• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အိမ်ထောင်ရေးကို သူများတွေထက် ပိုပြီး ဂရုစိုက်ရတယ်”လို့ အဆိုတော် မိုးမိုး ပြော

by ယုဖြူဟန်
10 September 2019
in Entertainment
A A
အဆိုတော် မိုးမိုးနဲ့ ဇနီး  / ယုဖြူဟန် / ဧရာဝတီ

အဆိုတော် မိုးမိုးနဲ့ ဇနီး / ယုဖြူဟန် / ဧရာဝတီ

9.4k
VIEWS
Share on FacebookShare on Twitter

အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မှားယွင်းခဲ့ဖူးတဲ့ အဆိုတော် မိုးမိုးက လက်ရှိအချိန်မှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတခုကို ပိုင်ဆိုင်ထားပြီး သူ့အတွက် အိမ်ထောင်ရေးကို သူများထက် ပိုပြီး ဂရုစိုက်ရတယ်လို့ ပြောပါတယ်။

“အိမ်ထောင်သက်တမ်းက ၅ နှစ်ရှိပါပြီ။ ပိုဆိုးတာက အရှေ့မှာ ဒုက္ခပေါင်းများစွာ ကျော်ဖြတ်လာခဲ့ရတာဆိုတော့ သူများတွေထက် ပိုဂရုစိုက်ရတယ်။ သူများထက်ပိုပြီး တာဝန်ပိုကြီးပါတယ်။ အထူးသဖြင့် ဇနီးဖြစ်သူပေါ့။ သူက ကျနော့်ကို ရွေးချယ်လိုက်တဲ့အခါကျတော့ ဘေးပတ်ဝန်းကျင်၊ သူ့ဘဝ တက်လမ်းအတွက် တကယ် အရေးပါတဲ့သူဖြစ်အောင် ၂ ဆ ပိုကြိုးစားပြရပါတယ်။ ရန်မဖြစ်တာလည်း ကြာပြီ။ ဘေးမှာ ရှိနေတဲ့အတွက် သူ့ကိုကျေးဇူးတင်ရမှာပေါ့”လို့ မိုးမိုးက ပြောပါတယ်။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.4k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
437
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.2k

ချစ်စရာကောင်းတဲ့ သားသမီး နှစ်ယောက်နဲ့အတူ အိမ်ထောင်သက်တမ်း ၅ နှစ် ကြာလာပြီဖြစ်တဲ့အတွက် သံယောဇဉ်များ ခိုင်မာနေပေမယ့် တယောက်နဲ့ တယောက် လေးစား တန်ဖိုးထားမှုများ ပိုရှိလာအောင် ဂရုစိုက်ရတယ်လို့ မိုးမိုးက ပြောပါတယ်။

“သံယောဇဉ်ကတော့ လူတိုင်း ခိုင်မှာပဲ။ မခိုင်တာက ဘာလဲဆိုတော့ တယောက်နဲ့တယောက် အူမချေးခါးသိလာပြီဆိုတော့ တယောက်နဲ့ တယောက် တန်ဖိုးထားမှု၊ လေးစားမှုက လျော့လာတတ်တယ်။ အဲဒါတွေကို အရင်ထက်ပိုပြီး တန်ဖိုးထားတတ်လာအောင် အရင်ထက်ပိုပြီး တယောက်နဲ့ တယောက် လေးစားမှု ပိုရှိလာအောင် ဂရုတစိုက် လုပ်ရပါတယ်”လို့ မိုးမိုးက ပြောပါတယ်။

အဆိုတော် မိုးမိုးက သူ့ရဲ့ ၄ ခွေမြောက် တကိုယ်တော်အခွေကိုလည်း ဇနီးဖြစ်သူအတွက် ရည်ရွယ်ပြီး “ကော်ဖီ ဝီစကီ နံရိုး ၁ ချောင်း”လို့ နာမည်ပေးထားကြောင်း သိရပါတယ်။

“အဲဒါကတော့ မနက်ခင်းမှာ ကော်ဖီလေး သောက်လိုက်ရင် လန်းဆန်းသွားတယ်။ ညဘက်မှာလည်း အရမ်းပင်ပန်းလာရင် ဘီယာသောက်ရင်က ထိုင်းမှိုင်းသွားတယ်။ ဝီစကီလေး သောက်လိုက်ရရင် နည်းနည်းလေး လန်းသွားတယ်။ ကိုယ့်ရဲ့ ပါရမီဖြည့်ဖက်ကို တည်ပြီးရေးထားတာ။ သူ့အတွက် ရေးထားတာပေါ့”

“သူ ကျနော့်ဘေးမှာ ရှိနေတာ ကော်ဖီလေးတခွက် သောက်နေရသလို၊ အလုပ်ကပြန်လာပြီး ပင်ပန်းလာတဲ့အခါမှာ ဝီစကီလေး တခွက်သောက်နေရသလို ကျနော့်ဘဝရဲ့ပါရမီဖြည့်ဖက် နံရိုး ၁ ချောင်းလို ရေးတာပေါ့”လို့ မိုးမိုးက ပြောပါတယ်။

အဆိုပါ အခွေကိုတော့ ဇနီးဖြစ်သူက ကိုယ်တိုင် ပရိုဂျူဆာလုပ်ကာ ထုတ်လုပ်ပေးမှာ ဖြစ်တဲ့အတွက် ပိုပြီးတော့ ပျော်ရွှင်ရတယ်လို့ ဆိုပါတယ်။

“ပိုပြ ေးနွေးထွေးတာပေါ့။ အရင်တုန်းကဆို အိမ်က ပိုက်ဆံနဲ့ သီချင်းဆိုရတယ်ဆိုတဲ့ ဘဝကို တအားလိုချင်တာ အခု အဲ့ဆုတောင်းက ပြည့်ပြီ”လို့ မိုးမိုးကပြောပါတယ်။

ဇနီးဖြစ်သူကတော့ မိုးမိုးထက် အသက် ၁၀ နှစ်ခန့်ငယ်ပေမယ့် နားလည်မှု အပြည့်ရှိပြီး သူ့ရဲ့အနုပညာအလုပ်များကိုလည်း အထောက်အပံ့များစွာ ပေးတယ်လို့ သိရပါတယ်။ မိုးမိုးကတော့ ၂၀၁၉ မှာ သူ့ရဲ့ အနုပညာသက်တမ်း ၁၈ နှစ်ခန့် ရှိပြီဖြစ်ပြီး ၁၈ နှစ်တာလုံးမှာ အားပေးခဲ့တဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

“အခု ကျနော် အနုပညာလုပ်လာတာ ၁၈ နှစ်လောက် ရှိသွားပါပြီ။ ၁၈ နှစ်လုံး အားပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ပြီး ထွက်လာမယ့် သီချင်းလေးတွေ၊ အနုပညာဖန်တီးမှုတွေကိုလည်း အားပေးကြပါ။ အားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ မိုးမိုးက ပြောပါတယ်။

အဆိုတော် မိုးမိုးက မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း “မျှော်လေတိုင်း မှိုင်းရီ” ဆိုတဲ့ Single သီချင်း တပုဒ် ထွက်ရှိထားပြီး ပရိသတ်များက ကြိုက်နှစ်သက်လျက် ရှိပါတယ်။

Your Thoughts …
Tags: အဆိုတော် မို့မို့အိမ်ထောင်ရေး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ချစ်နှောင်အိမ်

ချစ်နှောင်အိမ်

by နန္ဒာသိန်းဇံ
23 March 2024
583

“အောင်မြင် ပျော်ရွှင်တဲ့ အိမ်ထောင်ရေး ဆိုတာ မျက်စိကန်းနေတဲ့ မယား နဲ့ နားပင်းနေတဲ့ လင်ယောက်ျား ကြားက အိမ်ထောင်ရေးမျိုး ဖြစ်ပါလိမ့်မယ်…”

သရုပ်ဆောင် ချမ်းမီမီကို  / ဝေဝေနှင်း / ဧရာဝတီ

“နောက်အိမ်ထောင်ပြုဖို့အတွက် စကား အကုန် မပြောချင်သေးဘူး”လို့ ချမ်းမီမီကို ဆို

by ယုဖြူဟန်
11 September 2020
44.5k

ကိုယ့်သားကိုပဲ အချိန်ပေးမယ်ဆိုပြီး ပြောလိုက်ပေမယ့် စကားကျွံရင် နှုတ်လို့မရတာတွေ ရှိတယ်။ နောင်တချိန် ကံစပ်လို့ တခုခုဖြစ်သွားခဲ့ရင် ဆိုတာလည်း ရှိတယ်”

သရုပ်ဆောင်ဖြိုးငွေစိုးတို့ မိသားစု  / Phyo Ngwe Soe's  / Facebook

“အိမ်ထောင်ရေးပြိုကွဲပြီဆိုတာ မဟုတ်ပါဘူး” ဆိုတဲ့ သရုပ်ဆောင်ဖြိုးငွေစိုး

by ချစ်ပိုး
29 June 2018
12.8k

“အိမ်ထောင်ရေးမှာလည်း မိန်းမ ငါဘယ်သွားမယ် ဘာလုပ်မယ်ပေါ်တင်ပြောတယ်။ မရရင် မလုပ်ဘူး။ ပင်ပန်းလို့။ လူတယောက်နဲ့ တယောက် ပေါင်းရတာအဆင်ပြေတာလည်း ရှိတယ်။ အဆင်မပြေတာလည်း ရှိတယ်”

တနေ့တာမှာ ကိုယ်ဖြတ်သန်းခဲ့ရတာတွေ အကြောင်း အိမ်ထောင်ဖက်ကို ပြောပြခြင်းဟာ ရင်းနှီးနွေးထွေးစေပါတယ်

သင့်ရဲ့ အိမ်ထောင်ရေး သာယာစိုပြေဖို့ လုပ်သင့်တဲ့ အရာများ

by ရေဗန်
5 February 2019
16.5k

တနေ့တာမှာ ကိုယ်ဖြတ်သန်းခဲ့ရတာတွေ အကြောင်း အိမ်ထောင်ဖက်ကို ပြောပြခြင်းဟာ ရင်းနှီးနွေးထွေးစေပါတယ်။ စိတ်ညစ်စရာအကြောင်းတွေကို မပြောဘဲ တနေ့တာမှာ ကြုံခဲ့တဲ့ ပျော်စရာအကြောင်းလေးတွေကို မျှဝေကြည့်ပါ။

အဆိုတော် မို့မို့ / မန်းသူ

အောင်မြင်မှုကို မနှမြော ၊ အချိန်တွေကိုပဲ နှမြောမိတယ်ဆိုတဲ့ အဆိုတော် မို့မို့

by မန်းသူ
10 May 2018
17.4k

အဆိုတော် မို့မိုနဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက်သီဆိုခဲ့တဲ့ "ဝမ်းနည်းမှတ်တမ်း"က အရမ်းပေါက်ခဲ့တဲ့ သီချင်း တပုဒ်လည်း ဖြစ်ပါတယ်။

အဆိုတော် ချမ်းချမ်း / ယုဖြူဟန် / ဧရာဝတီ

ခွင့်လွှတ်နိုင်တဲ့အကြောင်းအရာတခု ပေးနိုင်ရင် ပြန်လက်တွဲသွားမယ်ဆိုတဲ့ ချမ်းချမ်း

by ယုဖြူဟန်
1 December 2017
46.2k

အစ်မ ထင်တာကတေ့ာ သူလည်းတကယ်ချစ်တယ်။ တကယ်ပြုပြင်နိုင်မယ်ဆိုရင် အစ်မ ခွင့်လွှတ်နိုင်တဲ့ အကြောင်းအရာ တခုပေးရင် ပြန်ခွင့်လွှတ်မယ်။ အစ်မလည်း သူ့ကိုပြောပြမယ်။ ဘယ်အရာတွေပြင်ပေးရမလဲ၊ ဒါပေမယ့် အများကြီး ပြင်စရာမလိုပါဘူး။

Next Post
လက်နက်ကိုင်တဲ့ တပ်ဖွဲ့တိုင်းမှာ ကလေးစစ်သားတွေ ရှိနေသေးတယ် (ရုပ်/သံ)

လက်နက်ကိုင်တဲ့ တပ်ဖွဲ့တိုင်းမှာ ကလေးစစ်သားတွေ ရှိနေသေးတယ် (ရုပ်/သံ)

 ဘီယာ နေ့စဉ် ပုံမှန်သောက်တဲ့ အသက် ၁၀၀ ကျော် အဘွားအို

တနေ့ကို ဘီယာ တခွက်သောက်ပြီး အသက်ရှည်ခြင်း လျှို့ဝှက်ချက်ကို ပြောပြတဲ့ အဘွားအို

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.4k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate