Trend

ဗြိတိန်အမျိုးသားတဦးက ထိုင်းလူမျိုး ဇနီးသည်ကို ဝရံတာမှ ပစ်ချ

ရောဂါဖြစ်ပွားမှုတွေကြောင့် အသွားအလာ ပိတ်ဆို့ခံရတဲ့ ဒဏ်ကို မခံနိုင်တော့တဲ့ ဗြိတိန်ခရီးသွားတဦးဟာ ဇနီးသည်ကို ဝရံတာမှ ပစ်ချခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၄၆ နှစ်အရွယ် Dave Mitchell ဆိုသူဟာ ဇနီးဖြစ်တဲ့ အသက် ၅၆ နှစ်အရွယ် Sukanda ဆိုသူကို ၇ ထပ်တိုက် ဝရံတာမှ ပစ်ချခဲ့တာလို့ Dailymail သတင်းဌာနမှာ ဖော်ပြထားကြောင့် ထိုင်းသတင်းစာများက ဆိုပါတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ရောက်ရှိလာပြီး ဆေးရုံကို ပို့မယ့် အချိန်မှာတော့ သတိရှိနေသေးတဲ့ အဲဒီအမျိုးသမီးက သူမဟာ ခင်ပွန်းနဲ့ စကားများစဉ် ခင်ပွန်းဖြစ်သူက  သူမကို ၇ လွှာမှ ပစ်ချခဲ့တာဖြစ်ကြောင်း ရဲများကို ပြောဆိုခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ Sukanda ဟာ ၂ ထပ်လောက်သာ ပြုတ်ကျခဲ့ပြီး အခြားတိုက်က ပြုလုပ်ထားတဲ့ လျှာထိုးခေါင်မိုးပေါ်မှာ ကျခဲ့တာကြောင့် အသက် သေဆုံးခြင်း မရှိခဲ့တာလို့  တာဝန်ရှိသူတွေက ပြောပါတယ်။

အမှုဖြစ်ပွားပြီးနောက်မှာ နေအိမ်အတွင်းမှာ ပိတ်ဆို့နေထိုင်နေတဲ့ အဲဒီဗြိတိန်အမျိုးသားကို နေအိမ်အတွင်းမှ ထွက်လာရန် ရဲအရာရှိများက  ၂နာရီခန့် ဖျောင်းဖျခဲ့ရတယ်လို့ သိရပါတယ်။


ဖမ်းဆီးရမိချိန်မှာ အဲဒီအမျိုးသားဟာ ဝရံတာမှာ လက်အုပ်ချီလျက် ဆုတောင်းနေတဲ့ အတိုင်း ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါအမျိုးသားဟာ COVID-19 ရောဂါ ဖြစ်ပွားမှုတွေကြောင့် နေရပ်နိုင်ငံကို ပြန်နိုင်ခြင်း မရှိဘဲ ထိုင်းနိုင်ငံမှာ ပိတ်မိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ COVID-19 ဖြစ်ပွားမှုကြောင့် သွားလာမှု ပိတ်ဆို့ထားတဲ့ နိုင်ငံတွေမှာလည်း အိမ်တွင်းအကြမ်းဖက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Ref. Bangkok Post

You may also like these stories:
Loading