Trend

သမုဒ္ဒရာအားလုံးရဲ့ အနက်ရှိုင်းဆုံးနေရာကို ရေငုပ်ပြီး ရောက်ရှိခဲ့တဲ့ အမျိုးသား

Want create site? Find Free WordPress Themes and plugins.

အမေရိကန် စွန့်စားရေးသမား ဗစ်တာဗက်စ်ကိုဗို (Victor Vescovo) ဟာ သမုဒ္ဒရာအားလုံးရဲ့ အနက်ရှိုင်းဆုံးနေရာတွေကို ရောက်ရှိခဲ့တဲ့ ပထမဆုံး အမျိုးသား ဖြစ်လာပါတယ်။ ဗစ်တာဟာ သူ့ရဲ့ ၅ ကြိမ်မြောက်နဲ့ နောက်ဆုံးအကြိမ်အဖြစ် အာတိတ်သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံး နေရာကို ရောက်ရှိခဲ့တာပါ။

ပင်လယ်ရေအောက် ၃ဒဿမ ၅ မိုင် အနက်ရှိတဲ့ Molly Deep ဆိုတဲ့ နေရာကို ရေငုပ်သင်္ဘော ပုံစံတူနဲ့ ဆင်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ လအတွင်းမှာလည်း ဗစ်တာဟာ ပစိဖိတ်သမုဒ္ဒရာ၊ တောင်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာနဲ့ အတ္တလန်တိတ် သမုဒ္ဒရာတို့ရဲ့ အနက်ရှိုင်းဆုံးနေရာတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

သူရေငုပ်တဲ့ အကြိမ်တိုင်းမှာ ၁၂ တန် အလေးချိန်ရှိတဲ့ ရေငုပ်သင်္ဘော ပုံစံတူ စက်ကို အသုံးပြုခဲ့ပြီး သူဟာ တိုက်တန်းနစ် သင်္ဘောနစ်မြုပ်ရာ နေရာကိုလည်း သွားရောက်ဖူးတယ်လို့ ဆိုပါတယ်။ သမုဒ္ဒရာ အားလုံးရဲ့ အနက်ရှိုင်းဆုံး နေရာတွေကို သွားခဲ့ပြီး သူ့ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ Molly Deep ကို ရောက်ရှိဖို့ အတွက် နော်ဝေနိုင်ငံ Svalbard ကျွန်းဆွယ်ရဲ့ အနောက်ဘက် မိုင် ၁၇၀ ခန့်ရှိတဲ့ နေရာကနေ သွားခဲ့ရတာဖြစ်ပါတယ်။

“ဒါဟာ ကျနော်တို့ လူသားတွေအနေနဲ့ လုပ်ကို လုပ်သင့်တဲ့ ကိစ္စပဲလေ။ ကျနော်တို့ လူ့လောကကို ရောက်လာတာဟာ မသေအောင် နေထိုင်နေရုံနဲ့ မပြီးသေးဘူး။ ကျနော်တို့ နေထိုင်လို့ မရတဲ့ နေရာတွေ၊ မတွေ့ရှိရသေးတဲ့ သက်ရှိတွေကို လေ့လာဖို့ လိုတယ်ဆိုတဲ့ ဒဿနနဲ့ ကျနော်က နေထိုင်တယ်”လို့ ဗစ်တာက BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

အမေရိကန် ရေတပ်ရဲ့ အရန်တပ်ဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ဗစ်တာနဲ့ သူ့ရဲ့ Five Deep အဖွဲ့တို့ဟာ သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံး နေရာတွေမှာ တခါမှ မတွေ့ရှိဖူးတဲ့ သက်ရှိမျိုးစိတ်ပေါင်း ၄၀ ကျော်ကို တွေ့ရှိခဲ့ရပြီး လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Ref. BBC

Did you find apk for android? You can find new Free Android Games and apps.
Loading