ကောင်းမွန်တဲ့ ပညာရေးစနစ်နဲ့ပတ်သက်ပြီး တော်တော်များများရဲ့ တူညီတဲ့ ယုံကြည်ချက်ကတော့ လစာမြင့်မားခြင်းနဲ့ ဘဝနေထိုင်မှုပုံစံ အထက်တန်းကျခြင်းတို့ပဲဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ တိုးတက်မှုဟာ ပညာရေးစနစ်ကောင်းမွန်ခြင်း အပေါ်မှာလည်း မူတည်နေပြီး အခုဖော်ပြထားတဲ့ နိုင်ငံတွေကတော့ စစ်တမ်းတွေအရ ပညာရေးစနစ်မှာ ထိပ်တန်းနေရာကနေ ရပ်တည်နေတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။
(၁) တောင်ကိုရီးယား
တောင်ကိုရီးယားနိုင်ငံဟာ ကောင်းမွန်တဲ့ ပညာရေးစနစ်ကို ပိုင်ဆိုင်ထားတဲ့နိုင်ငံတနိုင်ငံဖြစ်ပြီး အဓိကအနေနဲ့ သင်္ချာ ၊ သိပ္ပံဘာသာရပ်တွေအပြင် စာဖတ်ခြင်းအလေ့အထနဲ့အတူ အခြားဘာသာရပ်တွေမှာပါ အမှတ်ကောင်းကောင်း ရရှိအောင် သင်ကြားပေးနိုင်တဲ့ ပညာရေးစနစ်ကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။
အသက် (၃)နှစ်အရွယ်ကနေစပြီး မူကြိုကျောင်းတွေကို ရွေးချယ်အပ်နှံနိုင်သလို အလယ်တန်းကျောင်းတွေမှာ အပ်နှံခ အခမဲ့ဖြစ်ပြီး အထက်တန်းကျောင်းတွေမှာတော့ နေ့လည်စာနဲ့ စာသင်ချိန်ပြင်ပ လေ့ကျင့်ချိန်တွေအတွက် အပ်နှံခ ပေးချေရတာဖြစ်ပါတယ်။
(၂) ဂျပန်
အသက် (၁၀)နှစ် မပြည့်မချင်း စာမေးပွဲမဖြေဆိုရတဲ့ စနစ်တခုနဲ့ ပညာရေးကို စတင်ထားတဲ့နိုင်ငံတနိုင်ငံဖြစ်ပြီး ကလေးငယ်တွေအနေနဲ့ အသက်(၁၀)နှစ်မပြည့်မချင်း အသေးစား Test လေးတွေကိုသာ ပေါ့ပေါ့ပါးပါး ဖြေဆိုကြရတာပဲဖြစ်ပါတယ်။
ဒီလိုပြုလုပ်ထားခြင်းဟာ ကျောင်းတက်နှစ်(၃)နှစ်အတွင်းမှာ ကလေးငယ်ရဲ့ သင်ကြားနိုင်စွမ်းနဲ့ ဗဟုသုတကို အဆင့်သတ်မှတ်နေတာမဟုတ်ဘူးလို့ ယုံကြည်ထားကြလို့ပဲဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ တဦးအပေါ်တဦးလေးစားမှုတွေ၊သဘာဝအပေါ်ချစ်မြတ်နိုးမှု၊ ကိုယ်ချင်းစာစိတ်နဲ့ သဘောထားကြီးမှုတွေကို သင်ကြားပေးနေတာပဲဖြစ်ပါတယ်။
ဂျပန်နိုင်ငံ ကျောင်းတိုင်းရဲ့ ကျောင်းခေါ်ချိန်ဟာ ၉၉.၉၉ ရာခိုင်နှုန်းအထိရှိပြီး အထက်တန်းကျောင်းရမှတ်ဟာ သတ်မှတ်ထားတဲ့အမှတ်မရောက်မချင်း တက္ကသိုလ်တက်ခွင့်မရှိတာပဲဖြစ်ပါတယ်။
(၃) စင်ကာပူ
အကောင်းမွန်ဆုံး ပညာရေးစနစ်တွေပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေထဲမှာမှ စင်ကာပူနိုင်ငံဟာ နံပါတ်(၃)နေရာမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။ မူလတန်းပညာရေးစနစ်ကောင်းမွန်တဲ့အပြင် တက္ကသိုလ်ပညာရေးစနစ်ဟာဆိုရင်လည်း ကျောင်းပြီးတာနဲ့အလုပ်တန်းရဖို့ အာမခံချက်ရှိတာကြောင့် အခုလို နံပါတ်(၃) နေရာမှာ ရပ်တည်နေနိုင်တာပဲဖြစ်ပါတယ်။
(၄) ဟောင်ကောင်
UK ရဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားတဲ့စနစ်ကို အသုံးပြုတဲ့ ပညာရေးစနစ်ဖြစ်တာကြောင့် နံပါတ်(၄)နေရာမှာ ရပ်တည်နေနိုင်တာဖြစ်ပြီး မူလတန်းနဲ့ အလယ်တန်းအတွက် သင်ကြားရေးကုန်ကျစရိတ်ကို အခမဲ့ ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။
(၅) ဖင်လန်
အခြားသောနိုင်ငံတွေကပါ စံထားရလောက်တဲ့ ပညာရေးစနစ်ကို ပိုင်ဆိုင်ထားပြီး မူလတန်းနဲ့ အလယ်တန်းမှာ နောက်ဆုံးစာမေးပွဲတခုသာ စစ်ဆေးတဲ့စနစ်ကို ကျင့်သုံးတာပဲဖြစ်ပါတယ်။ အိမ်စာပြုလုပ်ခြင်းဟာ ကျောင်းသားတွေ အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတာကြောင့် ကျောင်းမှာပဲ အပြီးပြုလုပ်စေတဲ့ စနစ်ကို ကျင့်သုံးတာပဲဖြစ်ပါတယ်။
Ref: www.quora.com