုက်ပျိုးခြင်းက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုကောင်းကျိုးတွေ ပေးနိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) အလုပ်က စိတ်ပင်ပန်းမှုတွေကို လျှော့ချပေးနိုင်တယ်
တနေ့တာ လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ စိတ်ပင်ပန်းမှုတွေကို စိမ်းစိုတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ထိတွေ့ပြီး တနိုင်တပိုင် သစ်ပင်တွေ စိုက်ပျိုးခြင်းက စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေနိုင်မှာဖြစ်ပါတယ်။ လေ့လာမှုတွေအရ အားလပ်ချိန်တွေမှာ သစ်ပင်ပန်းပင်တွေ စိုက်ပျိုးခြင်းဟာ စိတ်ရှုပ်ထွေးမှုတွေနဲ့ ဒေါသထွက်စိတ်တိုလွယ်ခြင်းတွေကိုပါ ဖြေဖျောက်ပေးနိုင်တယ်လို့ ဆိုပါတယ်။
(၂) မိမိကိုယ်ကိုယုံကြည်မှု တိုးလာစေနိုင်တယ်
သစ်ပင်စိုက်ပျိုးတဲ့အခါ မိမိစိုက်တဲ့အပင်ငယ်လေးတွေ ရှင်သန်ကြီးပြင်းလာစေနိုင်ဖို့ ရေလောင်း၊ ပေါင်းသင် ၊ မြေသြဇာကျွေးစတာတွေကို လုပ်ကိုင်ရင်း မိမိလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို တိုးတက်လာစေနိုင်ပါတယ်။ တနိုင်တပိုင် အပင်ငယ်လေးတွေ စိုက်ပျိုးခြင်းဟာ တာဝန်ယူ၊ တာဝန်ခံစိတ်တွေ ဖြစ်ပေါ်လာစေနိုင်တဲ့အပြင် စိတ်ကြည်လင်ပြီး အတွေးအခေါ်တွေကို ပိုမိုကောင်းမွန်လာစေမှာလည်း ဖြစ်ပါတယ်။
(၃) စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေတယ်
လေ့လာမှုတွေအရ သစ်ပင်ပန်းမန်စိုက်ပျိုးသူတွေဟာ မစိုက်ပျိုးသူတွေထက် စိတ်ကျန်းမာရေးပြဿနာတွေ ခံစားရမှု နည်းပါးပြီး မိမိကိုယ်ကို ကျေနပ်မှုရှိကြသူတွေပဲ ဖြစ်ပါတယ်။ စိမ်းစိုတဲ့ သဘာဝပတ်ဝန်းကျင်တခုဟာ ထင်မထား လောက်အောင်ကို စိတ်ကြည်လင်လန်းဆန်းမှုကို ရရှိစေနိုင်ပြီး စိတ်ခံစားမှုတွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
Ref. hside.org
You may also like these stories:
နေ့တိုင်း သစ်ပင်စိုက်ပြီး နှစ်ပေါင်း ၄၀ အကြာမှာ တောအုပ်အဖြစ် ဖန်တီးနိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
အုန်းလက်နဲ့ လုပ်တဲ့ပိုက်ကို အသုံးပြုလာတဲ့ ဖိလစ်ပိုင်နိုင်ငံက ကော်ဖီဆိုင်
ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ကာကွယ်ဖို့ သစ်ပင် သန်း ၁ ထောင်ခန့် စိုက်ပျိုးမယ့် နယူးဇီလန်နိုင်ငံ
ဖိလစ်ပိုင် ကျောင်းသားတိုင်း ဘွဲ့မယူခင် တယောက်ကို အပင် ၁၀ ပင် စိုက်ရမယ့် ဥပဒေသစ် ပြဌာန်း