• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ် အကန့်အသတ်များကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အခက်အခဲဖြစ်

by အောင်သီဟ
13 October 2020
in သတင်း
A A
ထိုင်းနိုင်ငံ မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေး တံတားမှ တဆင့် မြန်မာနိုင်ငံဘက်သို့ ကုန်ပစ္စည်းပို့ဆောင်မည့်ကားများ / ကျော်ခ / ဧရာဝတီ

ထိုင်းနိုင်ငံ မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေး တံတားမှ တဆင့် မြန်မာနိုင်ငံဘက်သို့ ကုန်ပစ္စည်းပို့ဆောင်မည့်ကားများ / ကျော်ခ / ဧရာဝတီ

7.9k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာနိုင်ငံ မြဝတီမှ ထိုင်းနိုင်ငံ မဲဆောက်သို့ သွားရောက် ကုန်သွယ်သော မြန်မာ ကုန်တင်ယာဉ် မောင်း ၃ ဦး၌ ကိုဗစ်ရောဂါပိုး တွေ့ခဲ့ပြီးနောက် နှစ်နိုင်ငံ ကုန်သွယ်ရေးကို အကန့်အသတ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် နယ်စပ် ကုန်သွယ်ရေး အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မြန်မာ ကားသမားများတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိပြီး နောက်ပိုင်း ထိုင်းနိုင်ငံဘက်ကလည်း မြန်မာကုန်တင်ယာဉ် များကို နယ်စပ်ကုန်သွယ်ရေး ထိန်းချုပ်မှုဇုန် (Border Control Facility – BCF) သို့သာ ဝင်ရောက်ခွင့်ပြုပြီး ထိုင်းကုန်တင် ယာဉ်များနှင့် ကုန်ပစ္စည်းလဲလှယ် တင်ဆောင်သည့် စနစ်ဖြင့်သာ ကုန်သွယ်ရန် ကန့်သတ်ထားသည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
106
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2.1k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
103

မြန်မာနိုင်ငံဘက်ကလည်း ထိုင်းကုန်တင်ယာဉ်များကို မြန်မာဘက်ခြမ်းရှိ BCF ကုန်သွယ်ရေးဇုန် ရှိရာသို့သာ ဝင်ရောက် ခွင့်ပြုပြီး မြန်မာကုန်တင်ယာဉ်များနှင့် ကုန်ပစ္စည်းများ လဲလှယ်တင်ဆောင်သည့် စနစ်ဖြင့် နှစ်နိုင်ငံကုန်သွယ်မှုကို လုပ်ဆောင်လျက် ရှိသည်။

မြဝတီကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ် က “ထိုင်းဘက်ကလည်း သူတို့ ဘက်ကို ပေးမဝင်တော့ဘူး။ ထိုင်းဘက်ကလည်း BCF မှာပဲ ဆုံးတယ်။ မြန်မာဘက်ကလည်း BCF မှာပဲ လုပ်မယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ အဲဒီမှာက အလုပ်သမား၊ ခေါက်တိုပြေးဆွဲတဲ့ ကားတွေ မလုံလောက်ဘူး။ ကုန်တင်ကားကြီးတွေအတွက် ဘယ်လိုမှ အဆင်မပြေဘူး” ဟု ယနေ့ ထိုင်း မြန်မာ ကုန်သွယ်ရေး အခြေအနေကို ဧရာ ဝတီသို့ ပြောသည်။

အဆိုပါနေရာ၌ ကုန်သွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အလုပ်သမား အင်အားလုံလောက်မှု မရှိခြင်းနှင့် ခေါက်တို ပြေးဆွဲပေးရန် မော်တော်ယာဉ်များ မလုံလောက်ခြင်း အစရှိသည့် အခက်အခဲများ ကြုံတွေ့ရခြင်းကြောင့် ကုန်သွယ်ရေး လုပ်ငန်းများ မလုပ်ဆောင်နိုင်ကြောင်း ၎င်းက ဆိုသည်။

ဒေါ်သင်းသင်းမြတ်က ဆက်လက်၍ “စောင့်ကြည့်ပြီး ရပ်ထားတဲ့ သဘောမျိုးတော့ မဟုတ်ဘူး။ လာချင်ကြပေမယ့် ဘယ် လိုမှ လာလို့မှ မရတာ၊ ဘယ်လိုလုပ်မလဲ” ဟု ကုန်သွယ်ရေး အခြေအနေကို ရှင်းပြသည်။

လက်ရှိ အချိန်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေး၌ ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးများ အခက်အခဲ သိပ်မရှိသော် လည်း ဒေသတွင်း ကုန်သွယ်ရေး လုပ်ငန်းများတွင်မူ ပြဿနာတချို့ ဖြစ်ပွားခဲ့ကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦး တေဇာအောင်က ဧရာဝတီသို့ ပြောသည်။

၎င်းက “မနေ့ကတော့၂ နိုင်ငံစလုံး လျှပ်တပြက် စီစဉ်လိုက်ကြရတဲ့ အခြေအနေတွေလေး ဖြစ်သွားခဲ့တယ်။ နောက်၂ နိုင်ငံ ဆွေးနွေးမှုအရ BGF ဇုန်တွေမှာပဲ ကုန်သွယ်မှုကို လုပ်ကြဖို့ ဆွေးနွေး ဆုံးဖြတ်လိုက်ကြတယ်။ ဒီအစီအစဉ် မစခင်က တည်းက ကုန်သွယ်မှုက နည်းနည်းတော့ ကျနေတယ်။ အခု အစီအစဉ် စတော့ တော်တော်ကို ကျသွားတော့ ပုံမှန် အခြေ အနေကထက် ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်” ဟု ဆိုသည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးသည် ပုံမှန်အခြေအနေက အတိုင်း လုပ်ဆောင်နိုင်ရန် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ပြန် လည် ထိန်းချုပ်လာနိုင်မည့် အခြေအနေအပေါ်တွင် မူတည်ပြီး ပုံမှန်အခြေအနေအတိုင်း အမြန်ဆုံး ရောက်ရှိစေရန် နှစ်နိုင် ငံကြား ပုံမှန် ဆွေးနွေးမှုများလည်း လုပ်ဆောင်နေကြောင်း ဦးတေဇာအောင်က ရှင်းပြသည်။

အောက်တိုဘာ ၁၁ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်ဒေသခံတချို့ မြန်မာနိုင်ငံမှ ကုန်တင်ယာဉ်များကို ထိုင်းနိုင်ငံထဲသို့ ပေးမဝင်ရန် ဆန္ဒပြခဲ့ကြသလို မြန်မာဘက်က မော်တော်ယာဉ်မောင်းတချို့လည်း မြန်မာနိုင်ငံ ဘက်သို့ ကုန်သွယ်ရန် ရောက်ရှိလာသည့် ထိုင်းကုန်တင်ယာဉ်များကို အဝင် မခံဘဲ ပိတ်ဆု့ိ၍ တန်ပြန် ဆန္ဒပြမှုများ ဖြစ်ပေါ် ခဲ့သည်။

မြဝတီ နယ်စပ်ကုန်သွယ်ရေး စခန်းတွင် အေးဂျင့်အဖြစ် လုပ်ကိုင်နေသော ကိုအောင်မြင့်ဦးက “ထိုင်းဘက်က အခုချိန်မှာ အများဆုံး ဝင်နေတာက ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေလေ။ BCF မှာ အဲဒါတွေအတွက် ဂိုဒေါင်တွေဘာတွေ မရှိ၊ နေရာကလည်း ကျဉ်းတော့ လုပ်ရကိုင်ရ တော်တော်ခက်တော့ ထိုင်းဘက်က ကုန်သည်တချို့ကလည်း လုပ်ငန်း ရပ် ထားကြတယ်” ဟု ပြောသည်။

ယခု ရက်ပိုင်းအတွင်း မြဝတီတွင် ကုန်ကားသမားကို ကိုဗစ်ရောဂါပိုး စစ်ဆေးရာတွင် ပိုးရှိသူများ ထပ်မံတွေ့ရှိလာခြင်း ကြောင့် ထိုင်းနိုင်ငံဘက်က ယနေ့(အောက်တိုဘာ ၁၃ရက်)၌ ယခင်က သတ်မှတ်ထားသော BCF ကုန်သွယ်ရေးနေရာသို့ မြန်မာကုန်ကားများ ဝင်ခွင့်မပေးတော့ဘဲ မြန်မာဘက်က BCF ဇုန်တွင်သာ ထိုင်းကုန်ကားများဖြင့်သာ ပစ္စည်းများ လာရောက် သယ်ယူလျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ၏ ဒုတိယ ကုန်သွယ်မှု အများဆုံးလုပ်ဆောင်သည့် ကုန်သွယ်ရေး စခန်း ဖြစ်ပြီး ပုံမှန်ကာလတွင် ၁ ရက်လျှင် ကုန်စည်စီးဆင်းမှုသည် ကားအစီးရေ ၃၀၀ မှ ၄၀၀ ကြားရှိကာ ယခုကိုဗစ်ကာလနှင့် ကုန်ကား လဲလှယ်သည့် စနစ်များကြောင့် ကားအစီးရေ ၅၀ မှ ၇၀ ကြားသာ ကုန်သွယ်လျက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာဘက်က အဓိက တင်ပို့ကုန်ဖြစ်သော ပြောင်းတင်ပို့ရာသီ မဟုတ်သည့် အတွက် ဆန်ကွဲ၊ နှမ်းနှင့် ရေထွက်ကုန် အနည်းငယ်ကိုသာ မြန်မာဘက်သို့ တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံဘက်က စားသောက်ကုန်၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများ အများအပြား ဝင်ရောက်လျက် ရှိသည်။

လတ်တလောတွင် နှစ်နိုင်ငံကြား ကုန်တင်ယာဉ်များဖြင့် ကုန်သွယ်မှု ပြုလုပ်လေ့ရှိသည့် အကြီးစား ကုန်သွယ်ရေးလုပ်ငန်း များ အားလုံးနီးပါး ရပ်ဆိုင်းသွားလျက် ရှိပြီး အသီးအနှံများနှင့် လူသုံးကုန် ပစ္စည်းများကို မော်တော်ယာဉ်အငယ်များဖြင့် ကုန်သွယ်မှု ပြုလုပ်ကြသည့် အသေးစားနှင့် အလတ်စား ကုန်သွယ်ရေးများသာ လုပ်ကိုင်နိုင်လျက်ရှိကြကြောင်း မဲ ဆောက် အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

၎င်းက “စားသောက်ကုန်၊ အသီးအနှံလေးတွေနဲ့ အသေးစား လူသုံးကုန်ပစ္စည်းလေးတွေလောက်ပဲ လုပ်နိုင်ကြတော့တယ်။ ရွှေ့ပြောင်းလုပ်သားတွေ မြန်မာနိုင်ငံဘက် နေရပ်ပြန်ရေးကိစ္စကတော့ ပုံမှန်အတိုင်းပဲ နှစ်နိုင်ငံ ဆောင်ရွက်နေကြတယ်” ဟု ဆိုသည်။

နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ယခုကဲ့သို့ အကန့်အသတ်များဖြင့် ရက်ကြာရှည်ပါက ထိုင်းနိုင်ငံဘက်က ပို့ကုန်ပမာဏများပြား ခြင်းကြောင့် ၎င်းတို့ ကုန်သည်များ ထိခိုက်ဆုံရှုံးမှု ပိုများနိုင်ပြီး မြန်မာဘက်တွင်မူ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်း တချို့သာ ပြတ်လပ်နိုင်သည့် အခြေအနေသာ ကြုံတွေ့ရနိုင်ကြောင်း ထိုနယ်စပ် ဒေသခံလည်း ဖြစ်သည့် ဦးမိုးကြိုးက ပြော သည်။

ယခု ဘဏ္ဍာနှစ်(၂၀၂၀ စက်တင်ဘာ ၂၅ ရက်အထိ)တွင် မြန်မာနိုင်ငံဘက်မှ ပို့ကုန် တင်ပို့မှုသည် အမေရိကန် ဒေါ် လာ သန်း ၃၈၀ ကျော် အထိရှိခဲ့ပြီး ထိုင်းနိုင်ငံဘက်က သွင်းကုန် တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ သန်း ၈၁၀ ကျော်အထိ ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

You may also like these stories:

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သန်း ၁၂၀၀ နီးပါး တိုးတက်

တာချီလိတ်- မယ်ဆိုင် ကုန်သွယ်ရေး အကန့်အသတ်များ ပြန်ဖြေလျှော့ရန် သဘောတူမှုရ

Your Thoughts …
Tags: ကိုဗစ်ရောဂါကုန်သွယ်ရေးထိုင်း- မြန်မာနယ်စပ်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.8k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

by ဧရာဝတီ
27 November 2023
18.7k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

by ဧရာဝတီ
28 November 2023
14.2k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

by Gwen Robinson
11 August 2023
10.9k

UOB ၏ မူဘောင်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံး အကျုံးဝင်မည်ဖြစ်သည်။

မြဝတီကို KNLA ပူးပေါင်းတပ်များ ထိန်းချုပ်

မြဝတီကို KNLA ပူးပေါင်းတပ်များ ထိန်းချုပ်

by ဧရာဝတီ
6 April 2024
10.3k

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် ကရင်ပြည်နယ်၊ မြဝတီမြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူပေါင်းတပ်များက ထိန်းချုပ်လိုက်ကြောင်း သိရသည်။

Next Post
Remdesivir ဆေးကို အိန္ဒိယနိုင်ငံက အလုံးရေ ၃,၀၀၀ လှူဒါန်းထားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကလည်း အလုံးရေ ၁၅,၀၀၀ ဝယ်ယူထားကြောင်း သိရသည်။

ကိုဗစ်ပြင်းထန် လူနာများကို Remdesivir ဆေးဖြင့် ကုသနေ

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ပြည်ပခရီးစဉ်တခုတွင် တွေ့ရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / Myanmar State Counsellor Office

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃၀၀ ကျော် တိုးလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate