• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်သင့်တဲ့ အရာများ

by ဟယ်လ်သင်
29 August 2019
in Trend
A A
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းဟာ သင့်ကို ပိုပြီး စိတ်ဖိစီးစေပါတယ်

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းဟာ သင့်ကို ပိုပြီး စိတ်ဖိစီးစေပါတယ်

17.4k
VIEWS
Share on FacebookShare on Twitter

တခြားသူတယောက်က ကိုယ့်ရဲ့အားနည်းချက်ကို ပြစ်တင်ဝေဖန် လှောင်ပြောင်တာမျိုးကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်သင့်သလို နောက်ထပ် အရေးကြီးတာ တခုကတော့ ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာမျိုး မပြုလုပ်သင့်ပါဘူး။

စိတ်ပညာရှင်တွေရဲ့အဆိုအရ စိတ်ကျရောဂါ အပါအဝင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရသူတွေ အများစုဟာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လွန်းကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အပြစ်မတင်သင့်တဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ကိုယ့်ရဲ့ရွေးချယ်မှု

ဘဝအတွက် ရွေးချယ်မှုတွေ ပြုလုပ်တဲ့အခါ လူတိုင်းက ကောင်းမယ်ထင်လို့ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ချည်းပါပဲ။ အဲဒီရွေးချယ်မှုမှာမှ တစုံတရာဟာ မှားယွင်းသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတတ်ကြပါတယ်။ အဲဒီလို အပြစ်တင်နေခြင်းဟာ သင့်ကိုပိုပြီး စိတ်ဖိစီးစေနိုင်တာကြောင့် အပြစ်တင်နေမယ့်အစား မိမိရဲ့ရွေးချယ်မှုအပေါ် ဘယ်လိုအကောင်းဆုံး ဆက်လုပ်ရမလဲဆိုတာကိုသာ စဉ်းစားဆုံးဖြတ်သင့်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

(၂) ကိုယ်ပိုင် အချိန်ယူမိခြင်း

တခါတရံမှာ လုပ်လက်စ အလုပ်တွေကို ခဏထားကာ မိမိလုပ်ချင်တဲ့၊ ဝါသနာပါတဲ့ အရာတခုခုကို လုပ်ကိုင်မိတဲ့အခါ အချိန်ဖြုန်းမိပြီဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။ လူတိုင်းမှာ မိမိလုပ်ချင်တာကို လုပ်နိုင်မယ့် ကိုယ်ပိုင်အချိန် ရှိသင့်တာကြောင့် ဒါဟာ အချိန်ဖြုန်းတာမျိုးတော့ မဟုတ်ပါဘူး။

(၃) ကိုယ်မလုပ်နိုင်တဲ့အရာ

ဘယ်အရာမဆို အမြဲတမ်း လုပ်နိုင်နေတာမျိုးတော့ မဟုတ်ပါဘူး။ သင်မလုပ်နိုင်တဲ့ အရာတခုအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမယ့်အစား သင်လုပ်နိုင်တာတွေအတွက် ဂုဏ်ယူသင့်ပါတယ်။

(၄) ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုပုံစံ

ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုပုံစံဟာ တခြားသူတွေ အမြင်မှာ လှခြင်း၊ မလှခြင်းထက် ကိုယ်ကိုယ်တိုင်အတွက်ပဲ အရေးကြီးပါတယ်။ ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်တယ်၊ လုံခြုံမှု ရှိနေစေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ဖက်ရှင်မကျဘူးဆိုပြီး အပြစ်မတင်သင့်ပါဘူး။

(၅) ကိုယ့်ရဲ့အတိတ်

လူတိုင်းဟာ အမြဲတမ်း အပြစ်ကင်းစင်ပြီး ပြီးပြည့်စုံနေတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်မှာလည်း ပြန်ပြင်လို့ မရတော့တဲ့ အတိတ်တွေ ရှိနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာမျိုးထက် ဒါကိုလက်ခံပြီး ပိုကောင်းအောင်နေဖို့ကိုသာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Ref. www.huffpost.com

You may also like these stories:

ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ ပါဝင်လာတဲ့ အထီးကျန်ခြင်း ဝေဒနာ

မကြာခဏ မေ့လျော့ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာများ

တွေးလွန်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ

တဦးနဲ့တဦး ပွေ့ဖက်ခြင်းရဲ့ အံ့အားသင့်ဖွယ် ကျန်းမာရေး ကောင်းကျိုး ၅ ခု

Your Thoughts …
Tags: အပြစ်မတင်သင့်တဲ့ အရာများ
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

No Content Available
Next Post
မြန်မာ့နိုင်ငံရေးပြဿနာ ရိုက်ခတ်မှုနဲ့ အမျိုးသားလုံခြုံရေး (ရုပ်/သံ)

မြန်မာ့နိုင်ငံရေးပြဿနာ ရိုက်ခတ်မှုနဲ့ အမျိုးသားလုံခြုံရေး (ရုပ်/သံ)

ဒူဘိုင်းမြို့

သယံဇာတအပေါ် မမှီခိုဘဲ ခရီးသွားလုပ်ငန်းကို ပိုပြီး အာရုံ စိုက်လာတဲ့ ဒူဘိုင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved