• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဗြိတိန်ဘုရင်မကြီးရဲ့ သက်တော် ၉၄ နှစ်ပြည့် မွေးနေ့ပွဲတွေကို တိတ်တဆိတ်သာ ကျင်းပ

by မစ်ကီ
21 April 2020
in Entertainment
A A
ဗြိတိန်နိုင်ငံရဲ့ ဘုရင်မကြီး အဲလိဇဘက်

ဗြိတိန်နိုင်ငံရဲ့ ဘုရင်မကြီး အဲလိဇဘက်

30.6k
VIEWS
Share on FacebookShare on Twitter

ဗြိတိန်နိုင်ငံရဲ့ သက်တော်ရှည်ဘုရင်မကြီး အဲလိဇဘက်ဟာ ဧပြီလ ၂၁ ရက်နေ့မှာ သက်တော် ၉၄ နှစ်ပြည့်မှာ ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် Lockdown အခြေအနေတွေကြောင့် အခုလိုမျိုး မွေးနေ့အခါသမယကို တိတ်တဆိတ်သာ ပြုလုပ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံးနဲ့ အချိန်အကြာဆုံး ထီးနန်းစိုးစံနိုင်တဲ့ ဘုရင်မကြီးဖြစ်တဲ့ အဲလိဇဘက်ဟာ အများပြည်သူနဲ့အတူ ဆင်နွှဲမယ့်ပွဲတွေ မရှိဘဲ မွေးနေ့ကို သီးသန့်သာ ပြုလုပ်လေ့ရှိပေမယ့် ဒီနှစ်ကတော့ အရင်နှစ်တွေကထက် ပိုပြီး တိတ်တဆိတ် လုပ်ဆောင်သွားဖို့ရှိနေတာလည်း ဖြစ်ပါတယ်။

တော်ဝင်မွေးနေ့ပွဲနဲ့ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပကြတဲ့အခါ လန်ဒန်မြို့တဝန်းလုံးမှာ ရှိတဲ့ နေရာအသီးသီးကနေ သေနတ်ပစ်ဖောက် ဂုဏ်ပြုတာမျိုးတွေ ရှိခဲ့ပေမယ့် ကိုရိုနာကပ်ရောဂါ အခြေအနေတွေကြောင့် အဲ့ဒီလို သေနတ်ပစ်ဖောက် ဂုဏ်ပြုတာတွေက မသင့်လျော်ဘူးလို့ ဘုရင်မကြီးက ခံစားနေရတာလည်း ဖြစ်ပါတယ်။

နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ၁၆၀၀၀ လောက်ဟာ သေဆုံးခဲ့ရပြီး အဲ့ဒီပမာဏဟာ ကမ္ဘာတဝန်းလုံးမှာ ပဉ္စမမြောက် အများဆုံးလည်း ဖြစ်ပါတယ်။

အခုလောလောဆယ်တော့ ဗြိတိန်နိုင်ငံမှာ Lockdown ပြုလုပ်ထားတဲ့ သီတင်း ၄ ပတ်မြောက်ကို ရောက်ရှိလာပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်း အများစုကို ပိတ်ထားရကာ နိုင်ငံသားတွေကိုလည်း အိမ်မှာနေကြဖို့ အကြံပြုထားပါတယ်။

ဘုရင်မကြီးရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အစိုးရ အဆောက်အဦတွေမှာ အလံတွေ လွှင့်ထူလေ့ ရှိကြပေမယ့် ဒီနှစ်မှာတော့ အဲ့ဒီလို လွှင့်ထူဖို့ အစီအစဉ် မရှိဘူးလို့လည်း ဆိုပါတယ်။ ဘုရင်မကြီး ကိုယ်တိုင်ကလည်း အသက် ၉၈ နှစ်ရှိပြီဖြစ်တဲ့ ကြင်ယာတော် မင်းသားကြီး ဖိလစ်နဲ့အတူ လန်ဒန်မြို့အနောက်ဘက်မှာရှိတဲ့ ဝင်ဆာနန်းတော်မှာ နေထိုင်နေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က မင်းသားကြီး ဖီးလစ်ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ကိုရိုနာဗိုင်းရပ်စ် အရေး တုံ့ပြန်ဆောင်ရွက်နေသူတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

၁၉၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့၊ လန်ဒန်မြို့လယ်က Bruton လမ်းမှာ မွေးဖွားခဲ့တဲ့ ဘုရင်မကြီး အဲလိဇဘက်ဟာ ဘုရင်မတပါး ဖြစ်ဖို့အတွက် မွေးဖွားလာခဲ့သူတော့ မဟုတ်ပါဘူး။ သူ့ရဲ့ ဖခင်ဖြစ်တဲ့ ဆဋ္ဌမမြောက် ဂျော့ချ်ဘုရင်ဟာ နောင်တော် အဋ္ဌမမြောက်အက်ဒဝပ်ဘုရင်က အမေရိကန်အမျိုးသမီး Wallis Simpson ကို လက်ထပ်ဖို့ ၁၉၃၆ ခုနှစ်မှာ ထီးနန်းစွန့်ခဲ့ပြီးတဲ့နောက် ထီးနန်းကို ဆက်ခံခဲ့တာဖြစ်ပါတယ်။

ဘုရင်မကြီးဟာ အသက် ၂၅ နှစ်အရွယ် ၁၉၅၂ ခုနှစ်မှာ နန်းတက်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာတော့ သူ့ရဲ့ဘေးတော် ဝိတိုရိယဘုရင်မကြီးရဲ့ အရှည်ကြာဆုံး ဗြိတိန်ထီးနန်း စံသက်ကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ တရားဝင်မွေးနေ့ကို ဂုဏ်ပြုဖို့ ဇွန်လတိုင်းမှာ ကျင်းပနေကျ ချီတက်ပွဲကို လူထုစုဝေးမှုဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ကျင်းပတော့မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ လမှာပဲ ဘာကင်ဟန်နန်းတော်က ကြေညာထားပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

Ref: Reuters

You may also like these stories:

စိုင်းစိုင်းခမ်းလှိုင် ရေးပြီး အနုပညာရှင်များစွာ ပါဝင်သီဆိုထားတဲ့ “ကမ္ဘာမြေ” သီချင်း

ထောင်ထဲမှာ လွတ်ငြိမ်းချမ်းသာခွင့်ကို စောင့်မျှော်နေခဲ့တဲ့ ဘုန်းလျှံ

Tom and Jerry ဖန်တီးရှင် ဒါရိုက်တာကြီး Gene Deitch ကွယ်လွန်

Your Thoughts …
Tags: တိတ်တဆိတ် ကျင်းပဗြိတိန်ဘုရင်မကြီးမွေးနေ့ပွဲ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

အသက် ၁၈ နှစ် မွေးနေ့ပွဲ ကျင်းပခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့သားအငယ်ဆုံး

မိုက်ကယ်ဂျက်ဆင်ရဲ့ အငယ်ဆုံးသား ၁၈ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပ

by ရေဗန်
24 February 2020
8.6k

မွေးနေ့ပွဲအကြောင်းကို အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ အစ်မဖြစ်သူ Paris Jackson က တင်ထားခဲ့တာဖြစ်ပြီး Bigi Jackson ဟာ မိုက်ကယ်ဂျက်ဆင်ရဲ့ သားသမီးတွေထဲမှာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံမှု မရှိတဲ့ သမီးတဦး ဖြစ်ပါတယ်။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်

ဗြိတိန်ဘုရင်မကြီးရဲ့ ထီးနန်းဆက်ခံမှု နှစ် ၇၀ ပြည့် အခမ်းအနားများ ကျင်းပမည်

by မစ်ကီ
12 November 2020
6.8k

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာတော့ သူဟာ သူ့ရဲ့ဘွားတော် ဝိတိုရိယဘုရင်မကြီးရဲ့ ထီးနန်းသက်ရှည်ကြာမှုကို ကျော်လွန်ခဲ့ပြီး သမိုင်းမှာ နန်းသက်အရှည်ကြာဆုံး ထီးနန်းရှင်တဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘုရင်မကြီး အဲလိဇဘက်ဟာ ဥယျာဉ်တော် ပါတီတွေတက်ရောက်ဖို့ အစီအစဉ်တွေကို ဖျက်သိမ်းလိုက်တာပါ

ကိုရိုနာကြောင့် ဗြိတိန်ဘုရင်မကြီးရဲ့ ပွဲတက်အစီအစဉ်များအားလုံးကို ဖျက်သိမ်း

by မစ်ကီ
18 March 2020
7.7k

ဖျက်သိမ်းလိုက်တဲ့ ပွဲအခမ်းအနားတွေထဲ လာမယ့်လအတွင်း ဝင်ဆာရဲတိုက်မှာ ကျင်းပမယ့် Maundy Service အခမ်းအနားနဲ့ လာမယ့် မေလ ဘာကင်ဟန်နန်းတော်မှာ ကျင်းပမယ့် ဥယျာဉ်တော်ပါတီပွဲ ၃ ခု တို့ပါဝင်ကြပါတယ်။

Next Post
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်

ခွဲစိတ်မှုအပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ် ရှိနေတဲ့ ကင်ဂျုံအန်

ဒဏ်ရာရရှိထားသော ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင် ဆေးကုသမှု ခံယူနေစဉ်  /  မြန်မာ့အလင်း

မင်းပြားတွင် WHO ကား ပစ်ခတ်ခံရ၊ ဝန်ထမ်း ၁ ဦး သေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved