မြစ်ရေညစ်ညမ်းမှုနဲ့ ရေဖြတ်တောက်မှုတွေကြောင့် မလေးရှားနိုင်ငံရဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဟာ ပြဿနာအသစ်တခုရဲ့ ခြိမ်းခြောက်ခြင်းကို ခံနေရပါတယ်။
ဒီရေထုညစ်ညမ်းမှုကို Endocrine Disruptors (EDCs) လို့ ခေါ်ပြီး ဓာတုပစ္စည်းတွေ ရေထဲ ပျော်ဝင်ခြင်းကြောင့် ရေတွင်းမှာ ရှိတဲ့ ငါးတွေဟာ လိင်တူနှစ်ခြိုက်တဲ့ Gay ငါးတွေအဖြစ် ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရေးအဖွဲ့အစည်းကတော့ “ဒီလို ဇီဝဖြစ်စဉ်တွေ ပြောင်းလဲခြင်းဟာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ တိုက်ရိုက် သက်ဆိုင်ပြီးတော့ တိရစ္ဆာန်တွေ အပါအဝင် လူတွေကိုပါ သက်ရောက်မှု ရှိပါတယ်”လို့ ပြောပါတယ်။
ငါးတွေဟာ သာမန်ဖြစ်စဉ်တွေကို ကျော်လွန်ပြီး လိင်တူဆက်ဆံမှုတွေ ရှိလာတာကြောင့် မျိုးပွားမှုတွေမှာ စိုးရိမ်စရာတွေ ရှိနေပါတယ်။ လူသားများဟာလည်း အခုလို ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် လူကြီးတွေမှာလည်း ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေ မြင့်တက်နေပြီး ကလေးသူငယ်တွေအတွက်တော့ ကြီးလာတဲ့ အချိန်မှာ သားသမီးမွေးဖွားဖို့ ခက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။
EDCs ဟာ အလှကုန်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီများနဲ့ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီများက လွှင့်ပစ်လိုက်တဲ့ အညစ်အကြေးတွေကြောင့် ဖြစ်ပွားရတာဖြစ်တယ်လို့ သိရပါတယ်။
“ဒီအညစ်အကြေးတွေကြောင့် ငါးတွေရဲ့ လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ပြောင်းလဲလာတယ်။ ဟော်မုန်းတွေ ပြောင်းလဲပြီး ငါးထီး အချင်းချင်း ဆက်ဆံတာ၊ ငါးမ အချင်းချင်း ဆက်ဆံတာတွေ ရှိလာတယ်”လို့ Universiti Putra Malaysia တက္ကသိုလ်ရဲ့ Hydrochemistry ဘာသာရပ် ပါမောက္ခဖြစ်သူ Mr. Zaharin က ပြောပါတယ်။
သားဆက်ခြားဆေးတွေ ရေတွင်း ပျံ့နှံ့မှုတွေကြောင့် ငါးတွေဟာ အခုလို လိင်တူအချင်းချင်း စိတ်ဝင်စားမှုတွေ ရှိလာတာဖြစ်ပြီး ငါးပုံမှန်စားသုံးသူတွေအနေနဲ့ ဟော်မုန်းဆေးတွေကို သောက်သုံးဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း တာဝန်ရှိသူတွေက မလေးရှားပြည်သူတွေကို တိုက်တွန်းထားပါတယ်။
Ref. Todayonline
You may also like these stories:
ပြောင်းလဲလာတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက်မလဲ
ကမ္ဘာကြီးပူနွေးလာမှုကို သတိရှိရှိ ရင်ဆိုင်ဖြေရှင်းနေတဲ့ ထိပ်တန်း ၃ နိုင်ငံ