• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လက်ဝဲဝါဒ၊ PLA နှင့် သိန္နီတိုက်ပွဲ

by ဇေယျ (အညာ)
23 March 2024
in ဆောင်းပါး
A A
လက်ဝဲဝါဒ၊ PLA နှင့် သိန္နီတိုက်ပွဲ

နွေဦးတော်လှန်ရေးအတွင်း သိန္နီစစ်မြေပြင်မှ စစ်ရေးအတွေ့အကြုံကောင်းများရှိသည့် PLA လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ မွေးထုတ်ခဲ့သည်

4.1k
VIEWS
Share on FacebookShare on Twitter

လက်ဝဲဝါဒ (ခေါ်) ဘုံဝါဒ (ခေါ်) ကွန်မြူနစ်ဝါဒသည် ကိုလိုနီခေတ် အမျိုးသားလွတ်မြောက်ရေး နိုင်ငံရေးလှုပ်ရှားမှု ကာလကတည်းက မြန်မာပြည်တွင် ရေပန်းစားလာခဲ့သည့် အယူဝါဒတခု ဖြစ်၏။ ဒုတိယကမ္ဘာစစ် မတိုင်မီ စစ်ကြိုခေတ် ကာလကတည်းက နဂါးနီစာပေနှင့်အတူ လက်ဝဲစာပေများ ခေတ်စားသကဲ့သို့ ဒိုဗမာအစည်းအရုံး သခင်များထဲတွင် လက်ဝဲဝါဒလက်ခံသော၊ လိုလားသော၊ လက်ဝဲယိမ်းသော သခင်များ မနည်းလှပေ။ ၁၉၃၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့က ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို စတင်ဖွဲ့စည်းစဉ်က ပထမဆုံးအတွင်းရေးမှူးသည် သခင် အောင်ဆန်း (ဗိုလ်ချုပ် အောင်ဆန်း) ဖြစ်ခဲ့သည်။

အရင်းရှင်ဝါဒကို ဆန့်ကျင်သည့် ကွန်မြူနစ်ဝါဒ ခေါ် လက်ဝဲဝါဒသည် ၁၈၄၈ ခုနှစ် ကွန်မြူနစ်ပါတီ ကြေညာစာတမ်းနှင့်အတူ လူသိများလာခဲ့ပြီး ၁၉၁၇ ခုနှစ် အောက်တိုဘာ တော်လှန်ရေးအောင်ပွဲနှင့် ကမ္ဘာအနှံ့ပြန့်နှံ့သွားခဲ့၏။ အဖိနှိပ်ခံပြည်သူများ၊ ဆင်းရဲသားနင်းပြား ပြည်သူများအတွက် လွတ်မြောက်ရေး လမ်းကြောင်းအဖြစ် မှတ်ယူခဲ့ကြ၏။

ရုရှားနှင့် အရှေ့ဥရောပနိုင်ငံများတွင် ပျံ့နှံ့ခဲ့သော လက်ဝဲဝါဒသည် တရုတ်ပြည်၏အောင်ပွဲနှင့်အတူ ဆင်းရဲသော၊ ဖွံ့ဖြိုးမှုနောက်ကျသော ကိုလိုနီနိုင်ငံများ၊ ကိုလိုနီတပိုင်းနိုင်ငံများသို့ လျင်မြန်စွာ ပျံ့နှံ့ခဲ့ကြသည်။

ကိုလိုနီနှင့် ကိုလိုနီတပိုင်းနိုင်ငံ များပြားသည့် အရှေ့တောင်အာရှကျွန်းဆွယ်တွင်လည်း နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုနှင့်အတူ လက်ဝဲဝါဒ မြေခံကောင်းခဲ့ပြီး ဗမာပြည်သည်လည်း လက်ဝဲဝါဒအား ကောင်းရှင်သန်ခဲ့သည့် နိုင်ငံတခုဖြစ်ခဲ့၏။

ဗကပ ဟု ခေါ်ဝေါ်သမုတ်ခံရသည့် ဗမာပြည်ကွန်မြူနစ်ပါတီသည် ၁၉၃၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့၏။ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်တွင် ဖဆပလ အစိုးရကို ပုန်ကန်တော်လှန်ခဲ့သည်။ ၁၉၈၉ ခုနှစ် ပြိုကွဲခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်မှု ရပ်တန့်သွား၏။

ဗကပ ဗဟို၏ သစ္စာရှိ နောက်လိုက်များသည်လည်း တရုတ်နှင့် ပြည်နိုင်ငံများတွင် ခိုလှုံခဲ့ကြသည့်အပြင် နိုင်ငံတကာ၊ အရှေ့တောင်အာရှနှင့် ဗမာပြည်တွင် လက်ဝဲလေထု လျော့ပါးသွားရာ ဗကပ သို့မဟုတ် လက်ဝဲအင်အားစုများ ပြန်မလာတမ်း အဆုံးသတ်သွားပြီဟု အများက ယူဆခဲ့ကြ၏။

ဗကပ ဗဟို၏ သစ္စာရှိ နောက်လိုက်များသည်လည်း တရုတ်နှင့် ပြည်နိုင်ငံများတွင် ခိုလှုံခဲ့ကြသည့်အပြင် နိုင်ငံတကာ၊ အရှေ့တောင်အာရှနှင့် ဗမာပြည်တွင် လက်ဝဲလေထု လျော့ပါးသွားရာ ဗကပ သို့မဟုတ် လက်ဝဲအင်အားစုများ ပြန်မလာတမ်း အဆုံးသတ်သွားပြီဟု အများက ယူဆခဲ့ကြ၏။

၂၀၁၅ မျိုးဆက်

သို့သော် တက်ကြွသော ကျောင်းသားလူငယ် လှုပ်ရှားမှုများတွင် လက်ဝဲဝါဒသည် ကျရှုံးမသွားပေ။ လက်ဝဲဝါဒကို ဖက်တွယ်၍ ကျားကုပ်ကျားခဲ ရပ်ခံနေသော လူဟောင်းအနည်းငယ် ကျန်ရှိသေးသကဲ့သို့ ကျောင်းသားလှုပ်ရှားမှုများမှလည်း လက်ဝဲကျောင်းသားများ တကျော့ပြန်ထွက်လာသည်ကို တွေ့ရ၏။

၂၀၁၅ ခုနှစ် လက်ပံတန်းကျောင်းသားသပိတ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) လှုပ်ရှားမှုများနှင့်အတူ လက်ဝဲဝါဒကို လိုလားသော ကျောင်းသားလူငယ်များ ထပ်မံထွက်ပေါ်လာ၏။ ၂၀၁၅ နောက်ပိုင်းတွင် ရွှေဘိုခရိုင် ဗကသ ကျောင်းသားများ၏ လက်ဝဲဝါဒ (ကွန်မြူနစ်ဝါဒ) လေ့လာရေး လှုပ်ရှားမှုများကို တွေ့ရ၏။ ဗကသ ကျောင်းသားလူငယ်များကြား လက်ဝဲလှုပ်ရှားမှု အရှိန်ရလာ၏။

၂၀၁၈ ခုနှစ်တွင် ဗကသ အနွယ် လက်ဝဲကျောင်းသားများသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထံ အကူအညီတောင်း၍ KIA ဌာနချုပ်တွင် စစ်သင်တန်း ပထမပတ် စတင်တက်ခဲ့ကြသည်ဟု သိရ၏။ စစ်အုပ်စုကို လက်နက်ကိုင်တိုက်မှရမည်ဟု ယနေ့ခေတ် လူငယ်မျိုးဆက်သစ်များထဲမှ အစောဆုံး သိမြင်သည့်အပြင် လက်တွေ့ဆောင်ရွက်သည့် လူငယ်များဖြစ်၏။ ထိုလူငယ်များကို ၂၀၁၅ မျိုးဆက်ဟု ခေါ်ရမည်ထင်သည်။

လက်ဝဲမျိုးဆက်သစ်နှင့် နွေဦးတော်လှန်ရေး

PLA တပ်ဖွဲ့ဝင်များ

လက်ဝဲမျိုးဆက်သစ်လူငယ်များ လက်နက်ကိုင်တော်လှန်ရေး ပြင်ဆင်သည့်ကာလသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေတ်ကာလဖြစ်ပြီး မြို့ပေါ်တွင် ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး အားကောင်းနေသည့်ကာလဖြစ်ရာ လူထုအများစုက လက်နက်ကိုင်မည့်လမ်းစဉ်ကို လက်မခံကြပေ။ စစ်တပ်ကို ယုံကြည်၍မရ ဆိုသည်ကိုလည်း လက်မခံကြခဲ့ပေ။ ဥပဒေတွင်းနိုင်ငံရေး အားကောင်းနေသည့် ကာလဖြစ်၏။

၁၉၁၇ ခုနှစ် အောက်တိုဘာတော်လှန်ရေး ကာလမှသည် ၁၉၇၅ ခုနှစ် အင်ဒိုချိုင်းနား သုံးနိုင်ငံ အောင်ပွဲခံသည့်ကာလအထိ အရှေ့လေ အားကောင်းခဲ့၏။ ၁၉၈၀ မှစ၍ ယနေ့ကာလအထိက အနောက်လေဟုဆိုရမည့် လစ်ဘရယ်ဒီမိုကရေစီ အားကောင်းသည့်ကာလ ဖြစ်၏။

ကွန်မြူနစ်ဝါဒသည် ပင်ကိုယ်အားနည်းချက်များ၊ အာဏာရှင်အသစ် ပြန်လည်ထွက်ပေါ်မှုများ၊ အစွန်းရောက်မှုများကြောင့် ရေပန်းစားမှု လျော့ကျနေ၏။ ဘာသာတရားမဲ့မှုကြောင့်လည်း တိုက်ခိုက်ခံနေရသည်။ ဖက်ဒရယ် သို့မဟုတ် ကွန်ဖက်ဒရိတ် လိုလားသော တိုင်းရင်းသား အင်အားစုများကြားတွင်လည်း ကွန်မြူနစ်ဝါဒ၊ လက်ဝဲဝါဒသည် ရေပန်းမစားပေ။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)

သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုသည် လက်နက်ကိုင်လမ်းစဉ်ကို လက်မခံသည့် လူထုအား ကြီးမားစွာ ပြောင်းလဲစေလိုက်၏။ စစ်အုပ်စုကို လက်နက်ကိုင်၍ တိုက်ခိုက်ရန် လူထုက တခဲနက်ထောက်ခံပြီး လက်နက်ကိုင်ပုန်ကန်မှု ပေါက်ကွဲထွက်လာခဲ့၏။ လက်နက်ကိုင်သင့်၊ မကိုင်သင့်ဆိုသည်မှာ အငြင်းပွားဖွယ်ရာ မဟုတ်တော့ပေ။

ထိုအခြေအနေများအောက်တွင်ပင် ဗကသ ကျောင်းသားလူငယ် လက်ဝဲအင်အားစုများ၏ အားထုတ်မှုကြောင့် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army–PLA) ကို ဖွဲ့စည်းနိုင်ခဲ့ကြ၏။

PLA သည် ဦးစွာအားဖြင့် စစ်ကိုင်းတိုင်းတွင် အခြေပြုခဲ့ကြ၏။ KIA, တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဒေသများတွင် လေ့ကျင့်ဖွဲ့စည်းခဲ့ကြသကဲ့သို့ KIA နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ထံမှ လက်နက်အကူအညီအချို့ ရရှိခဲ့ကြပြီး စစ်ကိုင်းတိုင်းတွင် လှုပ်ရှားမှုအချို့ စတင်တွေ့ရှိခဲ့ရ၏။

PLA သည် ဦးစွာအားဖြင့် စစ်ကိုင်းတိုင်းတွင် အခြေပြုခဲ့ကြ၏။ KIA, တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဒေသများတွင် လေ့ကျင့်ဖွဲ့စည်းခဲ့ကြသကဲ့သို့ KIA နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ထံမှ လက်နက်အကူအညီအချို့ ရရှိခဲ့ကြပြီး စစ်ကိုင်းတိုင်းတွင် လှုပ်ရှားမှုအချို့ စတင်တွေ့ရှိခဲ့ရ၏။ ၂၀၂၁ ခုနှစ်ကုန်ပိုင်းက စစ်ကိုင်းတိုင်းအတွင်း ကျဆုံးခဲ့သည့် PLA ခေါင်းဆောင်ပိုင်းတဦးဖြစ်သည့် မောင်နှင်းအောင်သည် ဗကသ ခေါင်းဆောင်တဦးအဖြစ်လည်း ထင်ရှားခဲ့သူဖြစ်၏။

အစောပိုင်းကာလက PLA သည် စစ်ကိုင်းတိုင်း၊ မိုးကုတ်၊ နာဂ၊ တနင်္သာရီ၊ မြစ်ဝကျွန်းပေါ်ဒေသတို့တွင်ပါ လှုပ်ရှားသည်ဟု သတင်းများတွင် တွေ့နေရသော်လည်း ယခုအခါ စစ်ကိုင်းတိုင်းမှအပ ကျန်ဒေသများတွင် လှုပ်ရှားမှု မတွေ့ရသလောက် အားနည်း၏။ သို့သော် ရှမ်းမြောက်တွင် PLA ၏ အင်နှင့်အားနှင့် တိုက်ပွဲဝင်မှုကို တွေ့ရ၏။

အမှတ် ၉ စစ်ဒေသ

၂၀၂၂ ခုနှစ်တွင် အညာဒေသမှ PLA မှ အင်အား ရာဂဏန်း ပလောင်ဒေသမှတဆင့် MNDAA နှင့် ချိတ်ဆက်ပြီး MNDAA တပ်မဟာ ၆ တွင် လေ့ကျင့် လက်နက်တပ်ဆင်ရန် ရောက်ရှိသွားကြ၏။ တပ်မဟာ ၆ တွင် ရောက်ရှိနေကြသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ PDF, ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့နှင့် သင်တန်းဆင်းပွဲ၊ လက်နက်တပ်ဆင်ပွဲကို ၂၀၂၃ ခုနှစ် နှစ်ဆန်းတွင် MNDAA တပ်မဟာ ၆၁၁ ၌ ပြုလုပ်သည်ကို တွေ့ရ၏။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
32
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
727
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
208

သင်တန်းဆင်းပြီးနောက် မြေပြင်တွင် လက်တွေ့လေ့ကျင့်လှုပ်ရှားရင်း တိုက်ပွဲငယ်အချို့ ဖြစ်ပွားခဲ့၏။ ရှမ်းမြောက်တွင် နှစ်နှင့်ချီ၍ လေ့ကျင့်စုဖွဲ့နေစဉ် ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ အစားအသောက်၊ ရာသီဥတုကွဲပြားခြင်း၊ ဇာတိအား လွမ်းဆွတ်ခြင်းတို့ကြောင့် PLA ရဲဘော်အချို့ အိမ်သို့ ပြန်ပြေးမှု ရှိခဲ့သော်လည်း အများစုမှာ တောင့်ခံနိုင်ခဲ့ကြ၏။ အခက်အခဲများကို ကျော်လွှားနိုင်ခဲ့၏။ ကိုးကန့် တပ်မဟာ ၆၁၁ သို့ ရောက်ရှိနေသော PLA တပ်ဖွဲ့ကို တပ်ရင်း နှစ်ရင်းဖွဲ့စည်းပြီး အမှတ် ၉ စစ်ဒေသတပ်များအဖြစ် ဖွဲ့စည်းထားသည်ဟု သိရ၏။

သိန္နီတိုက်ပွဲ

၁၀၂၇ စစ်ဆင်ရေး စတင်သည့်အခါ MNDAA ၏ ကူညီမှုဖြင့် လက်နက်ခဲယမ်း အပြည့်အစုံ တပ်ဆင်ထားသော PLA တပ်ရင်းနှစ်ရင်းသည် MNDAA တပ်မဟာ ၆၁၁ ၏ စစ်ဆင်ရေး ကွပ်ကဲမှုအောက်တွင် ရက္ခိုင့်တပ်တော် (AA)၊ KNDF ၊ BPLA တို့နှင့်အတူ တိုက်ပွဲဝင်ခဲ့သည်။

စစ်ဆင်ရေး စတင်ကတည်းက PLA တပ်ရင်းနှစ်ရင်း တာဝန်ယူသည့် စစ်မြေပြင်သည် သိန္နီစစ်မြေပြင်ဖြစ်၏။ သိန္နီမြို့ ရဲစခန်း၊ အုပ်ချုပ်ရေးယန္တယားနှင့် သိန္နီမြို့ တောင်ဘက်ရှိ စကခ ၁၆ ဌာနချုပ်၊ ခလရ ၆၉၊ ခလရ ၂၄၀၊ ခမရ ၃၂၃ တို့ကို ရင်ဆိုင်တိုက်ခိုက်ရန် တာဝန်ယူရ၏။

စစ်ဆင်ရေး စစချင်း သိန္နီမြို့အား သိမ်းပိုက်ခဲ့၏။ ထို့နောက် သိန္နီအဝင် နမ္မတူတံတားကို ဖောက်ခွဲပြီး စစ်တပ်၏ စစ်ကူလမ်းကြောင်းအား ဖြတ်တောက်ခဲ့၏။ သိန္နီရဲစခန်း၊ သိန္နီ အကောက်ခွန်ဂိတ်တို့တွင် နေရာယူထားသော PLA ရဲဘော်များ၏ ဓာတ်ပုံများသည် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး မကြာမီ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့၏။

ထို့နောက် PLA တပ်ဖွဲ့များသည် စကခ ၁၆ နှင့် တပ်ရင်းဌာနချုပ်များကို ဆက်လက်ဝိုင်းပတ် ပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့ကြ၏။ စစ်တပ်၏ ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြ၏။ ပေါင် ၅၀၀ ဗုံးတလုံးကျလာလျှင် နှစ်ထပ်တိုက်တလုံး လုံးဝ ပျောက်သွားသည့်ပြင် ကျင်းနက်ကြီးတခု ပေါ်လာသည်အထိ ပြင်းထန်ရက်စက်သည့် စစ်မြေပြင်ကို ရင်ဆိုင်ခဲ့ကြ၏။

PLA တပ်ဖွဲ့ဝင်များသည် ၁၀၂၇ စစ်ဆင်ရေး စတင်သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှ ဟိုင်ဂင်သဘောတူညီချက်နှင့် အပစ်အခတ်ရပ်စဲသည့် ၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလ ၁၁ ရက်နေ့အထိ သိန္နီစစ်မြေပြင်တွင် စကခ ၁၆ ဌာနချုပ်နှင့် လက်အောက်ခံတပ်ရင်းများကို ၇၇ ရက်တိုင် ရင်ဆိုင်တိုက်ပွဲဝင်ခဲ့၏။ ပထမ ရက် ၇၀ ခန့်တွင် PLA တပ်ရင်းနှစ်ရင်းထဲ ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး အဆုံးသတ် တပတ်ခန့်တွင်သာ ကိုးကန့်တပ်ရင်းတရင်းနှင့် KNDF တပ်ဖွဲ့တဖွဲ့ အင်အားဖြည့်တင်းပေးခဲ့သည်။

သို့ဖြစ်ရာ ၇၇ ရက်ကြာ သိန္နီစစ်မြေပြင်တွင် PLA တပ်ရင်းနှစ်ရင်းသည် ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြားတွင် သိန္နီမြို့၊ စကခ ဌာနချုပ်၊ တပ်ရင်းဌာနချုပ်များကို ရဲရဲရင့်ရင့် ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြ၏။ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြ၏။

သို့ဖြစ်ရာ ၇၇ ရက်ကြာ သိန္နီစစ်မြေပြင်တွင် PLA တပ်ရင်းနှစ်ရင်းသည် ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြားတွင် သိန္နီမြို့၊ စကခ ဌာနချုပ်၊ တပ်ရင်းဌာနချုပ်များကို ရဲရဲရင့်ရင့် ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြ၏။ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြ၏။

သိန္နီရဲစခန်းကို သိမ်းပိုက်ထားသည့် PLA တပ်ဖွဲ့ဝင်များ

PLA ရဲဘော်များ၏ စွန့်လွှတ်ပေးဆပ်ရမှုမှာလည်း မနည်းလှပေ။ ၇၇ ရက်ကြာ သိန္နီစစ်မြေပြင်တွင် ရဲဘော် ၁၂ ဦး အသက်ပေးခဲ့ရ၏။ အပစ်အခတ်ရပ်စဲသည်ဆိုသည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ပင် နောက်ဆုံးတောင်ကုန်းအား တပ်ဖြန့်နေရာယူစဉ်တွင် တပ်ခွဲမှူးရဲဘော်တဦး ကျဆုံးခဲ့ရ၏။ ရဲဘော် ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့၏။

ဒဏ်ရာရ ရဲဘော်အများစုမှာ ပြန်လည်ကောင်းမွန်ပြီး မူလတပ်တာဝန်များ ပြန်လည်ထမ်းဆောင်၍ စစ်မြေပြင်သို့ ပြန်လည်ထွက်နိုင်သော်လည်း ၁၀ ဦးခန့်မှာမူ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရပြီး မသန်စွမ်းရဲဘော်များအဖြစ်နှင့် တော်လှန်ရေးအား ပေးဆပ်ခဲ့ရ၏။

အဆိုးထဲက အကောင်းမှာ ရက်ပေါင်း ၇၇ ရက်အတွင်း သိန္နီစစ်မျက်နှာတွင် နေ့ညမပြတ် ရက်အများစုကို PLA တပ်ဖွဲ့တခုတည်းက တာဝန်ယူတိုက်ခိုက်ခဲ့ခြင်း၊ ပြင်းထန်သောရန်သူ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူကို ရင်ဆိုင်ပြီး ရန်သူစကခ ဌာနချုပ်၊ တပ်ရင်းဌာနချုပ်များအား တိုက်ခိုက်သိမ်းပိုက် အနိုင်ယူနိုင်ခဲ့ခြင်းများကြောင့် PLA တပ်မှူး တပ်သားအားလုံးသည် အချိန်တိုအတွင်း တိုက်ပွဲအတွေ့အကြုံ ကောင်းစွာရရှိခဲ့ပြီး မိမိဖာသာ စစ်မြေပြင်တွင် ရပ်တည်တိုက်ခိုက်နိုင်စွမ်းရှိသည့် တပ်ဖွဲ့ကောင်းတဖွဲ့ ဖြစ်လာခဲ့ပြီဖြစ်၏။

PLA ဖွဲ့စည်းသည့် သုံးနှစ်ပြည့်ခဲ့အခါသမယတွင် သိန္နီစစ်မြေပြင်မှ တိုက်စွမ်းရည်ရှိသည့်၊ တိုက်ပွဲတွေ့အကြုံရှိသည့် PLA တပ်ဖွဲ့တဖွဲ့ ပေါ်ထွက်ခဲ့ပေပြီ။

သိန္နီတိုက်ပွဲသည် PLA အတွက် အရေးပါသည့် အောင်မြင်မှုနှင့် အတွေ့အကြုံကောင်းများရသည့် တိုက်ပွဲဖြစ်၏။ ရှေ့ဆက်၍ တိုက်ပွဲများစွာတွေ့ကြုံရဦးမည်။ စစ်အုပ်စုအား အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်နိုင်ရန်အတွက် PLA သည် PDF များ၊ အခြားဒီမိုကရက်တစ်တပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည်။

PDF နှင့် အခြား ဒီမိုကရက်တစ်တပ်ဖွဲ့များ၊ တိုင်းရင်းသားတပ်ဖွဲ့များ အနေဖြင့်လည်း ကွန်မြူနစ်ဆို၍၊ လက်ဝဲဆို၍ နောက်တွန့် လက်ရှောင်မသွားဘဲ စစ်ရေးအတွေ့အကြုံကောင်း ရရှိထားသည့်၊ တိုက်ခိုက်ရေး အတွေ့အကြုံရှိသည့် PLA တပ်ဖွဲ့ကို စစ်အုပ်စုအား တော်လှန်တိုက်ခိုက်နေသည့် လက်နက်ကိုင် တော်လှန်ရေးအတွင်း လက်တွဲသွားကြရန် လိုအပ်ပေလိမ့်မည်။

အနိမ့်ဆုံး တူတာတွဲလုပ်ပြီး မတူတာခွဲလုပ်ကြရန် လိုအပ်ပေလိမ့်မည်။ မတူကွဲပြားသော နိုင်ငံရေးအမြင်များကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းသွားကြရန် လိုပေလိမ့်မည်။ မည်သို့သော အားနည်းချက်၊ မည်သို့သော ကွဲလွဲချက်များ ရှိသည်ဆိုစေကာမူ လက်ဝဲဝါဒဆိုသည်မှာ ဖိနှိပ်မှု၊ မတရားမှုများကို အံတုထွက်ပေါ်လာသည့်၊ ပြည်သူလူထုအကျိုးကို ရှေ့ရှုသည့် အယူဝါဒတခုသာ ဖြစ်သည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သည့် ကာလမှသည် စစ်အာဏာရှင်စနစ်ကိုကို ဆန့်ကျင်တိုက်ပွဲဝင်သည့် ကာလတလျှောက်လုံး လက်ဝဲအင်အားစုများ ပါဝင်ခဲ့သည်သာ ဖြစ်၏။

နွေဦးတော်လှန်ရေးအတွင်း သိန္နီတိုက်ပွဲ၊ သိန္နီစစ်မြေပြင်မှ စစ်ရေးအတွေ့အကြုံကောင်းများရှိသည့် PLA လက်နက်ကိုင်တပ်ဖွဲ့တခု မွေးထုတ်ခဲ့ပေပြီ၊၊ မတူညီသော နိုင်ငံရေးအယူအဆများ ရှိနေသော်ငြားလည်း၊ လူထုအများစု၏ ထောက်ခံမှုမရဟု ဆိုနိုင်သော်ငြားလည်း PLA သည် စစ်ကောင်စီအား စစ်ရေးအရ ထိုးနှက်တိုက်နိုင်သည့် လက်နက်ကိုင်အင် အားစုတရပ်ဖြစ်သည်ဆိုသည်ကတော့ ငြင်းပယ်၍မရပေ။

နွေဦးတော်လှန်ရေးဆိုသည်မှာ နိုင်ငံရေးအမြင်အယူအဆ မတူညီကြသော အင်အားစုများ၊ မတူကွဲပြားမှုရှိသော တိုင်းရင်းသားလူမျိုးများအားလုံး စုစည်းကြပြီး ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို ကိုယ့်ကျရာနေရာမှ လက်နက်ကိုင်တော်လှန်နေကြခြင်း ဖြစ်‌ပေသည်။

You may also like these stories:

တလှိုင်းပြီးတလှိုင်း လာနေသော စစ်ရေးလှုပ်ရှားမှုများ

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

လှုပ်လှုပ်ရှားရှား ကူမင်းဆွေးနွေးပွဲများ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

“၁၀၂၇ စစ်ဆင်ရေး” နှင့် ရက်ပေါင်း ၆၀

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးPDFPLAကွန်မြူနစ်ဝါဒစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံနွေဦးတော်လှန်ရေးပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဗကသဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဗမာပြည်ကွန်မြူနစ်ပါတီလက်နက်ကိုင်လမ်းစဉ်လက်ဝဲဝါဒလေကြောင်းတိုက်ခိုက်မှုဟိုင်ဂင်သဘောတူညီချက်အရင်းရှင်ဝါဒ
ဇေယျ (အညာ)

ဇေယျ (အညာ)

ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
“လူတိုင်းလူတိုင်း သန့်ရှင်းတဲ့ရေ အသုံးပြုခွင့် ရှိသင့်တယ်”

“လူတိုင်းလူတိုင်း သန့်ရှင်းတဲ့ရေ အသုံးပြုခွင့် ရှိသင့်တယ်”

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved