• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

စိတ်ဖိစီးမှုတွေ များလာတဲ့အခါ စိတ်သက်သာအောင် နေနည်း

by Crayon
28 May 2018
in Health
A A
နေ့စဉ် လူမှုဘဝမှာ စိတ်ဖိစီးမှုဆိုတာ မရှောင်လွှဲနိုင်တဲ့ အရာ တခုပါ

နေ့စဉ် လူမှုဘဝမှာ စိတ်ဖိစီးမှုဆိုတာ မရှောင်လွှဲနိုင်တဲ့ အရာ တခုပါ

19.8k
VIEWS
Share on FacebookShare on Twitter

နေ့စဉ် ကြုံတွေ့နေရတဲ့ လူမှုဘဝမှာ စိတ်ဖိစီးမှုဆိုတာ မရှောင်လွှဲနိုင်တဲ့ အရာ တခုပါ။ အခြေအနေ အမျိုးမျိုးအပေါ် မူတည်ပြီး စိတ်ဖိစီးမှုတွေကလည်း ကွဲပြားကြပါတယ်။ ရည်းစားနဲ့ လမ်းခွဲတာ၊ အလုပ်တွေများလို့ စိတ်ညစ်တာ၊ မိသားစု ပြဿနာနဲ့ ပညာရေးကြောင့်လည်း စိတ်ဖိစီးမှုမျိုးစုံ ကြုံတွေ့ရမှာပါ။ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ သွေးဖိအား မြင့်တက်ခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အဝလွန်ခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။

စိတ်ဖိစီးမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ ဆိုးကျိုးပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုမှာတောင် ဆိုးတာရယ်၊ ကောင်းတာရယ်ဆိုပြီး ၂ ခုရှိပါတယ်။ ချစ်သူဆီက မထင်မှတ်ထားတဲ့ အရာတခု ရလိုက်တာမျိုး၊ အနှစ်နှစ် အလလက စောင့်မျှော်နေတဲ့ ရည်မှန်းချက် ပြည့်သွားတဲ့အခါ ပုံမှန်ထက်ပိုပြီး စိတ်လှုပ်ရှားတာက ကောင်းတဲ့ စိတ်ဖိစီးမှုလို့ဆိုနိုင်ပါတယ်။

စိတ်ဖိစီးမှုမှာ ကာလတို စိတ်ဖိစီးမှုနဲ့ ကာလရှည် စိတ်ဖိစီးမှုဆိုပြီး ၂ ခု ထပ်ရှိပါသေးတယ်။ ကာလတို ဆိုတာက သင် Presentation လုပ်ဖို့အတွက် စိတ်လှုပ်ရှားနေတာမျိုး၊ အဆူခံလိုက်ရတာမျိုးကြောင့် ခံစားရတဲ့ စိတ်ဖိစီးမှုက ကာလတို ဖြစ်ပြီး အကြွေးတွေ နစ်နေပြီး ရှင်းမရ ဖြစ်နေတာမျိုးက ကာလရှည် စိတ်ဖိစီးမှု ဖြစ်ပါတယ်။ ကာလရှည်ကြာ ခံစားရတဲ့ စိတ်ဖိစီးမှုက သင့်အတွက် ကျန်းမာရေးထိခိုက်မှု ပိုဖြစ်စေပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
139
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

ဘယ်လို အကျိုးဆက်တွေ ဖြစ်လာစေသလဲ

စိတ်ဖိစီးမှု ခံစားရတဲ့အခါ အသက်ရှူ မဝခြင်း၊ အိပ်မပျော်ခြင်း၊ ဗိုက်အောင့်ခြင်း၊ သွားကြိတ်ခြင်း၊ လက်သည်း ကိုက်ခြင်း၊ မေးရိုး နာကျင်ခြင်း၊ လည်ပင်းနဲ့ နောက်ကျော နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်းစတဲ့ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

စိတ်ဖိစီးမှု လျော့ကျစေမယ့် နည်းလမ်း

(၁) အရင်ဆုံး စွန့်လွှတ်တတ်ဖို့ သင်ယူပါ

အလုပ်က သင့်အတွက် စိတ်ညစ်စရာ အရမ်းကောင်းနေပေမယ့် မိသားစုကြောင့် အားတင်းပြီး လုပ်နေရတယ် ဆိုပါစို့။ သင်မပျော်ရွှင်နိုင်မှန်း သေချာနေတဲ့ အရာကနေ စွန့်ခွာလိုက်ပါ။ အချစ်ရေးမှာလည်း ဒီအတိုင်းပါပဲ။ သင့်ကိုအမြဲ စိတ်ညစ်မှုတွေ ပေးတဲ့သူကို စွန့်လွှတ်လိုက်ပါ။ နာကျင်နေမှန်းသိရက်နဲ့ ဆွဲထားတာက သင့်ကို တကယ့်လွတ်လပ် ပျော်ရွင်မှု မပေးနိုင်ပါဘူး။

(၂) ပတ်ဝန်းကျင်ကို လေ့လာပါ

ခေါင်းတွေ တအားရှုပ်ပြီး ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့ အခါမျိုးမှာ သစ်ပင်တွေကိုကြည့်ပါ။ လေညင်းခံပါ။ သဘာဝတရားက ပေးတဲ့ အလှအပတွေကို လိုက်ပါစီးမျောပြီး သာယာငြိမ့်ညောင်းတဲ့ သီချင်းနားထောင်ပါ။

(၃) လုပ်လက်စရာ အရာတွေ ခဏရပ်ပါ

စိတ်ရှုပ်စရာတေ ွများလာတဲ့အခါ လုပ်လက်စ အရာတွေကို ခဏ ရပ်ထားလိုက်ပါ။ ရန်ဖြစ်စကား များနေတဲ့အခါ ခဏရပ်ပြီး စကားမပြောတော့တာမျိုး လုပ်ပါ။ ကွန်ပျူတာအရှေ့ မှာ ခေါင်းပေါက်မတတ် စဉ်းစားပေမယ့် အဖြေ မရတဲ့အခါ ခဏနားပါ။

(၄) စိတ်ပျော်ရွှင်ပါစေ

အချိန်ရှိရင် ခရီးသွားပါ။ စာအုပ်ဖတ်ပါ။ တရားထိုင်ပါ။ ဒီလိုအရာတွေက စိတ်ကို အမှန်တကယ် ပျော်ရွှင်မှု ပေးစွမ်း ပါတယ်။

ကဲ စိတ်ဖိစီးမှုများလာရင် ဆိုးကျိုးတွေပဲ ဖြစ်လာနိုင်တာမို့ ကိုယ့်ကိုကိုယ် ပျော်ရွှင်အောင် ထားပါလို့ အကြံပြုလိုက်ပါတယ်။

Your Thoughts …
Tags: စိတ်ဖိစီးမှု
Crayon

Crayon

Similar Picks:

ဒေါ်နယ် ထရမ့် ပစ်ခတ်ခံရမှုနှင့် စိတ်ပညာအမြင်

ဒေါ်နယ် ထရမ့် ပစ်ခတ်ခံရမှုနှင့် စိတ်ပညာအမြင်

by Simon McCarthy-Jones
20 July 2024
2.3k

စိတ်ဒဏ်ရာ၏ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကို ထိထိရောက်ရောက် ကုသပေးခြင်းသည် ထရမ့်အတွက်သာမက လူ့အဖွဲ့အစည်း တခုလုံးအတွက်ပါ လွန်စွာအရေးပါသည်။

စိတ်ညစ်၊ စိတ်ဓာတ်ကျရင် ပြုလုပ်သင့်တဲ့ အကြောင်းအရာ (၈) ချက်

စိတ်ညစ်၊ စိတ်ဓာတ်ကျရင် ပြုလုပ်သင့်တဲ့ အကြောင်းအရာ (၈) ချက်

by Crayon
3 February 2018
53.7k

အဆင်မပြေတဲ့ ကိစ္စရပ်တွေ ကြုံတွေ့ရလို့ စိတ်ဓာတ်ကျ၊ စိတ်ညစ်သူတွေအတွက် စိတ်ညစ်နေချိန်မှာ အရာရာကို လက်မြှောက် အရှုံးပေးချင်စိတ် ပေါက်လာပြီဆိုရင် မိမိစိတ်ကိုပျော်အောင် မိမိဘာသာ ဖန်တီး မွေးမြူရပါတယ်။

အိမ်မွေး တိရိစ္ဆာန်များ မွေးမြူခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်လို့  စိတ်ပညာရှင်တွေက ဆိုပါတယ်

အိမ်မွေး တိရစ္ဆာန်များ မွေးမြူခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်

by ဟယ်လ်သင်
28 March 2018
4.9k

ခွေး (သို့မဟုတ်) ကြောင် အစရှိတဲ့ အိမ်မွေး တိရစ္ဆာန်တွေနဲ့ ပြေးလွှား ဆော့ကစားခြင်းအားဖြင့် ပုံမှန် လေ့ကျင့်ခန်း လုပ်ဖြစ်စေတဲ့ အပြင် ဦးနှောက် ကျန်မာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

မကြာခဏ ခေါင်းကိုက်တတ်ပြီဆိုရင် သင့်မှာ စိတ်ဖိစီးမှုတွေ များနေတာ

စိတ်ဖိစီးမှု များပြီး စိတ်မပျော်ရွှင်ဘူးဆိုတာ ခန္ဓာကိုယ်ကနေ ဖော်ပြနေတဲ့ လက္ခဏာများ

by ဟယ်လ်သင်
27 May 2019
13.8k

ခန္ဓာကိုယ်တွင်းက Progesterone ဟော်မုန်းအားနည်းတဲ့အခါ မကြာခဏ ခေါင်းကိုက်တတ်ပြီး ဒါဟာဆိုရင် သင့်မှ ာစိတ်ဖိစီးမှုတွေ များနေတယ်ဆိုတာကို ပြသနေတဲ့ လက္ခဏာတခုလည်း ဖြစ်ပါတယ်။

-- / --

ရာသီခွင်အလိုက် စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးနိုင်မယ့် နည်းလမ်းကောင်းများ

by ဟယ်လ်သင်
8 May 2019
13.5k

ပြိဿရာသီဖွားတွေ အနေနဲ့ကတော့ စိတ်အေးလက်အေး ခရီးထွက်တာမျိုးနဲ့ တယောက်တည်း အေးအေးဆေးဆေး အနားယူခြင်းတို့က စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပေးနိုင်မှာ ဖြစ်ပါတယ်။

...

စစ်သေနတ်ပြောင်းဝအောက်က ရန်ကုန်သူ ရန်ကုန်သားများ

by ဧရာဝတီ
5 April 2023
10.1k

အာဏာသိမ်း စစ်တပ်လက်အောက်မှာ ကြုံတွေ့နေရတဲ့ နေ့စဉ်လူမှုဘဝအထွေထွေ အဆင်မပြေမှု၊ စိတ်မကျေနပ်မှု၊ ဒေါသနဲ့ သောကတွေကြောင့် ကျမဟာ တနေ့တခြား ရူးချင်သလိုလိုတောင် ဖြစ်လာနေပါတယ်။

Next Post
သရုပ်ဆောင် မြတ်ကေသီအောင် / ယုဖြူဟန် / ဧရာဝတီ

“အိမ်ထောင်ဆိုတဲ့ ထောင်ထဲ နောက်တခါ ပြန်မဝင်ချင်တော့ဘူး”ဆိုတဲ့ မြတ်ကေသီအောင်

ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနပုံ / ရွှေလေး / ဧရာဝတီ

ဝင်ငွေခွန် ဥပဒေသစ် ၂၀၁၉ ခုနှစ်တွင် ပြဌာန်းမည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

8 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved