• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ချစ်နှောင်အိမ်

by နန္ဒာသိန်းဇံ
23 March 2024
in ဆောင်းပါး
A A
ချစ်နှောင်အိမ်
590
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သော နေ့က စကားဝိုင်း၊

အဲသည် စကားဝိုင်းမှာ တောရောက်၊ တောင်ရောက် စကားတွေ ပြောကြရင်းမှ အိမ်ထောင်ရေး အကြောင်းကို ပြောဖြစ် နေကြသည်။

အောင်မြင်သော ပျော်ရွှင်ချမ်းမြေ့ခြင်း ရှိသော အိမ်ထောင်ရေး အကြောင်း။

ပြောလိုက်ကြသည်မှာ အများကြီး၊ အမျိုးစုံ…

စကားဝိုင်းထဲတွင် တယောက်သောသူ၏ စကားများကို မှတ်မိနေပါသည်။

*****

“အောင်မြင် ပျော်ရွှင်တဲ့ အိမ်ထောင်ရေး ဆိုတာ မျက်စိကန်းနေတဲ့ မယား နဲ့ နားပင်းနေတဲ့ လင်ယောက်ျား ကြားက အိမ်ထောင်ရေးမျိုး ဖြစ်ပါလိမ့်မယ်…” လို့ ပုဂ္ဂိုလ် တဦးက ပြောဖူးတယ်။ သူပြောတာ ဟုတ်ချင် ဟုတ်မယ်။

ယောက်ျားဆိုတာ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ အိမ်ထောင်ရေးကို ငြီးငွေ့သွားတတ်တယ်။ ရိုးသွားတတ်တယ်။ မယားကို အရင်ကလို အရူးအမူး ချစ်တာတွေလည်း မရှိတော့ဘူး။

မယား ဖြစ်သူကကော၊ သူလည်း သူ့ယောက်ျားလို ဖြစ်ချင် ဖြစ်မှာပေါ့။ ဓာတုဗေဒ သဘောအရ ပြောရရင် လင်က မယားကို၊ မယားက လင်ကို ငြီးငွေ့သွားတာ၊ ရိုးသွားတာတွေ ဖြစ်နိုင်ပါတယ်။

လူရဲ့ ဦးနှောက်မှာ အိုက်ဆိုဒိုဇင်း (Isodoxine) လို့ ခေါ်တဲ့ ဓာတ် ထွက်နေရင် အဲဒီ လူမှာ ချစ်တဲ့ စိတ်တွေ ဖြစ်နေတယ်။ မိမိနဲ့ အတူတူ နေသူအပေါ်မှာ ချစ်စိတ်တွေဟာ အချိန်ကာလ အားဖြင့် ၂ နှစ်ကျော်၊ ၃ နှစ်လောက် ဖြစ်တည် နေတယ်လို့ သိရတယ်။

အဲဒီ အိုက်ဆိုဒိုဇင်း ဓာတ် မထွက်တော့တဲ့ အချိန်မှာ မိမိနဲ့အတူ နေနေသူ အပေါ်မှာ ချစ်တဲ့ စိတ်တွေ ပျယ်လွင့် သွားရောတဲ့။

ဒီတော့ အောင်မြင် ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဟာ ဓာတုဗေဒ ရှုထောင့်ကနေ ပြောရင် ၂ နှစ်ကျော်၊ ၃ နှစ်လောက်ပဲ ခံတဲ့ သဘော ရှိနေတယ်။ တချို့မှာတော့ လပိုင်းလောက်ပဲ ခံချင် ခံမှာပေါ့။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
141
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.7k
သဇင်ပန်း

သဇင်ပန်း

10 January 2026
104

သက်ဆုံးတိုင် ရိုးမြေကျ ချစ်ပါ့မယ်။ ငှက်ဖြစ်ရင်တောင် တကိုင်းတည်း နားချင်တယ် ဆိုတဲ့ သစ္စာတွေ မေတ္တာတွေ အဲဒီ အချိန်မှာ ပြန်မဆိုချင်တဲ့ သီချင်းဟောင်းလို ဖြစ်နေမှာ။

မိမိနဲ့ အတူ နေနေသူ အပေါ်မှာ အချစ်တွေ ကုန်သွားပေမယ့် တခြား ချစ်ချင်စရာသူတွေ အပေါ်မှာတော့ ချစ်ချင်တဲ့ စိတ်က ဖြစ်ပြန်ရောတဲ့။

ဒါကတော့ ပုထုဇဉ်တို့ရဲ့ ဖြစ်အင်လို့ ဆိုကောင်းပါတယ်။ ဓာတု ဖြစ်စဉ်ကတော့ ဘယ်လို ဆက်ဖြစ်ဦးမလဲ မသိဘူး။ ပုထုဇဉ် ဖြစ်တဲ့ ယောက်ျားဟာ ဟိုလိုလို သည်လိုလိုနဲ့ ဖောက်ပြန်မှုတွေ ဖြစ်တတ်တယ်။

ဒီလို ဖြစ်တာတွေကို မယား ဖြစ်သူ မမြင်ရင် ကောင်းတယ်၊ ကန်းနေရင် ကောင်းတယ်၊ ကိုယ့်ယောက်ျား ဖောက်ပြန်ချင်တာ၊ ဖောက်ပြန်နေတာ မမြင်ရ မသိရရင် မယားဖြစ်သူမှာ စိတ်ညစ် သက်သာတာပေါ့။

လင်ယောက်ျား ဖြစ်သူဟာလည်း နားပင်းနေရင် သူ့အတွက် ကောင်းတယ်၊ အိမ်ထောင် ကျပြီးပြီ ဆိုရင် လင်နဲ့ မယားဟာ သိပ်ကို ရင်းနှီးသွားတယ်။

မိမိက လိုက်လျောမှု လွန်ရင်၊ သိပ်ကို ချစ်ပြရင် မိမိကို မယားက အရိုအသေ အလေးအစား လျော့လာတယ်။ မိမိဘက်က တစုံတရာ ချို့ယွင်းမှု ရှိရင် ပိုဆိုးသေးတယ်။ မယားဟာ မိမိကို မလေးစားတော့ဘူး။

အရိုအသေ အလေးအစား ကင်းမဲ့လာတဲ့ အခါ မယားဖြစ်သူက မိမိကို တဖြစ်တောက်တောက်နဲ့ မကျေနပ်တာတွေကို ပြောတယ်၊ မြည်တွန် တောက်တည်းတယ်၊ ဒါတွေကို မကြားရဘဲ နားပင်းနေတာပဲ ကောင်းတယ်။

မနက်ရောက်ပြီဆိုရင် ရေနွေးအိုး နဲ့ ကျုပ်မိန်းမ က ပြိုင်တူ ဆူတော့တာပါပဲ ဆိုတာလိုလေ မနက်လည်း ဆူ၊ ညရောက်တော့လည်း တကျည်ကျည်နဲ့ နားမချမ်းသာစရာတွေ ပြောနေတတ်တယ်။ ဒါတွေကို မကြားရရင်ကောင်းတယ်။

ဒါ့ကြောင့် ကျနော်က…

“အောင်မြင် ပျော်ရွှင်တဲ့ အိမ်ထောင်ရေး ဆိုတာ မျက်စိကန်းနေတဲ့ မယား နဲ့ နားပင်းနေတဲ့ လင်ယောက်ျား ကြားက အိမ်ထောင်ရေးမျိုး ဖြစ်ပါလိမ့်မယ်…” ဆိုတဲ့ စကားကို သဘောကျနေတာ…။

*****

သူ့စကား အဆုံးတွင် “ခင်ဗျားကကော…နားပင်းနေသူ ဖြစ်ချင်လို့လား” လို့ မေးလိုက်တော့မလို လုပ်ပြီးမှ အချိန်မီ ပါးစပ်ကို ပိတ်လိုက်မိပါသည်။

အဘယ့်ကြောင့် ဆိုသော် သူ့အရွယ် နှင့် သူ့ ဂုဏ်သိက္ခာကို ထောက်ထားရမည် ဟူသော အသိ ဝင်လာသောကြောင့် ပါတည်း။ ။

အမှတ် (၆၅) အင်တာဗျူး ဂျာနယ်

(ဒဿန စာပေများ ရေးသားသော စာရေးဆရာကြီး နန္ဒာသိန်းဇံ ရေးသားခဲ့သည့် ဤဆောင်းပါးကို Eight Dragon Books စာပေတိုက်က ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေသော “ပြောရင်း ပြောနေမည့် ချစ်ခြင်းမေတ္တာ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက် အသက် ၆၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

Your Thoughts …
Tags: ချစ်စိတ်ဓာတုဗေဒမယားမေတ္တာယောက်ျားလင်သစ္စာအိမ်ထောင်ရေးအိုက်ဆိုဒိုဇင်း
နန္ဒာသိန်းဇံ

နန္ဒာသိန်းဇံ

Similar Picks:

မိန်းမ နှင့် ငွေ

မိန်းမ နှင့် ငွေ

by ခင်ဆွေဦး
3 December 2023
3k

အိမ်ထောင်စုရဲ့ ပင်မသော့ချက် ဖြစ်တဲ့ မိခင် အိမ်ထောင်ရှင်တွေ ငွေကို ခင်မင်နိုင်သော်လည်း အလိုလောဘ ရမ္မက်နှင့် မတပ်မက်ကြဖို့ ငွေနှင့် ကိုယ်ကျင့်တရား မလဲလှယ်ဖို့ ဆန္ဒပြုလိုက်ရပါတယ်။

မိန်းမ နှင့် ဒေါသ

မိန်းမ နှင့် ဒေါသ

by ခင်ဆွေဦး
28 July 2024
2k

အများအားဖြင့် မိန်းမတွေဟာ “ဒိန်းလိန်း” နတ် ပူးလာရင် သူတို့ရဲ့ စိတ်ထွက်ပေါက်ကို ဒေါသဘက် လှည့် ဖြေရှင်းတတ်ကြပါတယ်။

မိန်းမ နှင့် အလှတရား

မိန်းမ နှင့် အလှတရား

by ခင်ဆွေဦး
3 September 2023
1.4k

ကျမတို့ မိန်းမ အများစုဟာ ဗဟိဒ္ဓိ အပေါ်ယံ အရေပြား တထောက် အလှအပေါ် အာရုံပြုလွန်းပြီး အချိန်ကုန် လူပန်းရုံမက နောက်ဆုံး လူပါ ပျက်စီးစေဖို့အထိ တွန်းပို့ သွားနိုင်ပါတယ်။

ခေတ် နှင့် မိန်းမ

ခေတ် နှင့် မိန်းမ

by ခင်ဆွေဦး
12 November 2023
1.3k

ဒုတိယ ကမ္ဘာစစ် မဖြစ်ခင် ဗြိတိန် အမျိုးသား စာရေးဆရာ J.A Scott မြန်မာတွေ နာမည်ပေးထားတာ ရွှေရိုးဟာ မြန်မာတွေရဲ့ လူမှု ဆက်ဆံရေး၊ အိမ်ထောင်ရေး၊ မြန်မာ မိသားစုတို့ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို တခမ်းတနား...

သီချင်း ညည်းတတ်သည့် အလေ့

သီချင်း ညည်းတတ်သည့် အလေ့

by မောင်ဖေသန်း
9 September 2023
912

လူတိုင်းသီချင်းကလေး တညည်းညည်းနှင့် နေတတ်သည့် အလေ့ကို မွေးသင့်ပါသည်။ အနည်းဆုံး တနေ့လျှင် သီချင်းကလေး တပုဒ်ကို ညည်းဖြစ်အောင် ညည်းပေးသင့်ပါသည်။

“ရိုသေလေးစားမှု” ဟာ အချစ်ရဲ့ ဝိညာဉ်

“ရိုသေလေးစားမှု” ဟာ အချစ်ရဲ့ ဝိညာဉ်

by လူထုစိန်ဝင်း
5 November 2023
867

အဲဒီ ဖြစ်တည်လာတဲ့ အချစ်ကလေး အမြဲတမ်း ရှင်သန် လန်းဆန်းနေဖို့ အတွက် တဦးနဲ့ တဦး “ရိုသေလေးစားမှု” ဆိုတာ မရှိမဖြစ်ကို လိုအပ်ပါတယ်။

Next Post
ကျနော်တို့ရဲ့ ဘုံရန်သူဟာ စစ်တပ်ဖြစ်တယ်

ကျနော်တို့ရဲ့ ဘုံရန်သူဟာ စစ်တပ်ဖြစ်တယ်

လက်ဝဲဝါဒ၊ PLA နှင့် သိန္နီတိုက်ပွဲ

လက်ဝဲဝါဒ၊ PLA နှင့် သိန္နီတိုက်ပွဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved