• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး မည်မျှထိခိုက်သည်ကို ကမ္ဘာ့ဘဏ် အစီရင်ခံ

by နန်းလွင်
14 October 2020
in သတင်း
A A
ကိုဗစ် ၁၉ ကပ်ရောဂါ ပထမလှိုင်းအတွင်း ရန်ကုန်မြို့လည်ကို ဧပြီလက မြင်တွေ့ရစဉ် / ဧရာဝတီ

ကိုဗစ် ၁၉ ကပ်ရောဂါ ပထမလှိုင်းအတွင်း ရန်ကုန်မြို့လည်ကို ဧပြီလက မြင်တွေ့ရစဉ် / ဧရာဝတီ

7.2k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ စီးပွားရေး ပြန်လည်နာလန်ထသည့် လက္ခဏာအချို့ရှိသော်လည်း ဝန်ဆောင်မှု၊ လက်လီ၊ လက်ကား၊ ကုန်ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၏ ၇၅ ရာခိုင်နှုန်း ထိခိုက်ကြောင်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံးစစ်တမ်းက ဖေါ်ပြလိုက်သည်။

ကမ္ဘာ့ဘဏ်၏ စစ်တမ်းကို ဝန်ဆောင်မှု၊ လက်လီ၊ လက်ကား၊ ကုန်ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေး ကဏ္ဍများမှ လုပ်ငန်းပေါင်း ၅၀၀ တွင် မေ၊ ဇူလိုင်နှင့် သြဂုတ်လများအတွင်းက ကောက်ယူခဲ့ခြင်းဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
102
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
110

ထိုလုပ်ငန်းများ၏ ၃၅ ရာခိုင်နှုန်းသည် အသေးစားလုပ်ငန်းများဖြစ်ပြီး ၄၀ ရာခိုင်နှုန်းသည် လုပ်ငန်းငယ်များဖြစ်သည်။ စစ်တမ်းတွင် အလတ်စားလုပ်ငန်း ၁၉ ရာခိုင်နှုန်းပါပြီး အကြီးစားလုပ်ငန်းများတွင် စစ်တမ်းတွင် ၆ ရာခိုင်နှုန်းပါဝင်သည်။

ကိုဗစ်-၁၉ ကြောင့် မေလတွင် ထိုလုပ်ငန်းများ၏ ၈၁ ရာခိုင်နှုန်းကို ထိခိုက်ပြီး ဇူလိုင်လတွင် ၇၉ ရာခိုင်နှုန်းကို ထိခိုက်သည်။

“ကိုဗစ်-၁၉ ၏ စုစုပေါင်းထိခိုက်မှုမှာ ကြီးကြီးမားမားရှိနေသေးသော်လည်း နယ်ပယ်အများစုတွင် တိုးတက်မှုများတွေ့ရသည်။ ကမ္ဘာတဝန်း ကူးစက်ရောဂါကြောင့် အရောင်းကျဆင်းမှုသည် အဆိုးရွားဆုံး ထိခိုက်သောနယ်ပယ်များတွင် ကျန်ရှိနေဆဲဖြစ်သည်” ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

လုပ်ငန်းအားလုံးကို နောက်ထပ် အထိခိုက်ဆုံးအချက်မှာ ထုတ်လုပ်မှု ကျဆင်းခြင်း၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စားသုံးသူများထံ ပို့ဆောင်ရန် ခက်ခဲခြင်းနှင့် ငွေလှည့်လည်စီးဆင်းမှု ပြတ်တောက်ခြင်းဖြစ်ကြောင်း ထိုစစ်တမ်းအရ သိရသည်။

မေလတွင် ကိုဗစ်-၁၉ကြောင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ ၈၇ ရာခိုင်နှုန်းကို ဆိုးကျိုးသက်ရောက်ပြီး ဇူလိုင်လတွင် ၉၀ ရာခိုင်နှုန်းနှင့် သြဂုတ်လတွင် ၈၆ ရာခိုင်နှုန်းကို ထိခိုက်စေသည်။ ထို့အပြင် လက်လီနှင့် လက်ကားလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းကို မေလတွင် ထိခိုက်စေပြီး ဇူလိုင်နှင့် သြဂုတ်လများတွင် ၈၄ ရာခိုင်နှုန်းနှင့် ၇၉ ရာခိုင်နှုန်း အသီးသီး ထိခိုက်စေသည်။

မေလတွင် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ၏ ၈၆ ရာခိုင်နှုန်းကို ထိခိုက်ပြီး ဇူလိုင်လတွင် ၈၀ ရာခိုင်နှုန်းနှင့် သြဂုတ်လတွင် ၇၆ ရာခိုင်နှုန်းကို ထိခိုက်စေသည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် မေလက ၇၀ ရာခိုင်နှုန်းကို ထိခိုက်ပြီး ဇူလိုင်လတွင် ၆၈ ရာခိုင်နှုန်းနှင့် သြဂုတ်လတွင် ၆၄ ရာခိုင်နှုန်း ထိခိုက်စေသည်။

ထို့အပြင် စစ်တမ်းတွင်ပါဝင်သည့် လုပ်ငန်းများ၏ ၈၁ ရာခိုင်နှုန်းသည် သြဂုတ်လတွင် အရောင်းကျဆင်းကြပြီး ထိုလတွင် ငွေကြေးလှည့်လည်စီးဆင်းမှု တိုးတက်လာသည်။

မေလတွင် လုပ်ငန်းများ၏ ၈၅ ရာခ်ိုင်နှုန်းတွင် အရောင်းကျပြီး ဇူလိုင်လတွင် လုပ်ငန်းများ၏ ၈၈ ရာခိုင်နှုန်းတွင် အရောင်းကျသည်။ လုပ်ငန်းများ၏ငွေကြေးစီးဆင်းမှု ပြတ်တောက်ခြင်းမှာ ဇူလိုင်လက ၅၀ ရာခိုင်နှုန်းရှိရာမှ သြဂုတ်လတွင် ၃၀ ရာခိုင်နှုန်း သို့ ကျဆင်းသည်။ လုပ်ငန်းများ၏ ၅၁ ရာခိုင်နှုန်းသည် မေလတွင် ငွေကြေးလှည့်လည်မှု ပြတ်တောက်ခြင်းကို ရင်ဆိုင်ရသည်။

ငွေလှည့်လည်မှု ပြတ်တောက်ခြင်းနှင့် ရင်ဆိုင်ရသော လုပ်ငန်းများတွင် မိတ်ဆွေနှင့် မိသားစုများထံမှ ချေးငွေသည် အဓိကဖြေရှင်းသည့် နည်းလမ်းဖြစ်ကြောင်း ထိုစစ်တမ်းက ဆိုသည်။

လုပ်ငန်းများသည် မိတ်ဆွေနှင့်မိသားစုထံမှ ချေးငွေကို အားထားနေရပြီး ဘဏ်လုပ်ငန်းအကူအညီမရဘဲ ၎င်းတို့၏ ၈ ရာခိုင်နှုန်းသာ ကူးသန်းရောင်းဝယ်ရေး ဘဏ်များကို အားကိုးနိုင်ကြကြောင်း ကမ္ဘာ့ဘဏ်က ဖေါ်ပြသည်။

သြဂုတ်လတွင် နောင်လာမည့် သုံးလအတွက် ကြွေးကျန်ငွေများ ကျန်ရှိမည်ကို စိုးရိမ်သည့် လုပ်ငန်းအရေအတွက် တိုးလာသည်။ ကြွေးကျန်မည်ကို စိုးရိမ်သည့် လုပ်ငန်းအရေအတွက်သည် ဇူလိုင်လက ၃၃ ရာခိုင်နှုန်းရှိရာမှ သြဂုတ်လတွင် ၄၀ ရာခိုင်နှုန်းသို့ တိုးလာသည်။ လုပ်ငန်းများ၏ ၃၆ ရာခိုင်နှုန်းသည် မေလက ကြွေးကျန်မည်ကို စိုးရိမ်နေကြသည်။

လုပ်ငန်းအရွယ်အစားနှင့် ကဏ္ဍတို့နှင့်မဆိုင်ဘဲ လုပ်ငန်းအားလုံးနီးပါးသည် နောင်လာမည့်လတွင် ဆက်လက်လည်ပတ်နိုင်မည်ဟု ယုံကြည်ကြသည်ဟု စစ်တမ်းအရ သိရသည်။

လုပ်ငန်းများ၏ ၆၁ ရာခိုင်နှုန်းသည် သြဂုတ်လတွင် အစိုးရ၏ ကိုဗစ်-၁၉ မူဝါဒများကို သတိထားမိလာပြီး အစိုးရ၏ အထောက်အပံ့ကို လျှောက်ထားသော လုပ်ငန်းအရေအတွက်သည် မေလနောက်ပိုင်းတွင် နှစ်ဆတိုးလာသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

လုပ်ငန်းများ၏ ၄၇ ရာခိုင်နှုန်းသည် ချေးငွေ ရရှိကြသည် သို့မဟုတ် ချေးငွေ အာမခံသည် အစိုးရထံမှ အလိုအပ်ဆုံးအရာဖြစ်လာသည်ဟု စစ်တမ်းကဆိုသည်။

ဧပြီလတွင် အစိုးရက ကိုဗစ်-၁၉ စီးပွားရေး ပြန်လည်ကုစားရေး စီမံကိန်းကို စတင်ပြီး ငွေကြေးပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖေါ်ကာ ကျန်းမားရေး အသုံးစရိတ်နှင့် အခြားအစီအမံများကို တိုးမြှင့်သည်။

စက်တင်ဘာလတွင် မြန်မာ့စီးပွားရေး ပြန်လည်နာလန်ထရေးနှင့်ပြုပြင်ပြောင်းလဲရေး အစီအစဉ်ရေးဆွဲခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စတင်ခဲ့သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စတင်ထိန်းသိမ်းနိုင်ခဲ့သည်။

ထိုအစီအစဉ်က ကုန်ထုတ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍများအတွက် ကျပ် ၂၀၀ ဘီလျှံ ( ဒေါ်လာ သန်း ၁၆၀)၊ လယ်သမားများအတွက် ကျပ် ၆၀၀ ဘီလျှံ ( ဒေါ်လာ ၄၈၇ သန်း)၊ အသေးစားလုပ်ငန်းများအတွက် ကျပ် ၁၀၀ ဘီလျှံ (ဒေါ်လာ သန်း ၈၀)၊ အသေးစားအလတ်စားလုပ်ငန်းများအတွက် ကျပ် ၂၀၀ ဘီလျှံနှင့် လက်ဖက်ရည် ဆိုင်ငယ်များနှင့်လမ်းဘေးဆိုင်များအတွက် ကျပ် ၁၀၀ ဘီလျှံအပါအဝင်  လူမှုရေး၊ ကျန်းမားရေးနှင့် စီးပွားရေးသက်ရောက်မှုများကို ဖြေရှင်းရန် ကျပ် နှစ် ထရီလျှံ (အမေရိကန်ဒေါ်လာ ၁.၆ ဘီလျှံ) သုံးစွဲရန် ကတိပြုသည်။

(Nan Lwin ၏ World Bank Reports on How COVID-19 Hammered Myanmar’s Businesses  ကို ဘာသာပြန်သည်။)

You may also like these stories:

စက်ရုံ၊ အလုပ်ရုံများ စည်ကမ်းချက်များနှင့် မညီပါက ယာယီ ပြန်ပိတ်မည်

ကိုဗစ် အကန့်အသတ်များကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အခက်အခဲဖြစ်

မဖြစ်မနေ လုပ်ရမည့် ဆောက်လုပ်ရေး လုပ်ငန်းစဉ် အနည်းငယ်ကို လုပ်ကိုင်ခွင့်ပြုမည်

Your Thoughts …
Tags: ကမ္ဘာ့ဘဏ်နောက်ဆုံးစစ်တမ်းမြန်မာ့စီးပွားရေး
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

by ဧရာဝတီ
5 January 2024
17.3k

သူ၏ နှစ်သစ်ကူးသတင်းစကားသည်ပင် တိုတောင်းနေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ဖြစ်နေသော နိုင်ငံသို့ ရုပ်မြင်သံကြားမှ ၅ မိနစ်သာ မိန့်ခွန်းပြောသည်။

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

by ဧရာဝတီ
1 July 2024
8.3k

သို့သော် ရန်ကုန်မှ ကြွယ်ဝချမ်းသာသည့် အသိုက်အဝန်းတွင်ပင် မြန်မာ၏ အကျပ်အတည်း လက္ခဏာများကို သိသိသာသာ မြင်လာရသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

by ဧရာဝတီ
11 September 2023
5.1k

၂၀၃၀ ခုနှစ်တွင် အားလုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး အလားအလာ မှေးမှိန်နေသည်ဟုလည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဖော်ပြသည်။

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

by Thompson Chau
15 December 2023
4.8k

စစ်ကောင်စီ ရင်ဆိုင်နေရသည့် စွမ်းအင်အကျပ်အတည်းကို တော်လှန်ရေး အင်အားစုများက ဆင်နွဲသည့် မကြာသေးမီက ထိုးစစ်က ပိုမိုဆိုးရွားစေသည်။

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

by ဧရာဝတီ
2 September 2023
4.3k

လေဖြတ်ထားတဲ့ တုတ်ကောက်နဲ့ သက်ကြီးရွယ်တွေ၊ ကလေးချီထားတဲ့ မိခင်တွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေ အစားအသောက်ယူဖို့ စောင့်နေတာတွေ ကျနော်တို့ တွေ့နေရတယ်။

မြန်မာ့စီးပွား အတက်အကျ ကမ္ဘာ့ဘဏ်၏ အချက်အလက်ဇယားကို နိုင်ငံရေးခေါင်းဆောင်များ၏ ဓာတ်ပုံများဖြင့် ဖြည့်စွက်ထားပုံ

ဇောက်ထိုးဆင်းနေဦးမည့် မြန်မာ့စီးပွားရေး

by လင်းထက်မြက်
9 August 2022
16.3k

နိုင်ငံတော်ကပေးရန်ရှိသည့် ကြွေးမြီပမာဏ (public debt) သည် စိုးရိမ်ရေမှတ် ဂျီဒီပီ၏ ၆၀ ရာခိုင်နှုန်း အောက်တည့်တည့် ၅၈ ဒသမ ၇ ရာခိုင်နှုန်း ရောက်နေပြီ

Next Post
တာဂွကျေးရွာဖြစ်စဉ်တွင် ဒဏ်ရာရခဲ့သည့် ကျေးရွာသားများ  / ကျော်ဇေယျာဦး / ဟင်္သာတ

ဟင်္သာတမြို့ NLD ဝန်းရံသူများ တိုက်ခိုက်ခံရမှု ၂၆ ဦးကို အမှုဖွင့်ထား

ကမ္ဘောဇဘဏ် နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ တာဝန်ရှိသူများ ပညာသင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့်အမှတ်တရဓါတ်ပုံရိုက်ကူးစဉ်

ပညာရေးမှာ ကမ္ဘောဇဘဏ်ရဲ့ ရင်းနှီးမြှုပ်နှံမှု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved