• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

အသစ်တက်လာမည့် အစိုးရသစ်အပေါ် လုပ်ငန်းရှင်တွေ ဘာတွေ မျှော်လင့်ထားကြသလဲ

by မျိုးပပစန်း
12 November 2020
in အင်တာဗျူး
A A
--

--

12.8k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ၅ နှစ် တကြိမ် ကျင်းပသည့် ၂၀၂၀ ရွေးကောက်ပွဲကြီးကို ယမန်နေ့က ကျင်းပ ပြီးစီးခဲ့ပြီး လက်ရှိ တည်ဆဲ အစိုးရ ဖြစ်သည့် NLD ပါတီ အစိုးရကသာ ဆက်လက် အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် လက်ရှိ အစိုးရ သက်တမ်း ၅ နှစ်တာ ကာလအတွင်း NLD အစိုးရအနေနှင့် မြန်မာ့စီးပွားရေး ကဏ္ဍတွင် အား နည်းချက်၊ အားချက်များ၊ အသစ် ထပ်မံ ဖွဲ့စည်းမည့် အစိုးရကိုလည်း မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များက မည်သို့သော မျှော်လင့်ချက် ရှိနေသည်နှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် မျိုးပပစန်းက ဆက်သွယ် မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

ဦးရဲမင်းအောင်

ဒု ဥက္ကဋ္ဌ

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)

ဦးရဲမင်းအောင်၊ ဒု ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)

ကိုဗစ်-၁၉ က ကမ္ဘာ့နိုင်ငံ အားလုံးမှာ စီးပွားရေး လုပ်ငန်းတွေ အပေါ်မှာ ထိခိုက်မှု ကြီးတဲ့ ကူးစက်ရောဂါ ဖြစ်တော့ တခြား နိုင်ငံတွေလည်း စီးပွားရေးပိုင်းက သက်ရောက်မှုတွေကို တုံ့ပြန်ဖို့ အစီအမံတွေ ချကြတယ်။ မြန်မာအစိုးရ အနေနဲ့ ချမှတ် ထားတဲ့ MYANMAR GOVERNMENT RELEASES COVID-19 ECONOMIC RELIEF PLAN (CERP)ကို Review ပြန် လုပ်စေချင်တယ်၊ ဘယ်လောက် လုပ်ပြီးပြီလဲ၊ ဘယ်လောက် ထိရောက်မှု ရှိလဲ၊ ဘာတွေ ဆက်လုပ်ဖို့ ကျန်သေးသလဲ ဒါတွေကို ဆန်းစစ်ဖို့ လိုတယ်။

ဒီရက်ပိုင်း Myanmar Economic Recovering and Reform Plan (MERRP) ဆိုပြီး ဦးဆက်အောင်တို့ ပြောနေတာ ရှိတယ်။ ဒါကို ထုတ်ရင်လည်း ပုဂ္ဂလိက ကဏ္ဍနဲ့ တိုင်ပင်ပြီးတော့မှ လုပ်စေချင်တယ်။ စီးပွားရေး လုပ်ငန်းတွေ လုပ်ရကိုင်ရ လွယ်ကူအောင် စည်းမျဉ်းစည်းကမ်းတွေ ဖြေလျှော့တာ၊ ပြည်တွင်း လုပ်ငန်းရှင်တွေ အတွက် ကူညီပေးတာ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နံှမှုရော၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုရော နှစ်ခုစလုံးကို အားပေးပြီးတော့ ကူညီဖို့ လိုတယ်။

NLD အစိုးရ ထုတ်ပြန်ထားတဲ့ ၂၀၁၈ ကနေ ၂၀၃၀ အထိ Myanmar Sustainable Development Plan (MSDP)က အခု ဆို ၂ နှစ်ကျော်သွားပြီ။ ဘာတွေ လုပ်ထားလဲ၊ ဘာဆက်လုပ်ဖို့ ကျန်သေးလဲ Review လုပ်ဖို့လိုတယ်။ ကိုဗစ် ပထမလှိုင်း မှာ ထုတ်ခဲ့တဲ့ အမေရိကန် ဒေါ်လာ ၃ ဘီလီယံ လောက်အထိ သုံးမယ့် CERP ဆိုရင်လည်း ၆ လကျော် ကြာပြီဆိုတော့ ပြန်ပြီး ကြည့်ရမယ်။ MERRP ကိုလည်း တကယ် လက်တွေ့မှာ လုပ်နိုင်အောင် ပုဂ္ဂလိကနဲ့ တိုင်ပင်ပြီးတော့ လုပ်သင့်တယ်။

လက်ရှိအစိုးရ သက်တမ်း ၅ နှစ်ကာလမှာတော့ တိုးတက်တဲ့ အပိုင်းတွေလည်း ရှိတယ်။ အားရတဲ့အပိုင်း၊ အားမရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ တိုးတက်မှု နှေးတယ်ဆိုတဲ့ အပိုင်းတွေက ကြည့်မယ်ဆိုရင် World Bank ရဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ရကိုင်ရ လွယ်မှုအညွှန်းကိန်း ဖြစ်တဲ့ Ease of Doing Business ကြည့်ရင်ရတယ်၊ အဲဒီတော့ ဒီနေရာမှာ ဘဏ္ဍာ ငွေကြေး အရင်းအမြစ်တွေ ချေးငွေတွေနဲ့ လက်လှမ်းမီမှု အပိုင်း မှာ တိုးတက်မှု နည်းတယ်။ နောက်တခါ အခွန်ကိစ္စတွေ တိုးတက်မှု နည်းတယ်လို့ သုံးသပ်တယ်။

အသေးစားနဲ့ အငယ်စား လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အများကြီး လုပ်ရဦးမယ်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း တွေမှာ တိုးတက်ဖို့အတွက် Export (ပို့ကုန်) တိုးတက်ရုံတင် မဟုတ်ဘူး Value Chain တလျှောက်လုံးမှာ ရှိတဲ့ သိုလှောင် ရုံတွေ လိုသေးတယ်။ အခြေခံ အဆောက်အအုံပိုင်းတွေမှာ တိုးတက်လာတာ တွေ့ရတယ်။ လျှပ်စစ်ဓာတ်အားတွေ ပိုပြီး တော့ ထုတ်လုပ်နိုင်တာတွေ တွေ့ရတယ်။ ဒါတွေကို ဆက်ပြီးတော့ လုပ်ရမယ်။

ဦးကျော်မင်း

ဥက္ကဋ္ဌ

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း

ဦးကျော်မင်း၊ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း

ရွေးကောက်ပွဲမှာ NLD က တော်တော်များများ နိုင်တယ်ဆိုတော့ တိုင်းပြည်အတွက်တော့ Reform လုပ်စေချင်တယ်ပေါ့။ ၅ နှစ်ဆိုရင် သိပြီလေ။ ဘယ်နေရာတွေကတော့ လိုအပ်ချက် ရှိတယ် ဆိုတာပေါ့။ အကုန်လုံးက ကြိုစားပေမယ့် တချို့ကျ တော့ အားနည်းချက်၊ အားသာချက်တွေ ရှိတယ်။ အကုန်လုံး ပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါကတော့ အရေးကြီး ဆုံးအချက် ဖြစ်တယ်။ ၂ အချက်ကတော့ ကျနော်တို့က ကုန်သည်အသင်း ဖြစ်တဲ့အတွက် စီးပွားရေးကို အဓိက အားထည့် မယ် လို့တော့ မှန်းထားတာပေါ့နော်။ ပရောဂျက်တွေ Plan တွေ အကုန်ဆွဲပြီးသားလေ။

ပြီးခဲ့နှစ်အထိကို ကုန်သည်အသင်း စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အစိုးရနဲ့ ပူးပေါင်းတဲ့ အချက်တွေ အများကြီးရှိတယ်။ အများကြီး တိုးတက်တယ်။ စီးပွားရေးက တော်တော်တော့ ရုန်းရမှာ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ လူတွေက ရွေးကောက် ပွဲကိုတအား အားစိုက်နေတယ်။ အခု နောက်ပိုင်းဆိုရင် အကျပ်အတည်းတွေက တဖြည်းဖြည်း ပိုဆိုးလာမယ်။

အဓိကတော့ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေပေါ့နော်။ မျိုးကောင်းမျိုးသန့် ရရှိအောင်လုပ်ရမှာတွေ၊ တိရစ္ဆာန် အစားအစာတွေ ထုတ်တဲ့ လုပ်ငန်း တွေကို ပိုမြင်တယ်။ တောသူတောင်သားတွေ လုပ်ကိုင်တဲ့အလုပ်တွေက နံပါတ် ၁ ဖြစ်ရမယ်။ ဘာကြောင့်လဲ ဆိုတော့ အခုက နိုင်ငံခြားမှာ အလုပ် သွားလုပ်တဲ့ ကလေးတွေက အကုန်ပြန်ရောက်နေပြီ။ သူတို့ကို အလုပ်ပေးရမယ့် နှစ် ပိုင်းက စက်ရုံ အလုပ်ရုံတွေ အလုပ်ပေးနိုင်လား၊ လောလောဆယ်တော့ ဒီနေရာတွေမှာ ပေးနိုင်ဖို့ မမြင်ဘူး။

စက်ရုံ၊ အလုပ်ရုံတွေမှာက လက်ရှိ ရှိနေတဲ့ သူတွေကိုတောင် ထိန်းဖို့ ပိုဆိုးနေတယ်။ အထည်ချုပ် လုပ်ငန်းတွေ အော်ဒါရဖို့ အစိုးရအနေနဲ့ တော်တော်များများ ပူးပေါင်း ဆောင်ရွက်ရမယ်။ ဒါ့ပြင် လုပ်ငန်းရှင်၊ ကုန်သည် အသင်းထဲတွင် မပါတဲ့ လုပ် ငန်းရှင် ကုန်သည်ကြီးများကိုလည်း ခေါ်ယူ တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်ရမယ်။

ဦးနောင်းနောင်းဟန်

ဥက္ကဋ္ဌ

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း (UMTA)

ဦးနောင်းနောင်းဟန်၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း (UMTA)

အစိုးရသစ်အနေနဲ့ ပထမဆုံး စိန်ခေါ်မှုက ကိုဗစ်ပါပဲ။ ကိုဗစ်က ကာကွယ်ဆေး၊ ကုသဆေးရလို့ ထိန်းသွားနိုင်တယ် ဆိုရင်တောင်မှ အခု လက် ရှိ ပျက်စီးသွားတဲ့ စီးပွားရေး ကဏ္ဍက တွက်ချက်လို့ ခန့်မှန်းလို့ မျှော်မှန်းလို့ မရနိုင်သေးဘူး။

ပထမဆုံး စပြီး ထိခိုက်သွားတဲ့ ခရီးသွား လုပ်ငန်း ဖြစ်ပြီး၊ အရှည်အကြာဆုံး ခံစားရမှာက ခရီးသွား ကဏ္ဍ ဖြစ်နေတယ်။ ကျန်တဲ့စီးပွားရေး ကဏ္ဍတွေ တိုးတက်လာတော့မှ ပြည်တွင်း ခရီးသွားဆိုတာ လူတွေ ပိုက်ဆံပြန်ရှိမှ စီးပွားရေး ကောင်းမှ ခရီးသွားနိုင်မှာ။ ပြည်ပ ခရီးသွား ဆိုတာကလည်း သူတို့ဆီမှ ကောင်းလာဦးမှ၊ လေကြောင်း ဆက်သွယ်ရေးတွေကလည်း အားလုံး ကောင်း လာမှ သေချာမှ ကိုယ့်နိုင်ငံကို လာလည်ကြမှာ ဆိုတော့ ပြန်ပြီး ထူထောင်မယ့် ကာလက ပိုကြာတယ်။ အစိုးရအနေနဲ့ ဘယ်လိုနည်းနဲ့ ကုစားပေးမယ် ဆိုတာ မျှော်လင့်နေပါတယ်။

ခရီးသွားကဏ္ဍကို ဘယ်လို ဦးစားပေးပြီးတော့ ရေရှည်မှာနိုင်ငံရဲ့ အဓိက စီးပွားရေးတခု အနေနဲ့ ဘယ်လို ပုံသွင်းပြီး လုပ်မလဲ၊ ထိုင်း၊ မလေးရှားတို့ဆို ခရီးသွားလုပ်ငန်းကို နိုင်ငံရဲ့ ထောက်တိုင်ထားပြီးတော့မှ ကျန်တဲ့ကဏ္ဍတွေကို ဝန်းရံတာမျိုးတွေ တွေ့ရပါတယ်။ ဒီလိုမျိုး ခရီးသွား ကဏ္ဍကို အဓိက စီးပွားရေးကဏ္ဍအနေနဲ့ ထားပြီးလုပ်လာမယ်၊ သွားနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။

စစ်အစိုးရ လက်ထက် တောက်လျှောက်မှာ ခရီးသွားလုပ်ငန်းကို အားမပေးခဲ့ဘူး။ နိုင်ငံခြားသားတွေ ဝင်လာရင် ပြဿနာ တရပ်အနေနဲ့ ယူဆနေရာ ကနေပြီးတော့ ဒါက နိုင်ငံရဲ့ စီးပွားရေးကို အဓိက အထောက်အပံ့ပေးနိုင်တဲ့ ကဏ္ဍ မျိုး ဆောင်ရွက်ပေးနိုင်မယ့် အစိုးရမျိုး မျှော်လင့်ပါတယ်။

ဦးနေလင်း

ဥက္ကဋ္ဌ

မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း

ဦးနေလင်း၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း

အဓိကတော့ စီးပွားရေး၊ လူမှုရေး မျှတအောင် လုပ်နိုင်တဲ့ အစိုးရကို မျှော်လင့် ပါတယ်။ စီးပွားရေးဆိုလည်း သူ့နေရာသူ အုပ်ချုပ်တဲ့ သူတွေက ဒီအပိုင်းမှာ ကျွမ်းကျင်တဲ့ သူတွေပဲ ဖြစ်စေချင်တယ်။ ဒီကာလမှာ ကိုဗစ်ကြောင့် ကျနော်တို့ ပါဆယ် ပဲ ရောင်းရတယ်။ ဆိုင်တွေ ပိတ်ထားရတော့ ရောင်းအားက သုည ရာခိုင်နှုန်း ဖြစ်နေတယ်။ ဒါပေမယ့် အခွန်အခတွေ၊ အိမ်ငှားခ၊ ဆိုင်ငှားခ တွေ ကတော့ ဆက်လက် ပေးဆောင်နေရတဲ့အတွက် ဆိုင်ပိုင်ရှင်တွေက စိုက်ထုတ် သုံးစွဲနေရတဲ့ အခြေအနေ ဖြစ်တယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်က ဝန်ကြီးချုပ်ကြီးနဲ့ ဆွေးနွေးခွင့်ရတဲ့အချိန်မှာ တင်ပြထားတယ်။ လက်ရှိ စားသောက်ဆိုင်တွေရဲ့ အခြေအနေ မကောင်းဘူး။ နောက်ထပ် ၂ လ ၃ လသာ သွားမယ်ဆိုရင် ကျနော်တို့ ပိတ် လိုက်ရ မယ့် စားသောက်ဆိုင်တွေက တော်တော်လေး များတယ်။ ဒါကြောင့်မို့ ကိုဗစ်နဲ့အတူ ဆက်ပြီးတော့ ယှဉ်တွဲ သွားရ မယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာန သတ်မှတ်ချက်နဲ့ အညီ ဖွင့်သင့်ဖွင့်ထိုက်တဲ့ လုပ်ငန်းတွေတော့ ပြန်ပြီးတော့ ဖွင့်လှစ် ပေးရတော့မှာပဲ။

ကာကွယ်ဆေးမတွေ့မချင်း အခုလိုပဲ နေမယ်ဆိုရင် စီးပွားရေးတွေက အကုန်လုံး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်မယ်၊ ကျ သွားနိုင်တယ်။ ဒါကြောင့် စည်းကမ်းနဲ့ သေချာလေး ချမှတ်ဖို့ လိုသလို ဆိုင်ရှင်တွေက လိုက်နာဖို့ လိုတယ်။

လက်ရှိ အစိုးရမှာတော့ အားနည်းချက်တွေကတော့ ရှိတာပေါ့နော်။ လုပ်ပေးချင်ပေမယ့် ထိရောက်မှု မရှိတဲ့ဟာတွေလည်း အများရှိတယ်။ တချို့ကိစ္စရပ်တွေမှာ တင်ပြပေမယ့် နိုင်ငံတော်အပိုင်းက ပံ့ပိုးပေးနိုင်တာက တော်တော်လေး နည်းခဲ့တယ်။ ဒါပေမယ့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ဟိုတယ်/ ခရီးဝန်ကြီးဌာနအနေနဲ့ အသင်းကို ပံ့ပိုးပြီးတော့ နိုင်ငံတကာ ပြပွဲတွေ သွားပြသတာမျိုးတွေတော့ လုပ်ခဲ့ပါတယ်။ အားနည်းချက် အသားချက်တွေကတော့ ရှိခဲ့ပါတယ်။

လက်တွေ့ လုပ်နေတဲ့သူတွေရဲ့ အားကို ယူမယ် ဆိုရင် နိုင်ငံတော် အနေနဲ့ စားသောက်ဆိုင် ကဏ္ဍသာမက တခြား ကဏ္ဍတွေမှာလည်း ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့် ပါတယ်။

ဦးတင်အောင်ဦး

ဥက္ကဋ္ဌ

ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း

ဦးတင်အောင်ဦး၊ ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း

အခု တက်လာမယ့် အစိုးရသစ်ကို ကျနော်တို့ မျှော်လင့်တာကတော့ လက်ရှိမြေပြင်မှာ ဖြစ်နေတဲ့ စီးပွားရေးသမားတွေရဲ့ အခက်အခဲတွေကို အရင်ထက် ပိုပြီး ဂရုစိုက် နားထောင်စေချင်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အဆင်ပြေမှပဲ လုပ် ငန်းတွေ လည်ပတ်နိုင်သလို ဒီလုပ်ငန်းတွေကို မှီခိုနေတဲ့သူတွေ အနေနဲ့လည်း အဆင်ပြေလာမယ်။ ဒီအပေါ်မှာ သုံးသပ်ရ ရင် အစိုးရအနေနဲ့ ပြီးခဲ့တာထက် အလေးထားပြီးတော့ ထဲထဲဝင်ဝင် သုံးသပ်စေချင်တယ်။

ဟိုတယ်နဲ့ ခရီးသွားကဏ္ဍက အခုဆိုရင် ငပလီ၊ မြောက်ဦးတို့က သုညလောက် အထိ ဖြစ်သွားတယ်။ ဒါကို ကျော်လွှားဖို့ ဆိုရင် လုပ်ငန်းရှင် တဦးတည်းနဲ့လည်း အဆင်မပြေတော့ဘူး။ နိုင်ငံတော်ကလည်း တော်တော်လေးကို ပံ့ပိုးမှုတွေ ပေးမှပဲ ဒီ အခြေအနေကို ကျော်လွှားနိုင်မယ်။ ဘင်္ဂလားဒေရှ့်နဲ့ ကလည်း မောင်တော နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားတာ အခု ဆိုရင် ၃ လ၊ ၄ လလောက် ရှိနေပြီ။ ဒီအပေါ်မှာ မှီခိုပြီးလုပ်နေတဲ့ လုပ်ငန်းရှင်တွေ အလုပ်သမားတွေ သူ့ရဲ့ အကျိုးဆက် တွေ အများကြီးပဲ။ ဒါကြောင့် မြေပြင်မှာဖြစ်နေတဲ့ အသံတွေကို နားထောင်ပြီးတော့ အကောင်းဆုံး လုပ်ပေးနိုင်ဖို့ မျှော်လင့် ပါတယ်။ မြေပြင် အခြေအနေကို ဆုံးဖြတ်ပေးနိုင်မယ့် သူတွေ ရရှိဖို့ လိုအပ်ပါတယ်။

ဦးအောင်မျိုးဟိန်း

ဗဟိုအလုပ်အမှုဆောင်

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း

ဦးအောင်မျိုးဟိန်း၊ ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

အစိုးရအနေနဲ့ ၅ နှစ်သက်တမ်းမှာ အခြေခံ အုတ်မြစ် ချတာ တွေ့ရတယ်။ ဒီ ၅ နှစ်ကို သင်ယူဆဲကာလလို့ သတ်မှတ် တယ်။ အခု နောက် ၅ နှစ်မှာ ဒီအစိုးရပဲ ဆက်သွားမယ်ဆိုတော့ ဒီထက် အများကြီး အဆင်ပြေလာနိုင်မယ်လို့ မျှော်လင့် ပါတယ်။

ပြည်တွင်း စားသုံးမှုတွေကို မြှင့်တင်မှ ရမယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲ လုပ်ပြီးတော့ စီးပွားရေးကို လည်ပတ်အောင် လုပ်နေတာ ရှိတယ်။ တကယ်လို့ ပြည်တွင်း စားသုံးမှုကို လည်ပတ်အောင် မလုပ်နိုင်ဘဲနဲ့ သူ့ဘာသာ လည်လာမယ်လို့ ထင်တဲ့ အတွေးမျိုး အစိုးရမှာ ရှိနေရင် အားလုံးအတွက်က လာမယ့် ၅ နှစ်မှာလည်း အလဟသ ဖြစ်သွားလိမ့်မယ်။ သုံးစွဲမှု အား တအားလျော့နေတဲ့ အချိန်မှာ စားသုံးသူကို လက်ထဲကို ငွေကြေးသော်လည်းကောင်း တခုခု ပံ့ပိုးမှုတော့ သူတို့ လုပ်မယ်ဆိုရင် လုပ်ငန်းရှင်တွေလည်း အထိုက်အလျှောက်တော့ သူ့ဟာနဲ့ သူအလုပ်က ဖြစ်လာလိမ့်မယ်။

အခု ၅ နှစ်တာ ကာလမှာ ကောင်းတယ် ဆိုးတယ် မပြောချင်ပေမယ့် အခုလည်း လက်ရှိအစိုးရပဲ ဆက်လက်ပြီးနောက် ၅ နှစ်ကို တာဝန်ပေးခြင်း ခံရ တဲ့အတွက် ကျနော်ကတော့ စီးပွားရေးတွေကို အရှိန်ပြင်းပြင်း ပြန်လည်ပတ်လာအောင် လုပ်ဆောင်ဖို့ မျှော်လင့်မိပါတယ်။

အစိုးရအနေနဲ့ လမ်းကြောင်းမှန်ကို သွားချင်တဲ့ အနေအထားရှိပေမယ့် တခါတလေကျတော့လည်း ခုန်ပျံကျော်လွှားပြီး ချက်ချင်းရောက်အောင် သွားချင်တဲ့ စိတ်ဓာတ်ရှိတယ်။ ဒါက ကောင်းတဲ့ စိတ်ဓာတ်ပါ။ ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေ မယ့် ဒီလို ခုန်ပျံကျော်လွှားသွားမယ်ဆိုရင် စေတနာအမှားလေး တွေ ရှိပါတယ်။ ဥပမာ ဒီ ဥပဒေက ဒါတွေ သက်ရောက် မယ် မလုပ်ခင်မှာ ကြိုတင်ပြောစေချင်တယ်ပေါ့။

ဦးသူရိန်ထွန်း

အတွင်းရေးမှူး

မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း

ဦးသူရိန်ထွန်း၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း

စီးပွားရေးပိုင်းမှာတော့ တိုးတက်မှုတွေ နှေးကွေးခဲ့တာ၊ ကျဆင်းခဲ့တာ ရှိခဲ့တာတော့ အမှန်ပဲ။ ဒီအစိုးရသက်တမ်းမှာ တာ ဝန်ယူရတဲ့ သူတွေကလည်း အတွေ့အကြုံသစ် အနေနဲ့ ဦးဆောင်ရတဲ့အတွက် လိုအပ်ချက်တွေ ရှိခဲ့ကြတာတော့ အမှန် ဖြစ်တယ်။ အခုကတော့ သက်တမ်း တခု ပြီးသွားလို့ ဒီတခေါက် အနိုင်ရပြီးလို့ လာမယ့် သက်တမ်းမှာကတော့ တွေ့ခဲ့ရတဲ့ အတွေ့ အကြုံတွေကို သင်ခန်းစာ ယူပြီးတော့ သူတို့ ပါတီတွင်းပဲ ဖြစ်ဖြစ်၊ အစိုးရတွင်းပဲ ဖြစ်ဖြစ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေး လိမ့်မယ်လို့တော့ မျှော်လင့်ထားတယ်။

အဲဒီအတွက် အပြုသဘော တိုးတက်မှုတွေ ရှိလာမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် တဖက်ကလည်း မမျှော်မှန်းနိုင်တဲ့ အနေအထား ရှိတယ်။ နိုင်ငံတကာမှာလည်း ကိုဗစ်ရဲ့ အကျိုးဆက်အနေနဲ့ တကမ္ဘာလုံး စီးပွားရေး ပျက်ကပ်မျိုးတွေ ကြုံနေရတယ်။

တရုတ်နိုင်ငံနဲ့ နိုင်ငံတကာရဲ့ သဘောထားတွေက ဆက်ဆံရေးတွေ အားနည်းလာတဲ့အပေါ်မှာ မိမိနိုင်ငံအတွင်းမှာ နိုင်ငံ တကာ ရင်းနှီး မြှုပ်နှံမှုတွေ တိုးဝင်လာပြီး ရင်းနှီးမြှုပ်နှံလာအောင် အစိုးရဘက်က ပြုပြင် ပြောင်းလဲတာတွေ၊ နိုင်ငံတကာ လုပ်ငန်းရှင်တွေ ပံ့ပိုးပေးတဲ့ဟာတွေကို နှေးကွေးစွာ မလုပ်ဘဲနဲ့ သွက်သွက်လက်လက် လုပ်ပေးနိုင်တယ် ဆိုရင် နိုင်ငံအတွက် တိုးတက်နိုင် တာတွေ ရှိပါတယ်။

အဓိကတော့ NLD အစိုးရဘက်မှာလည်း ဗဟိုချုပ်ကိုင်မှုတွေကို လျှော့ချဖို့ အရည်အသွေး မပြည့်မီတဲ့ ဦးဆောင်တဲ့သူတွေ ကိုလည်း ပါတီပုံရိပ်ကျမှာ စိုးလို့ ဆိုတာမျိုး မဟုတ်ဘဲနဲ့ ထိထိရောက်ရောက် ချက်ချင်း အရေးယူတာမျိုးတွေ လုပ်ဆောင်ဖို့ စတဲ့ ဒါမျိုးတွေ လုပ်မယ်။ တကယ့် စီးပွားရေး ဦးဆောင်နေတဲ့ မှန်မှန်ကန်ကန် အကြံပြုနိုင်တဲ့ နိုင်ငံချစ်တဲ့ စီးပွားရေး လုပ် ငန်းရှင်တွေနဲ့လည်း များများ ထိတွေ့ပြီးတော့ မူဝါဒတွေ ဥပဒေတွေ ပြင်ဆင်တဲ့အပိုင်းတွေမှာ သွက်သွက်လက်လက် လုပ် ဆောင်နိုင်မယ်ဆိုရင် အားလုံးညီညွတ်ကြမယ်ဆိုရင် တိုးတက်နိုင်မယ့် အခွင့်အလမ်းတွေ ရှိပါတယ်။

ဦးစိုင်းခင်မောင်

အတွင်းရေးမှူး

မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်

အစိုးရအနေနဲ့ နောင်လာမယ့် သက်တမ်းမှာ စီးပွားရေး လုပ်ငန်းတွေ ပိုပြီး ခိုင်မာအောင်နဲ့ လမ်းပန်းဆက်သွယ်ရေး လုံခြုံ ချောမွေ့အောင် လုပ်ပေးဖို့ ပိုပြီး အရေးကြီးတာပေါ့။ ငြိမ်းချမ်းရေးကတော့ ရအောင် တည်ဆောက်ရမှာပဲ ဖြစ်တယ်။ ပြီး တော့ အခြေခံ အဆောက်အအုံတွေ အခုထက်ပိုပြီးတော့ ကောင်းအောင် လုပ်သင့်တာပေါ့။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.4k
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
107
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
57

လက်ရှိ အစိုးရ သက် တမ်းမှာကျတော့ ဘယ်လိုဖြစ်နေလဲဆိုတော့ အားနည်းချက်တွေ အခက်အခဲတွေ ရှိခဲ့တယ်။ အန်ကယ်တို့က နယ်စပ်ကုန် သွယ်ရေး ဆိုတော့ ဒီမှာက စီးပွားရေးတွေ ဖွံ့ဖြိုး တိုးတက်ဖို့က ငြိမ်းချမ်းရေးကို အပြည့်အဝ တည်ဆောက်နိုင်ရင် ကောင်း တာပေါ့။

အခု လာမယ့် သက်တမ်းမှာ ရှမ်းပြည်နယ် အစိုးရအနေနဲ့လည်း အခုထက် ပိုပြီး ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင် ဆောင်ရွက် ပေးဖို့ လိုအပ်တာပေါ့။ ရှမ်းပြည်နယ် အစိုးရဆိုတာကလည်း ပြည်ထောင်စု အစိုးရက ခန့်တဲ့ အစိုးရပဲ ဖြစ်တယ်။ လက်ရှိမှာ တော့ သူတို့က နယ်စပ် ကုန်သွယ်ရေးမှာ ထိတွေ့ ပါဝင်မှုက နည်းနည်း အားနည်းနေတယ်။ ဒါလေးတွေကို ထဲထဲဝင်ဝင် ဆောင်ရွက်ပေးနိုင်ဖို့ လိုတယ်။

နယ်စပ်ကုန်သွယ်ရေး တံခါးပေါက်က တရုတ်ဘက်ကပဲ သော့ကိုင်ထားသလို ဖြစ်နေတယ်။ ကိုယ့်ဘက်က လည်း လိုအပ်ရင် လိုအပ်သလို တောင်းဆို ညှိနှိုင်းဖို့ လိုအပ်တယ်။ တရုတ်ဘက်က ပိတ်ဆို ပိတ်၊ ဖွင့်ဆိုမှဖွင့် အနေအ ထား ဖြစ်တယ်။ ဒါကြောင့် ကုန်သွယ်ရေးမှာ နှစ်ဖက်စလုံးရဲ့ ပါဝါတွေ ချိန်ညှိထားဖို့ လိုနေပြီ။ ဒါကလည်း အရေးကြီးတယ်။ သူများဘက်က လုပ်နေတာပဲ ခံမနေဘဲနဲ့ ကိုယ့်ဘက်ကလည်း လိုအပ်ရင် လိုအပ်သလို တောင်းဆို ကိုင်တွယ်၊ ဖြေရှင်းဖို့ လိုနေပြီ။

You may also like these stories:

JICA စီမံကိန်း ၂ ခုအတွက် ဂျပန်-မြန်မာ ချေးငွေ စာချုပ် ချုပ်ဆို

ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး မည်မျှထိခိုက်သည်ကို ကမ္ဘာ့ဘဏ် အစီရင်ခံ

Your Thoughts …
Tags: မြန်မာ့ စီးပွားရေးအစိုးရသစ်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြည်နယ်ရုံးတွင် TNP ပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။  / National League for Democracy - Shan State

ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နေရာပေးရန် PNO နှင့် TNP တို့တောင်းဆို

by နန်းလွင်နှင်းပွင့်
14 January 2021
11.3k

၎င်းတို့ပါတီတွင် လွှတ်တော်ကိုယ်စားလှယ်များ စတင် ရွေးချယ်စဉ်ကတည်းက အရည်အချင်း ပြည့်မီသည့် သူများကိုသာ ရွေးချယ်ထားသဖြင့် အစိုးရအဖွဲ့တွင် ပါဝင်တာဝန်ထမ်းဆောင်ရမည် ဆိုပါကလည်း လုပ်ဆောင်နိုင်သည့် အရည်အချင်း ရှိ

UWSA နှစ် ၃၀ ပြည့် အခမ်းအနား စစ်ရေးပြ မြင်ကွင်း  / ဧရာဝတီ

“ဝ” ပြည်နယ်တောင်းဆိုမှု သို့မဟုတ် အစိုးရ ဖြေရှင်းရခက်မယ့် ပုစ္ဆာ

by နန်းလွင်နှင်းပွင့်
25 January 2021
22.6k

“ဝ” ခေါင်းဆောင်များ အနေနဲ့ ပြည်နယ်ရရင် အနာဂတ်မှာ နိုင်ငံတကာနဲ့ တိုက်ရိုက် ကူးလူးဆက်ဆံဖို့၊ ပြည်နယ်နဲ့ နိုင်ငံ တကာကြား တိုက်ရိုက် ဆက်ဆံခွင့်ရဖို့ မျှော်မှန်းထားသလို ဒေသတွင်း စီးပွားရေးလုပ်ငန်းနဲ့ ခရီးသွား လာရေး လုပ်ငန်းတွေကို တိုးချဲ့ဖို့ကိုလည်း...

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ (ယာ) နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူ (ဝဲ) တို့နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အတူတကွ မြင်ရစဉ် / ဧရာဝတီ

အစိုးရသစ်မှာ လူရွေးမှန်ဖို့ ဖိအားတွေ NLD ရင်ဆိုင်နေရ

by စမ်းယမင်းအောင်
30 November 2020
51.7k

ရွေးကောက်ပွဲအနိုင်ရပြီးနောက် အစိုးရသစ်တွင် မည်သူတို့ကို ခန့်မည်အား အားလုံးကစောင့်ကြည့်နေသည်။

၂၀၂၁ခုနှစ် ဇန်နဝါရီ ၂၁ရက်က ပြုလုပ်သည့် Fever Clinic စေတနာ့ဝန်ထမ်းလုပ်အားရှင်များအား ဂုဏ်ပြုပွဲတွင် တွေ့ရသည့် ဒေါက်တာဇော်မြင့်မောင်   / ဇော်ဇော် / ဧရာဝတီ

ဝန်ကြီးချုပ်များကို NLD ပါတီတွင်းမှ ခန့်အပ်ဖို့ များဟု ဒေါက်တာ ဇော်မြင့်မောင်ပြော

by ထွန်းထွန်း
21 January 2021
14k

ပြည်ထောင်စု ဝန်ကြီးများ အဆင့်တွင် တိုင်းရင်းသား နိုင်ငံရေးပါတီများထဲမှ ပါဝင်ဖွယ် ရှိမရှိနှင့် ပတ်သက်၍ လည်း ပါဝင်ဖို့ များကြောင်းသာ NLD ဘက်က ပြောခဲ့သည်

--

လာမည့် ပြည်နယ်အစိုးရသစ်အပေါ် ရခိုင်ပြည်သူတွေ ဘယ်လိုမျှော်လင့်ကြသလဲ

by ခိုင်ရိုးလ
3 December 2020
7.3k

အခုဖွဲ့မယ့် အစိုးရက ပိုပြီးတော့ တိုင်းရင်းသားတွေ ပါဝင်မှု၊ ကိုယ်စားပြုမှု အများကြီး လိုအပ်တယ်။ ဒါမှ တိုင်း ရင်းသားတွေရဲ့ ခံစားချက်တွေ၊ သူတို့ နစ်နာဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို ကိုယ်စားပြုနိုင်မှာ ဖြစ်တယ်။ တိုင်းရင်းသား ပါတီက လူတွေ...

ပြည်သူ့လွှတ်တော် တက်ရောက်လာသော ကိုယ်စားလှယ်များ  /  Reuters

ရာဇဝင်ထဲမှာ အလုပ်မဖြစ်သူတွေကို ထားခဲ့

by သန်းနိုင်ဦး
12 September 2016
1.4k

အစိုးရသစ်ရဲ့ပျားရည်ဆမ်းကာလ ရက် ၁၀၀ ကို လွန်မြောက်ခဲ့ပါပြီ။ အခုချိန်က ရက် ၁၀၀ ကာလအတွင်း မှားခဲ့တာတွေရှိခဲ့ရင် ပြန်လည် ပြုပြင်ကြရမယ့် အချိန်ကောင်းဖြစ်တယ်။

Next Post
ရန်ကုန်ဆေးရုံကြီးရှိ ကိုဗစ်ရောဂါ လက်ခံကုသရေးနေရာ / မျိုးမင်းစိုး / ဧရာဝတီ

ကိုဗစ်ရောဂါ ကုသနိုင်မည့် ပုဂ္ဂလိက ဆေးရုံများ လျှောက်လွှာ စတင်ခေါ်ယူ

အကယ်ဒမီ ဆွေဇင်ထိုက် / ဧရာဝတီ

“နင်ပဲငဆ” ပြောတဲ့ ပတ်ဝန်းကျင်မှာ ၁၅ နှစ်လောက်နေခဲ့ရတဲ့ ဆွေဇင်ထိုက်

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved