ရာသီခွင်အလိုက် စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးနိုင်မယ့် နည်းလမ်းကောင်းများ
စိတ်ဖိစီးမှုတွေ ကြုံတွေ့လာတဲ့အခါ စိတ်အပန်းဖြေနည်းဟာ တဦးနဲ့တဦး မတူညီကြပါဘူး။ အခုဖော်ပြပေးမှာကတော့ စိတ်ပညာရှင်တွေ အကြံပြုထားတဲ့ ရာသီခွင်အလိုက် စိတ်အပန်းဖြေနည်းတွေပဲ ဖြစ်ပါတယ်။
(၁) Aries (မိဿရာသီဖွား)
မိဿရာသီဖွားတွေဟာ အလုပ်နဲ့ လက် မပြတ်အောင် အလုပ်ကြိုးစားသူတွေဖြစ်တဲ့အပြင် စိုးရိမ်ပူပန်မှုများတတ်တာကြောင့် စိတ်ဖိစီးမှုဆိုတာဟာ အမြဲရင်ဆိုင်နေရတဲ့ အရာတခုပါ။ ဒီရာသီဖွားတွေအနေနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့ အိပ်ရေးဝဝ အိပ်စက်ပေးတာ၊ တရက်လောက် ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး အနားယူပေးတာမျိုးကို ပြုလုပ်သင့်ပါတယ်။
(၂) Taurus (ပြိဿရာသီဖွား)
ပြိဿရာသီဖွားတွေ အနေနဲ့ကတော့ စိတ်အေးလက်အေး ခရီးထွက်တာမျိုးနဲ့ တယောက်တည်း အေးအေးဆေးဆေး အနားယူခြင်းတို့က စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) Gemini (မေထုန်ရာသီဖွား)
မေထုန်ရာသီဖွားအများစုဟာ အတွေးလွန်တတ်သူတွေဖြစ်တာကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ ယောဂကျင့်တာနဲ့ ခရီးထွက်တာမျိုးပဲ ဖြစ်ပါတယ်။
(၄) Cancer (ကရကဋ်ရာသီဖွား)
စိတ်ခံစားချက် ပြင်းထန်သူတွေဖြစ်တဲ့အပြင် တခြားသူတွေအတွက် တွေးပူလွန်းတတ်တာကြောင့် သူတို့အတွက် စိတ်ဖိစီးမှုသက်သာစေတဲ့ နည်းလမ်းကတော့ ချစ်ခင်ရသူတွေနဲ့ အချိန်ကုန်ဆုံးခြင်းပဲ ဖြစ်ပါတယ်။
(၅) Leo (သိဟ်ရာသီဖွား)
တက်တက်ကြွကြွနေတတ်တဲ့ သိဟ်ရာသီဖွားတွေအတွက် အကောင်းဆုံး စိတ်အပန်းဖြေနည်းကတော့ အေးချမ်း တိတ်ဆိတ်တဲ့ နေရာမျိုးမှာ အနားယူတာမျိုးပဲ ဖြစ်ပါတယ်။
(၆) Virgo (ကန်ရာသီဖွား)
တချိန်လုံးတွေးတောနေတတ်တဲ့ ကန်ရာသီဖွားတွေအနေနဲ့ စိတ်ဖိစီးမှုနဲ့ အတွေးတွေကို ဖြတ်တောက်ပေးနိုင်ဖို့ စာအုပ်ဖတ်တာမျိုးနဲ့ လေ့ကျင့်ခန်းလုပ်တာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။
(၇) Libra (တူရာသီဖွား)
တူရာသီဖွားတွေ အနေနဲ့ကတော့ စိတ်ဖိစီးမှုကို လျော့ကျစေဖို့ သီချျင်းနားထောင်ပေးတာ၊ ဂိမ်းကစားတာနဲ့ အရသာရှိတဲ့ အစားအသောက်တွေ စားတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။
(၈) Scorpio (ဗြိစ္ဆာရာသီဖွား)
စိတ်ခံစားမှုလွယ်ပြီး အငြိုးအတေးကြီးတဲ့ ဗြိစ္ဆာရာသီဖွားတွေအနေနဲ့ စိတ်ဖိစီးမှုကို လျော့ပါးဖို့ဆိုတာဟာ အငြိုးအတေးထားတတ်တဲ့ စိတ်ကိုဖြေဖျောက်ပစ်ဖို့နဲ့ ချစ်ခင်ရသူတွေနဲ့ အချိန်ကုန်ဆုံးဖို့ပဲ ဖြစ်ပါတယ်။
(၉) Sagittarius (ဓနုရာသီဖွား)
ဒီရာသီဖွားတွေအနေနဲ့ စိတ်ပင်ပန်းလာတဲ့အခါ တောတွင်းခရီးထွက်တာမျိုးက အကောင်းဆုံး စိတ်အပန်းဖြေနည်းဖြစ်ပါတယ်။
(၁၀) Capricorn (မကာရရာသီဖွား)
တာဝန်တွေအားလုံးကို ကိုယ့်ခေါင်းပေါ်မှာလို့ ယူဆထားသူတွေ ဖြစ်တာကြောင့် စိတ်ဖိစီးမှုတွေများလာတဲ့အခါ လုပ်လက်စအလုပ်တွေကို ရပ်နားပြီး မိမိလုပ်ချင်တဲ့ အကြိုက်နှစ်သက်ဆုံး အရာတွေကို ပြုလုပ်ပေးသင့်ပါတယ်။
(၁၁) Aquarius (ကုမ်ရာသီဖွား)
စူးစမ်းလေ့လာရတာကို နှစ်သက်တဲ့ ကုမ်ရာသီဖွားတွေအနေနဲ့ စိတတ်ပင်ပန်းလာတဲ့အခါ ခရီးထွက်တာ၊ ရုပ်ရှင်ကြည့်တာမျိုးနဲ့ ကိုယ်ဝါသနာပါရာကို ပြုလုပ်ပေးသင့်ပါတယ်။
(၁၂) Pisces (မိန်ရာသီဖွား)
တယောက်တည်း အေးအေးဆေးနေရတာ ကြိုက်တဲ့ ဒီရာသီဖွားတွေ အနေနဲ့ကတော့ နားအေးပါးအေး အနားယူလိုက်တာက အသင့်တော်ဆုံး ဖြစ်ပါတယ်။
Ref. www.rd.com