• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ထိုင်း၊ အိန္ဒိယ၊ ဟောင်ကောင် ဘိုးအင်း 737 Max လေယာဉ်ပျံသန်းခွင့် တားမြစ်

by ဧရာဝတီ
13 March 2019
in Travel
A A
Thai Lion Air အတွက် ဘိုးအင်း 737 MAX 9 ဂျက်လေယာဉ်ကို အမေရိကန် နိုင်ငံ ဆီယက်တဲလ်တွင် ၂၀၁၈ မတ်လ ၂၁ ရက်က လွှဲပြောင်းရယူစဉ် / AP

Thai Lion Air အတွက် ဘိုးအင်း 737 MAX 9 ဂျက်လေယာဉ်ကို အမေရိကန် နိုင်ငံ ဆီယက်တဲလ်တွင် ၂၀၁၈ မတ်လ ၂၁ ရက်က လွှဲပြောင်းရယူစဉ် / AP

37.3k
VIEWS
Share on FacebookShare on Twitter

ထိုင်း မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က ဘိုးအင်းကုမ္ပဏီထုတ် 737 Max 9 အမျိုးအစား လေယာဉ်များကို ဘေးကင်း စိတ်ချရမှု အနေအထား စိုးရိမ်ရခြင်းကြောင့် ပျံသန်းပြေးဆွဲခြင်းကို ဆိုင်းငံ့ထားလိုက်ကြောင်း ယနေ့က ကြေညာလိုက် သည်။

ထိုင်း Lion Air လေကြောင်းလိုင်း၏ ဘိုးအင်း 737 Max 9 သုံးစွဲပျံသန်းခြင်းကို ယာယီဆိုင်းငံ ထား ခြင်း ဖြစ်ကြောင်း အဆိုပါ လေကြောင်းအာဏာပိုင်အဖွဲ့က ဆိုသည်။

ထိုင်း Lion Air ရှိ Max 9 အမျိုးအစားလေယာဉ် ၃ စင်းအပေါ် အဆိုပါကြေညာချက်က သက်ရောက် မည်ဖြစ်သည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
91
သဇင်ပန်း

သဇင်ပန်း

10 January 2026
121
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
308

တနင်္ဂနွေနေ့က အီသီယိုးပီးယားနိုင်ငံတွင် Max 8 အမျိုးအစားဂျက်လေယာဉ် ဆိုးဝါးစွာ ပျက်ကျမှု ကြောင့် ယခုအခါ စင်ကာပူ အပါအဝင် အာရှနိုင်ငံများသည် အဆိုပါလေယာဉ်အမျိုးအစားကို ပြေးဆွဲ ပျံသန်းခြင်းမှ ဆိုင်းငံ့ထားကြရာ ထိုင်းနိုင်ငံသည် နောက်ဆုံးထပ်မံ ဆိုင်းငံ့လိုက်သော နိုင်ငံဖြစ် လာခဲ့ သည်။

အလားတူ ထိုင်းနိုင်ငံရှိ လေကြောင်းလိုင်းများသည် ဘိုးအင်း 737 Max 8 အမျိုးအစား ဂျက် လေယာဉ်များကိုလည်း ရပ်တန့်ထားကြသည်။

ယနေ့အစောပိုင်းက ဟောင်ကောင်တွင်လည်း ဘိုးအင်း 737 MAX လေယာဉ်များ ဝေဟင်ပိုင်နက်ထဲ ပျံသန်းခြင်းကို တားမြစ်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ထက်ဝက်ရရှိသည့် တရုတ်မြို့ကြီးဖြစ်သော ဟောင်ကောင်မြို့ပြလေကြောင်း ဌာန (CAD)က ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီမှစ၍ ဘိုးအင်း B737 Max ပျံသန်းခွင့်ကို နောက်ထပ်ကြေညာချက်မထုတ်မချင်း ယာယီ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဆိုသည်။

အဆိုပါဌာနက ကြေညာရာတွင် ယခုရက်ပိုင်းအတွင်း အမေရိကန်ဖက်ဒရယ်လေကြောင်း အာဏာပိုင် အဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့များထံ အနီးကပ်အဆက်သွယ်ရယူခဲ့ကြောင်း၊ ယင်းတို့တွင် အိန္ဒိယ SpiceJet လေကြောင်းလိုင်းနှင့် ရုရှား Globus Airlines လေကြောင်းများလိုင်းများလည်း ပါဝင် ကြောင်း၊ ထိုလေကြောင်းလိုင်းနှစ်လိုင်းသည် 737 Max အမျိုးအစားဖြင့် ဟောင်ကောင်ကျွန်းပေါ် ဖြတ်၍ မကြာသေးမီ ပျံသန်းခဲ့ကြောင်း ဆိုသည်။

အိန္ဒိယနိုင်ငံတွင်လည်း SpiceJet လေကြောင်းလိုင်းမှ ဘိုးအင်း 737 Max အားလုံးကို ဗုဒ္ဓဟူးနေ့ ဒေသခံစံတော်ချိန် ညနေ ၄ နာရီမတိုင်မီ မြေပြင်၌ပင် ရပ်တန့်ထားကြရန် အိန္ဒိယအစိုးရက အမိန့်ထုတ် ခဲ့ပြီး အဆိုပါလေယာဉ်များအပေါ် ယင်းအမိန့် ချက်ချင်းသက်ရောက်မှုရှိကြောင်း ဆိုသည်။

ထို့ပြင် အိန္ဒိယဝေဟင်ပိုင်နက်အတွင်းသို့ ဘိုးအင်း 737 Max ဝင်ရောက်ပျံသန်းခြင်းအား ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှ စတင်တားမြစ်ထားလိုက်ပြီး တချိန်တည်းမှာပင် SpiceJet လေကြောင်းက ၎င်းအမျိုးအစားလေယာဉ်များကို ပျံသန်းခြင်းမပြုဘဲ မြေပြင်၌ ရပ်ထားခဲ့သည်။

ယင်းလေယာဉ်များအပေါ်တားမြစ်ချက်သည် အင်္ဂ ါနေ့ ည ၁၁ နာရီနောက်ပိုင်း စတင်သက်ရောက် ကြောင်း၊ သို့ရာတွင် SpiceJet လေကြောင်းမှ B737 Max လေယာဉ်များသည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း အထိ ပျံသန်းနေကြောင်း လေကြောင်း လမ်းကြောင်းပြဝက်ဘ်ဆိုက်များအရ သိရကြောင်း အိန္ဒိယမြို့ပြ လေကြောင်းအထွေထွေညွှန်ကြားမှုဦးစီးဌာန(DGCA) က သတင်းထုတ်ပြန်သည်။

Time of India သတင်းစာက DGCA အကြီးအကဲ ဘီအက်စ်ဘူလာထံ ဆက်သွယ်မေးမြန်းရာ “အဲဒီ အမျိုးအစား လေ ယာဉ်တွေ အိန္ဒိယပြန်လာပြီး လိုတာဖြည့်ရင်ဖြည့် (ဒါမှမဟုတ်) တနေရာရာမှာ မြေပြင်ဆင်းပြီး ထိန်းသိမ်းပြုပြင် ရေးလုပ် ရင်လုပ်ပေါ့။ အဲဒီ Max အမျိုးအစားအားလုံးကိုတော့ ဗုဒ္ဓဟူးနေ့က စပြီး ပိတ်သိမ်းထားလိုက်ပြီဖြစ်ပါတယ်” ဟု ဖြေကြား သည်။

လေယာဉ် ဆုံးရှုံးပျက်စီးမှုအပေါ် ဘိုးအင်းက အာမခံပေးထားသော်လည်း ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အိန္ဒိယတို့လည်း အဆို ပါ လေယာဉ်အမျိုးအစား ၎င်းတို့ဝေဟင်နက်ထဲ ပျံသန်းခွင့်ပိတ်ထားသည့် တရုတ်နှင့်အခြားနိုင်ငံများကဲ့သို့ပင် တားမြစ်လာ ခဲ့ပြီး ၎င်းတို့အားလုံးက လေယာဉ်ပျက်ကျ ခြင်းအကြောင်းရင်း စုံစမ်းလေ့လာချက်ကို စောင့်ကြည့်နေကြသည်။

ဘိုးအင်းအမှုဆောင်အရာရှိချုပ် ဒင်းနစ်မြူလန်ဘတ်က ဘိုးအင်း 737 Max အမျိုးအစားလေယာဉ်၏ အများပြည်သူ လုံခြုံ စိတ်ချရမည့်စနစ်နှင့် ပတ်သက်၍ သက်သေပြနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အများပြည်သူအနေဖြင့် စုံစမ်းစစ်ဆေးမှု အချက်အလက်များကိုသာ အာရုံစိုက်ရန်နှင့် ထင်ကြေးပေး မှုများ ရှောင်ရှားကြရန်လည်း တိုက်တွန်းလိုက်သည်။

လေယာဉ်ပျက်ကျရာတွင် ပါဝင်သွားခဲ့သည့် ခရီးသည်များနှင့်လေယာဉ်ဝန်ထမ်းများအတွက် စာနာထောက်ထားပြီး စိတ်မ ကောင်းဖြစ်ရပါကြောင်း ဘိုးအင်းအနေဖြင့် ထုတ်ဖော်ပြသသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဘိုးအင်းအဖွဲ့က ၎င်း၏ဖောက်သည်များကို အပြည့်အဝပံ့ပိုးပေးလျက်ရှိပြီး တောင်းဆိုမှုရှိသည့်အခါ စုံစမ်းစစ်ဆေးခြင်းနှင့် နည်းပညာအထောက်အကူပေးခြင်းများ ဆောင်ရွက်ပေးနေကြောင်း၊ အမေရိကန်အမျိုးသား ပို့ဆောင်ရေး ဘေးကင်းစေမှုဘုတ်အဖွဲ့နှင့်အီသီယိုပီးယားအာဏာပိုင်များ၏ လမ်းညွှန်မှုအောက်တွင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဘိုးအင်း 737 MAX အသုံးပြုမှု ရပ်ဆိုင်းထားရန် တရုတ်အမိန့်ထုတ်

စင်ကာပူနှင့် နိုင်ငံတချို့ ဘိုးအင်း 737 Max လေယာဉ် ပျံသန်းမှု ဆိုင်းငံ့ပြန်

Your Thoughts …
Tags: ဘိုးအင်း 737 Max
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘိုးအင်း 737 Max

အမေရိကန်နှင့် ကနေဒါတို့လည်း ဘိုးအင်း 737 Max ပျံသန်းခွင့်တားမြစ်

by ဧရာဝတီ
14 March 2019
8.8k

အမေရိကန်သမ္မတ၏ အမိန့်မှာ ဖက်ဒရယ် လေကြောင်း ကြီးကြပ်ရေးအဖွဲ့က အဆိုပါ ဂျက်လေယာဉ်များကို ဘေးကင်း စိတ်ချရမှု မရှိကြောင်း အချက်အလက်ထုတ်ဖော်ခြင်း မရှိသေးသည့် အချိန်တွင် အခြေအနေကို ပြောင်းပြန်လှန်လိုက်ခြင်း ဖြစ်သည်။

Next Post
နိုင်ငံသားပြုခွင့် ရသူများအဖြစ် သတ်မှတ်ထားသော အစိမ်းရောက်ကတ် ၁၀၀ ကျော် ထုတ်ပေးခဲ့ခြင်းအပေါ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များကလည်း သဘောတူလက်ခံခဲ့သည်

ရိုဟင်ဂျာအမည်ကို နိုင်ငံသားအခွင့်အရေးနှင့် လဲခြင်း

နေပြည်တော်ရှိ အမျိုးသား လွှတ်တော် ဆိုင်းဘုတ်  / မိုးမိုး / ဧရာဝတီ

ကိုယ်စားလှယ်များ မေးခွန်းကို ဝန်ကြီးဌာနများက လိုရင်းနှင့် တိကျစွာ ပြန်ဖြေရမည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved