• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဗြိတိန်ဘုရင်မကြီးရဲ့ ထီးနန်းဆက်ခံမှု နှစ် ၇၀ ပြည့် အခမ်းအနားများ ကျင်းပမည်

by မစ်ကီ
12 November 2020
in Entertainment
A A
ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်

6.8k
VIEWS
Share on FacebookShare on Twitter

ဗြိတိန်နိုင်ငံဟာ အဲလိဇဘက်ဘုရင်မကြီးရဲ့ ထီးနန်းဆက်ခံမှု နှစ် ၇၀ ပြည့် နှစ်ပတ်လည်အတွက် အများပြည်သူ ရုံးပိတ်ရက် ထပ်တိုးတရက် အပါအဝင် လာမယ့် ၂၀၂၂ ခုနှစ် နွေရာသီကာလမှာ ပျော်ပွဲရွှင်ပွဲတွေကို ပြုလုပ်သွားမယ်လို့ အစိုးရက နိုဝင်ဘာလ ၁၂ ရက်နေ့မှာပဲ ကြေညာလိုက်ပါတယ်။

ဗြိတိန်သမိုင်းမှာ နန်းသက်အရှည်ကြာဆုံး ထီးနန်းပိုင်ရှင်ဖြစ်တဲ့ သက်တော် ၉၄ နှစ်အရွယ် ဘုရင်မကြီးဟာ လာမယ့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ သူ့ရဲ့ ပလက်တီနမ်ရတု အထိမ်းအမှတ် မှတ်တိုင်ကို စိုက်ထူဦးမှာ ဖြစ်ပါတယ်။

အစိုးရကတော့ ၁၉၅၂ ခုနှစ်မှာ ဘုရင်မကြီး ထီးနန်းစိုးစံချိန်ကစလို့ ယူကေနိုင်ငံရဲ့ ကမ္ဘာကြီးအပေါ် ဘုရင်မကြီးရဲ့ အကျိုးသက်ရောက်မှုတွေကို ရောင်ပြန်ဟပ်တဲ့အနေနဲ့ အဲ့ဒီနှစ်မှာ ပျော်ပွဲရွှင်ပွဲတွေကို ၄ ရက်ကြာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ယဉ်ကျေးမှုဝန်ကြီး Oliver Dowden က “ဘုရင်မကြီးရဲ့ ပလက်တီနမ် ရတုကတော့ တကယ့်ကို သမိုင်းဝင် အခိုက်အတန့်နဲ့ အမှတ်တရ ရှိနေဖို့ ပွဲတော်တခုအဖြစ် ရှိနေမှာပါ။ ကျနော်တို့ဟာ ရတုအထိမ်းအမှတ် သီတင်းပတ်ကုန်ပိုင်း အထူး ၄ ရက် သတ်မှတ်မှာဖြစ်ပြီး ဗြိတိသျှရဲ့ အနုပညာနဲ့ နည်းပညာဆိုင်ရာ အကောင်းဆုံး ခမ်းနားမှုတွေကို ပေါင်းစပ်ပြီး မျိုးဆက်တခုရဲ့ တသက်မှာ တခါ မြင်ရမယ့် ဖျော်ဖြေပွဲကိုလည်း ပြုလုပ်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးက “ဘုရင်မကြီးရဲ့ ထီးနန်းစိုးစံမှုကို ဂုဏ်ပြုဖို့ တနိုင်ငံလုံးရော ဓနသဟာယ နိုင်ငံတွေ အားလုံးကပါ အတူတူ ဆင်နွှဲကြမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ သက်တော်အကြီးရင့်ဆုံးနဲ့ နန်းသက် အရှည်ကြာဆုံး ထီးနန်းအုပ်စိုးသူဖြစ်တဲ့ အဲလိဇဘက်ဘုရင်မကြီးဟာ ခမည်းတော် George VI နတ်ရွာစံပြီးတဲ့နောက် ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဘုရင်မ ဖြစ်လာခဲ့တာပါ။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာတော့ သူဟာ သူ့ရဲ့ဘွားတော် ဝိတိုရိယဘုရင်မကြီးရဲ့ ထီးနန်းသက်ရှည်ကြာမှုကို ကျော်လွန်ခဲ့ပြီး သမိုင်းမှာ နန်းသက်အရှည်ကြာဆုံး ထီးနန်းရှင်တဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘုရင်မကြီးရဲ့ ပလက်တီနမ်ရတုကို ဆင်နွှဲဖို့အတွက် အဆင့်မြင့်နည်းပညာ ပေါင်းစပ်မှုတွေနဲ့အတူ ပြုလုပ်မယ့် ဗြိတိန်ရိုးရာ အခမ်းအနားတွေရော၊ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ကျင်းပမယ့် ပွဲတော်တွေကိုပါ ရောနှောကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

မေလကုန်မှာကျရောက်မယ့် အများပြည်သူ ပိတ်ရက်တခုကို ရွှေ့ဆိုင်းပြီး ဇွန်လ ၂ ရက်ကနေ ၅ ရက်အထိ ၄ ရက်ကြာ ပျော်ပွဲရွှင်ပွဲတွေကို ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုအစီအစဉ်တွေဟာ ၂၀၁၂ ခုနှစ်မှာ ကျရောက်ခဲ့တဲ့ ဘုရင်မကြီးရဲ့ နန်းသက် ၆၀ ပြည့်နှစ်ပတ်လည်နဲ့ အလားအတူ အစီအစဉ်မျိုးအဖြစ် စီမံထားတာဖြစ်ပြီး အဲ့ဒီတုန်းကလည်း ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ၄ ရက်ကြာ ပွဲတော်တွေကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပါတယ်။

ဘက်ကင်ဟန်နန်းတော်မှာ နာမည်ကျော်တွေ ပါဝင်တဲ့ ဖျော်ဖြေပွဲတခုနဲ့အတူ သိမ်းမြစ်ပေါ်မှာလည်းကြီးမားတဲ့ အလှပြသဘင် ပွဲတော်ကြီးတခုကိုလည်း ဆင်နွှဲခဲ့ပါတယ်။ ဒါဟာ ဘုရင်မကြီးအတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ကြင်ယာတော် ဖီးလစ်မင်းသားကြီးနဲ့ အိမ်ထောင်သက် ၇၀ ပြည့် ဆင်နွှဲပြီးတဲ့နောက် ဒုတိယမြောက် ပလက်တီနမ်ရတု ဆင်နွှဲမှု ဖြစ်လာမှာပါ။

Ref: CNA

You may also like these stories:

လိင်ကွဲကြိုက်သူအဖြစ် သရုပ်မဆောင်ချင်တော့ဘူးလို့ မင်းသား Wentworth Miller ပြော

အမီတာဘဂျမ်းနဲ့အတူ အလုပ်လုပ်ဖူးတဲ့အကြောင်း ပြောပြတဲ့ မင်းသား လီယိုနာဒို

အက်ရှင်ဟာသရုပ်ရှင်မှာ Chris Pratt နဲ့အတူ ပါဝင်လာမယ့် တရုတ်မင်းသား ဝူကျင်း

Your Thoughts …
Tags: ထီးနန်းဆက်ခံမှုနှစ် ၇၀ ပြည့်ဗြိတိန်ဘုရင်မကြီးအဲလိဇဘက်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

နှစ် ၇၀ မြောက် ကရင့်တော်လှန်ရေးနေ့ မြင်ကွင်းများ  / ထက်ဝေ /  ဧရာဝတီ

ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့်ပွဲမှ ငြိမ်းချမ်းရေး စကားသံများ

by ငြိမ်းငြိမ်း
1 February 2019
9.8k

ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်အနီး ကျင်းပခဲ့သော နှစ် ၇၀ ပြည့်အထိမ်း အမှတ် ကာလသည် အစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု ၇ နှစ်ကျော် ရှိနေသော အချိန်လည်း ဖြစ်သည်။

ဗြိတိန်နိုင်ငံရဲ့ ဘုရင်မကြီး အဲလိဇဘက်

ဗြိတိန်ဘုရင်မကြီးရဲ့ သက်တော် ၉၄ နှစ်ပြည့် မွေးနေ့ပွဲတွေကို တိတ်တဆိတ်သာ ကျင်းပ

by မစ်ကီ
21 April 2020
30.6k

ဘုရင်မကြီးရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အစိုးရ အဆောက်အဦတွေမှာ အလံတွေ လွှင့်ထူလေ့ ရှိကြပေမယ့် ဒီနှစ်မှာတော့ အဲ့ဒီလို လွှင့်ထူဖို့ အစီအစဉ် မရှိဘူးလို့လည်း ဆိုပါတယ်။

အင်္ဂလန်ဘုရင်မကြီးရဲ့ တနေ့တာအပန်းဖြေသောက်သုံးမှုများ

အင်္ဂလန်ဘုရင်မကြီးရဲ့ တနေ့တာအပန်းဖြေသောက်သုံးမှုများ

by ဧရာဝတီ
3 August 2017
15.1k

ဂျင်အရက်နှင့် Dubonnet ကော့တေးတို့ကို ရောစပ်ကာ ရေခဲအတော်အသင့်ထည့်ပြီး သံပရာသီးစိပ်နဲ့အတူ နေ့လည်စာ မစားခင် အမြဲတမ်း သောက်သုံးနေကျဖြစ်ပါတယ်။ နေလည်စာစားနေချိန်အတွင်းမှာလည်း ဝိုင် နဲ့ Dry Martini ကော့တေးတို့ကို တခွက်စီသောက်သုံးပြီး ညနေပိုင်းမှာလည်း ဖန်ခွက်တခွက်စာကို ထပ်မံသောက်သုံးပါသေးတယ်။

ဘုရင်မကြီး အဲလိဇဘက်ဟာ ဥယျာဉ်တော် ပါတီတွေတက်ရောက်ဖို့ အစီအစဉ်တွေကို ဖျက်သိမ်းလိုက်တာပါ

ကိုရိုနာကြောင့် ဗြိတိန်ဘုရင်မကြီးရဲ့ ပွဲတက်အစီအစဉ်များအားလုံးကို ဖျက်သိမ်း

by မစ်ကီ
18 March 2020
7.7k

ဖျက်သိမ်းလိုက်တဲ့ ပွဲအခမ်းအနားတွေထဲ လာမယ့်လအတွင်း ဝင်ဆာရဲတိုက်မှာ ကျင်းပမယ့် Maundy Service အခမ်းအနားနဲ့ လာမယ့် မေလ ဘာကင်ဟန်နန်းတော်မှာ ကျင်းပမယ့် ဥယျာဉ်တော်ပါတီပွဲ ၃ ခု တို့ပါဝင်ကြပါတယ်။

Next Post
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ဒဏ် ၂ နှစ် ချမှတ် (ရုပ်/သံ)

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ဒဏ် ၂ နှစ် ချမှတ် (ရုပ်/သံ)

--

အသစ်တက်လာမည့် အစိုးရသစ်အပေါ် လုပ်ငန်းရှင်တွေ ဘာတွေ မျှော်လင့်ထားကြသလဲ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved