• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စင်ကာပူနှင့် နိုင်ငံတချို့ ဘိုးအင်း 737 Max လေယာဉ် ပျံသန်းမှု ဆိုင်းငံ့ပြန်

by ဧရာဝတီ
12 March 2019
in သတင်း
A A
ဘိုးအင်း 737 Max 8 ခရီးသည်တင် လေယာဉ်တစီး (AFP)

ဘိုးအင်း 737 Max 8 ခရီးသည်တင် လေယာဉ်တစီး (AFP)

12.5k
VIEWS
Share on FacebookShare on Twitter

အီသီယိုးပီယား ခရီးသည်တင်လေယာဉ် ဘိုးအင်း 737 Max ပျက်ကျပြီးနောက် စင်ကာပူမြို့ပြ လေကြောင်း ကြီးကြပ်ရေး အဖွဲ့က ဝေဟင်ပိုင်နက် အတွင်း ယင်းလေယာဉ်များ သုံးစွဲပျံသန်းခြင်းကို ပိတ်ပင်လိုက်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က အီသီယိုးပီးယား မြို့တော် အဒစ္စ ဘာဘာမှ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့သို့ ပျံသန်းသည့် အဆိုပါ ခရီးသည်တင် လေယာဉ်သည် ပျံတက်ပြီး မကြာမီ အဒစ္စဘာဘာမြို့ အရှေ့တောင်ဘက် ၆၂ ကီလိုမီတာအကွာ ဘီရှော့ဖ်တူမြို့ အနီးမှာ ပျက်ကျခဲ့တဲ့ အတွက် လိုက်ပါလာသူ ၁၅၇ ဦးလုံး သေဆုံးခဲ့သည်။

စင်ကာပူမြို့ပြ လေကြောင်း ကြီးကြပ်ရေးအဖွဲ့(CAAS) က ကြေညာချက်ထုတ်ပြန်ရာတွင် “ ဘိုးအင်း 737 Max အမျိုး အစားလေယာဉ်အားလုံး စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်၊ ထွက်ခွာခြင်းအား ၅ လ ထက်မနည်းသည့် ကာလအတွင်း ယင်းအမျိုးအစားပျက်ကျမှု နှစ်ကြိမ်ဖြစ်ပွားခဲ့၍ ယာယီအားဖြင့် ပျံသန်းခွင့်ဆိုင်းငံ့ထားကြောင်း” ရေးသားထားသည်။

အဆိုပါဆိုင်းငံ့လိုက်သည့်အမိန့်သည် အင်္ဂ ါနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ(ဂရင်းနစ်စံတော်ချိန် နံနက် ၆ နာရီ) မှ စတင်အသက်ဝင်မည်ဖြစ်ကြောင်း ကြေညာက ဆိုသည်။

ပြီးခဲ့သည့် နှစ် အောက်တိုဘာလ အတွင်းကလည်း အင်ဒိုနီးရှား နိုင်ငံ Lion Air လေကြောင်းမှ ယင်း အမျိုးအစားတူ လေယာဉ်တစင်း ပျက်ကျခဲ့ရာ လေယာဉ်ဝန်ထမ်းနှင့်ခရီးသည် ၁၈၉ ဦးသေဆုံးခဲ့ သည်။

အလားတူ နိုင်ငံအများအပြားကလည်း ခရီးရှည်သွား အလတ်စား လေယာဉ်အမျိုးအစားဖြစ်သည့် ဘိုးအင်း 737 Max 8 ကို ယခုအခါ ပျံသန်းခြင်းမပြုဘဲ ပိတ်ပင်လိုက်ကြပြီး ကမ္ဘာတလွှား လက်ရှိ ပျံသန်းနေသည့် 737 Max 8 အမျိုးအစားတူ အခြားလေယာဉ် ၃၅၀ ကိုလည်း မြေပြင်တွင် ရပ်တန့် ခိုင်းထားခဲ့၍ ပျက်ကျရခြင်းအကြောင်း စုံစမ်းဖော်ထုတ်ကာ ဘိုးအင်း ကုမ္ပဏီဘက်မှ လမ်းညွှန်ချက် ထွက်ပေါ်လာသည် အထိ နိုင်ငံအများစုက စောင့်ဆိုင်းနေကြသည်။

ဘိုးအင်း ကုမ္ပဏီကလည်း အီသီယိုပီးယား လေယာဉ် ပျက်ကျရာသို့ ကျွမ်းကျင်ပညာရှင်အဖွဲ့ကို စေလွှတ်ပြီး စုံစမ်းလေ့လာ ခိုင်းထားသကဲ့သို့ ဘေးကင်းရေးသည် ပထမဦးစားပေးဖြစ်ကြောင်း လတ်တလော ပြောကြားသည်။

လက်ရှိတွင် 737 Max 8 လေယာဉ်များကို မြေပြင်၌ပင် ရပ်တန့်ထားသော နိုင်ငံများမှာ တရုတ်၊ အင်ဒိုနီးရှား၊ တောင်ကိုရီး ယား၊ မွန်ဂိုလီးယား၊ အီသီယိုပီးယား၊ တောင်အာဖရိကနှင့် ဗြိတိသျှပိုင် ကေမန်ကျွန်းစုမှ Cayman လေကြောင်းလိုင်းတို့ ဖြစ်သည်။

တရုတ်

ဘေဂျင်းသည် တနင်္လာနေ့က ၎င်းပြည်တွင်းလေကြောင်းလိုင်းအားလုံးကို ဘိုးအင်း 737 Max 8 အသုံးပြု၍ ပျံသန်းပြေးဆွဲခြင်း ဆိုင်းငံ့ထားရန် အမိန့်ထုတ်ပြန်ခဲ့ပြီး အီသီယိုးပီးယားတွင် ဖြစ်ပွားခဲ့ သော လေယာဉ်မတော်တဆ ပျက်ကျမှုသည် ယမန်နှစ် အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုနှင့် လေယာဉ်အမျိုးအစားတူ၊ ဖြစ်စဉ်တူနေကြောင်း ထောက်ပြ ထားသည်။

အင်ဒိုနီးရှား

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
149
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ယမန်နှစ် အောက်တိုဘာလက အလားတူဘိုးအင်းလေယာဉ်အမျိုးအစား ပျက်ကျခဲ့ဖူးရာ ယခုအခါ ၎င်းလေကြောင်းလိုင်း များရှိ 737 Max 8 လေယာဉ် ၁၁ စင်းကို မြေပြင်၌ ရပ်တန့်စေခဲ့သည်။

တောင်ကိုရီးယား

လေယာဉ်ထုတ်လုပ်သည့် ဘိုးအင်း ကုမ္ပဏီက စုံစမ်း လေ့လာ နေစဉ်အတွင်း ၎င်းပြည်တွင်း၌ ပျံသန်းပြေးဆွဲနေသော Eastar Jet လေကြောင်းမှ ဘိုးအင်း 737 Max 8 လေယာဉ်နှစ်စင်းကို ပျံသန်းခြင်းမပြုရန် တောင်ကိုရီးယား ပို့ဆောင်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မွန်ဂိုလီးယား

မွန်ဂိုလီးယားလေကြောင်းအာဏာပိုင်အဖွဲ့က Facebook ကွန်ရက်မှနေ၍ အမိန့်ထုတ်ရာတွင် ၎င်းနိုင်ငံပိုင် MIAT မွန်ဂိုလီး ယား လေကြောင်းလိုင်းများ အနေဖြင့် 737 Max 8 တို့ကို ပျံသန်းခြင်းမပြုဘဲ မြေပြင်၌ ရပ်တန့်ထားရန် ညွှန်ကြားထား သည်။

အီသီယိုးပီးယား

ဘိုးအင်း Max 8 အမျိုးအစားများကို မြေပြင်၌သာ ရပ်တန့်ထားရန် အီသီယိုးပီးယား လေကြောင်း လိုင်းက တနင်္လာနေ့တွင် ကြေညာသည်။

“ET 302 လေယာဉ်ခရီးဟာ ဝမ်းနည်းဖွယ်ကြုံတွေ့ခဲ့ရတဲ့အတွက် 737-8 Max လေယာဉ်အားလုံးကို နောက်ထပ် အကြောင်းကြားလွှာ မရမချင်း မြေပြင်မှာထဲ ရပ်ထားရှိဖို့ အီသီယိုးပီးယား လေကြောင်း လိုင်းတွေက ဆုံးဖြတ်ပြီးပါပြီ” ဟု နိုင်ငံပိုင်လေကြောင်းလိုင်းက ကြေညာသည်။

တောင်အာဖရိက (Comair)

တောင်အာဖရိကလေကြောင်းလိုင်း ကိုမဲယားက “လေကြောင်းခရီးစဉ်တွေထဲကနေ 737 Max ကို ဖယ်ထုတ်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ထုတ်ပြန်သည်။

Cayman Airways

ကေမန်လေကြောင်းလိုင်းကလည်း ၎င်းပိုင် 737 Max 8 လေယာဉ်နှစ်စင်းဖြင့် ပျံသန်းမည့် ခရီးစဉ် များကို နောက်ထပ် သတင်းအချက်အလက်ထွက်ပေါ်လာသည်အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကေမန်၏အမှုဆောင်အရာရှိချုပ် ဖာဘီယန်ဟိုးရန်က ပြောသည်။

အမေရိကန်၊ ရုရှား၊ တူရကီ၊ အီတလီ၊ အိုက်စ်လန်၊ နော်ဝေ၊ ယူအေအီး(ဒူဘိုင်း)၊ အိုမန် စသည် နိုင်ငံများကမူ ယင်းဂျက်လေယာဉ်များဖြင့် ပြေးဆွဲပျံသန်းနေဆဲ နိုင်ငံများမှာ တို့ဖြစ်ကြသည်။

Your Thoughts …
Tags: 737 Max 8စင်ကာပူဘိုးအင်းလေယာဉ်ပျက်ကျမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

by ကြာဖက်နှင်း
24 August 2024
17.2k

မိမိကိုယ်ကို ခြောက်ပြစ်ကင်း သဲလဲစင်ဟု ကြွေးကြော်ခဲ့သူကြီး။ ဒီလိုနဲ့ လောဘကို မသတ်နိုင်တော့ မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ဖြစ်သွားခဲ့ရသည်။

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

by ဧရာဝတီ
8 September 2023
13.1k

စင်ကာပူ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြရန် လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar (JFM) က စစ်ရာဇဝတ်မှုများနှင့် ဆက်စပ်နေသည့် လုပ်ငန်းရှင် ကိုးဦးကို ဖော်ပြသည့် “Dirty Over 30” စာရင်းကို ထုတ်ပြန်လိုက်သည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

by Gwen Robinson
11 August 2023
10.9k

UOB ၏ မူဘောင်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံး အကျုံးဝင်မည်ဖြစ်သည်။

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁

by အောင်သစ်
8 May 2024
9.7k

အမေရိကန် အစိုးရက ဦးထွန်းမြင့်နိုင်သည် ဖခင်၏ မူးယစ်အင်ပါယာသို့ ၁၉၉၀ ပြည့်နှစ်မှ စတင် ဝင်ရောက်ခဲ့ပြီး ထိုမှ စတင်ကာ မြန်မာပြည်၌ အချမ်းသာဆုံးသူတဦး ဖြစ်လာခဲ့သည်ဟု ဆိုခဲ့သည်။

Next Post
၂၀၀၈ ခုနှစ်တွင် ပြည်ပသို့ ထွက်ပြေးခဲ့ရသည့်တိုင် သက်ဆင်ရှင်နာဝပ်ထရာက ထိုင်းနိုင်ငံရေးကို လွှမ်းမိုးချုပ်ကိုင်နိုင်ဆဲ ဖြစ်သည် / Reuters

သက်ဆင်က ထိုင်းနိုင်ငံရေးအပေါ် အရိပ်မိုးနေဆဲ

၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် မဲထည့်ရမည့် ပြည်မြို့က လူငယ်တွေကို သင်တန်းပေး (ရုပ်/သံ)

၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် မဲထည့်ရမည့် ပြည်မြို့က လူငယ်တွေကို သင်တန်းပေး (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved