အာဏာသိမ်း စစ်ကောင်စီအတွက် အဓိက ဝင်ငွေရလမ်းဖြစ်သော မြန်မာဓာတ်ငွေ့သိုက်များသည် လာမည့်နှစ်များတွင် အထွက်နှုန်း သိသိသာသာ နည်းလာမည်ဖြစ်ပြီး ၎င်းတို့အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအား နှိမ်နင်းရန် ရုန်းကန်နေရသော ဗိုလ်ချုပ်များအတွက် အဓိက ခြိမ်းခြောက်မှု ဖြစ်လာသည်။
လစဉ် တရုတ်မှ မြန်မာသို့ လျှပ်စစ်ဓာတ်အား တင်သွင်းမှုသည် ယခုနှစ်တွင် နှစ်ဆမက ကျော်လာကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြပြီး မြန်မာမှ စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဏာပိုင်များသည် မဟာဓာတ်အားလိုင်းများ ချိတ်ဆက်ရန် တရုတ်နှင့် လာအိုတို့နှင့် ဆွေးနွေးနေကြောင်း သိရသည်။
စစ်ကောင်စီ ရင်ဆိုင်နေရသည့် စွမ်းအင်အကျပ်အတည်းကို တော်လှန်ရေး အင်အားစုများက ဆင်နွဲသည့် မကြာသေးမီက ထိုးစစ်က ပိုမိုဆိုးရွားစေသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တနိုင်ငံလုံးမှ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မဟာမိတ်များနှင့် ညှိနှိုင်းပြီး စစ်တပ်ကို ကျယ်ပြန့်သော ဒေသများမှ မောင်းထုတ်ကာ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး အများစုပြုလုပ်သည့် နယ်စပ်စခန်းများနှင့် လမ်းကြောင်းများကို သိမ်းယူကြသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ့တပ်များက စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်နိုင်ရန် ဒီဇယ် စုဆောင်းနေပြီး လက်ရှိ စွမ်းအင်အကျပ်အတည်းကို ပိုမိုဆိုးရွားစေကာ နိုင်ငံကို နက်ရှိုင်းလှသည့် လောင်စာအကျပ်အတည်းအတွင်း ကျရောက်စေကြောင်း ရန်ကုန်မှ သတင်းရင်းမြစ်အများအပြားက ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ့တပ်များက စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်နိုင်ရန် ဒီဇယ် စုဆောင်းနေပြီး လက်ရှိ စွမ်းအင်အကျပ်အတည်းကို ပိုမိုဆိုးရွားစေကာ နိုင်ငံကို နက်ရှိုင်းလှသည့် လောင်စာအကျပ်အတည်းအတွင်း ကျရောက်စေကြောင်း ရန်ကုန်မှ သတင်းရင်းမြစ်အများအပြားက ပြောသည်။
ရန်ကုန်မှ လောင်စာဆီဆိုင်အချို့သည် လောင်စာဆီ ကုန်နေပြီး ကျန်ဆိုင်များတွင်လည်း ညနက်ပိုင်းအထိ ရှည်လျားစွာ တန်းစီနေရသည်ဟု စီးပွားရေးမြို့တော် ရန်ကုန်မှ စီးပွားရေး သမားတဦးက ပြောသည်။
“အာဏာသိမ်းပြီးနောက်မှာ လျှပ်စစ်ဓာတ်အားခက ၈ ဆကနေ ၁၀ ဆအထိ တက်လာတယ်။ ကျနော်တို့က မီးစက်တွေသုံးဖို့လိုပြီး လောင်စာဆီဈေးက အရမ်းတက်နေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုစီးပွားရေးသမားက Al Jazeera သို့ ပြောသည်။
“စစ်တပ်ရော လောင်စာဆီဆိုင်တွေကပါ အခုဖြစ်နေတာကို မထိန်းချုပ်နိုင်ဘူး။ အဲဒီလို မလုံလောက်မှုက စီးပွားရေးကို ဘယ်လောက် ထိခိုက်စေမယ်ဆိုတာကို စစ်ကောင်စီက သိပုံမရဘူး” ဟုလည်း ၎င်းကပြောသည်။
နိုင်ငံတွင် ဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းနေခြင်းနှင့် စစ်တပ်က ဒီဇယ်တင်သွင်း စုဆောင်းနေခြင်းကို နိုင်ငံတွင် သတိထားမိလာကြောင်း စွမ်းအင်ကျွမ်းကျင်သူနှင့် မြန်မာအစိုးရဟောင်းသို့ အကြံပေးဟောင်း မစ္စတာ ဂွီလော်မီ ဒီ လန်ဂါက ပြောသည်။
“ဓာတ်ငွေ့နဲ့ ဒီဇယ်မရှိရင် ဆေးရုံတွေက ဆေးတွေ၊ စစ်ဆေးမှု နမူနာတွေကို အအေးပေးဖို့ မှီခိုအားထားလောက်တဲ့ လျှပ်စစ်ဓာတ်အား ရစရာ နည်းလမ်း မရှိဘူး” ဟုလည်း ၎င်းကပြောသည်။
သို့သော် အိမ်နီးချင်းများဖြစ်သည့် တရုတ်နှင့် လာအို နှစ်နိုင်ငံလုံးသည် မြန်မာမှ ဓာတ်ငွေ့မကုန်ခန်းမီ မြန်မာသို့ ဓာတ်အား အကြီးအကျယ်ရောင်းချမည့် အလားအလာ မရှိကြောင်း ကျွမ်းကျင်သူများက သတိပေးပြီး စစ်ကောင်စီသည် အခြားစွမ်းအင်နှင့် ဝင်ငွေရင်းမြစ်များကို ရှာနေပြီး ထိုသို့မဟုတ်ပါက အာဏာသိမ်းပြီးနောက် ၂၀ ရာခိုင်နှုန်းနီးပါး ကျုံ့သွားသော စီးပွားရေးနောက်ပိုင်း တရားဝင်မှု ပြဿနာများကို ရင်ဆိုင်ရမည်ဖြစ်သည်။
အာဏာမသိမ်းမီက ကမ္ဘာတွင် အခွန်အနိမ့်ဆုံး နိုင်ငံအချို့အနက် တခုဖြစ်သည့် မြန်မာသည် ၎င်း၏ ဝင်ငွေအများစုကို ထိုင်းနှင့် တရုတ်သို့ ကမ်းလွန်ဓာတ်ငွေ့ တင်ပို့ခြင်းအပေါ် မှီခိုနေသည်။
အာဏာမသိမ်းမီက ကမ္ဘာတွင် အခွန်အနိမ့်ဆုံး နိုင်ငံအချို့အနက် တခုဖြစ်သည့် မြန်မာသည် ၎င်း၏ ဝင်ငွေအများစုကို ထိုင်းနှင့် တရုတ်သို့ ကမ်းလွန်ဓာတ်ငွေ့ တင်ပို့ခြင်းအပေါ် မှီခိုနေသည်။
စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြုတ်ချပြီးနောက် ရင်းနှီးမြှုပ်နှံသူများ အလုံးအရင်းထွက်ခွာကာ ပြည်သူလူထုက အခွန်မဆောင်ရေး သပိတ်မှောက်သောကြောင့် နိုင်ငံတော် ဘဏ္ဍာသည် အကြီးအကျယ် ယိုယွင်းနေသည်။
ဘဏ္ဍာရေးအကျပ်အတည်းသည် စစ်ကောင်စီ၏ လက်နက်ဝယ်ယူမှု အပါအဝင် စစ်ဆင်ရေးစွမ်းရည် ဖြတ်တောက်နိုင်ပြီး ဓာတ်အား ပြတ်တောက်မှုများကို ပိုမိုဆိုးရွားစေကာ စစ်အုပ်ချုပ်ရေးကို ပိုမို ဆန့်ကျင်မှု ဖြစ်စေနိုင်သည်။
“မြန်မာရဲ့ လျှပ်စစ်ဓာတ်အား ထက်ဝက်က ဓာတ်ငွေ့ကနေလာတာ။ မကြာခင် ကျရောက်တော့မယ့် အကျပ်အတည်းက လက်ရှိဓာတ်အား ပြတ်တောက်မှုကို သိသိသာသာ ပိုမိုဆိုးရွားစေမယ်။ ဓာတ်ငွေ့ တင်ပို့မှုကရတဲ့ငွေက စစ်ကောင်စီ အကြီးအကျယ်လိုအပ်နေတဲ့ ဝင်ငွေရဲ့ ထက်ဝက်ရှိတယ်။ စွမ်းအင်က မြန်မာအကျပ်အတည်းမှာ သေရေးရှင်ရေး ဆုံးဖြတ်ပေးမှာဖြစ်တယ်” ဟုလည်း မစ္စတာ ဒီ လန်ဂါက ပြောသည်။
“ဓာတ်ငွေ့ အကျပ်အတည်းကို ကြိုတင်မျှော်မှန်းထားပြီးသား ဖြစ်ပေမယ့် အရပ်သားအစိုးရတုန်းက ဒါကို ရှောင်ရှားဖို့ အစီအစဉ်တွေ လုပ်နေတယ်။ ဒါပေမယ့် အာဏာသိမ်းပြီးနောက်မှာ ငွေကြေးတန်ဖိုး ကျဆင်းမှု၊ ငွေရင်း ထိန်းချုပ်မှုနဲ့ အယုံအကြည်ကင်းမဲ့ခြင်းတွေကြောင့် အဲဒီအစီအစဉ်တွေကို ဖျက်သိမ်း ကုန်ကြတယ်” ဟုလည်း ၎င်းကပြောသည်။
ဓာတ်အားမလုံလောက်မှု
အာဏာသိမ်းပြီးနောက်တွင် မြန်မာသည် ကြီးမားသော ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်ရသည်။ ၂၀၂၁ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား ၄,၀၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်သည်။ မကြာသေးမီ လများအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၂,၅၀၀ နှင် ၂,၆၀၀ မဂ္ဂါဝပ်ကြားသာ ရှိတော့သည်။
အခြေအနေကို ပိုမိုဆိုးရွားစေသည်မှာ ကမ်းလွန်ဓာတ်ငွေ့လုပ်ကွက်များကို ဖော်ထုတ်နေသည့် အဓိက ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းကြီးများဖြစ်သော ပြင်သစ်မှ Total နှင့် သြစတြေးလျမှ Woodside တို့ မြန်မာမှ ထွက်ခွာသွားကြသည်။
“၂၀၃၀ ပြည့်နှစ်ရောက်သောအခါ ဓာတ်ငွေ့ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်က အဆင့်၏ ၅ ပုံ ၁ ပုံသာ ရှိတော့မည်” ဟု ကမ္ဘာ့ဘဏ်က “အမှောင်ထုအောက်ဝယ်- မြန်မာမှ လျှပ်စစ်ဓာတ်အားကဏ္ဍအတွက် စိန်ခေါ်မှုများ” ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ဖော်ပြသည်။
“၂၀၃၀ ပြည့်နှစ်ရောက်သောအခါ ဓာတ်ငွေ့ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်က အဆင့်၏ ၅ ပုံ ၁ ပုံသာ ရှိတော့မည်” ဟု ကမ္ဘာ့ဘဏ်က “အမှောင်ထုအောက်ဝယ်- မြန်မာမှ လျှပ်စစ်ဓာတ်အားကဏ္ဍအတွက် စိန်ခေါ်မှုများ” ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ဖော်ပြသည်။
“ကာလအလယ်အလတ်မှ ရေရှည်ကာလတွင်း ပြည်တွင်းဓာတ်ငွေ့ ကုန်ခန်းခြင်းနှင့် နောက်ဆက်တွဲ ထုတ်လုပ်မှုများတွင် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန် ခက်ခဲခြင်းသည် လျှပ်စစ်ဓာတ်အားကဏ္ဍကို ပိုမိုဆိုးရွားစေမည့် အခြေအနေရှိသည်” ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
အကြီးမားဆုံး ဓာတ်ငွေ့လုပ်ကွက်ဖြစ်သည့် ရတနာလုပ်ကွက်မှ ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်တွင် စတင်ကျဆင်းလာပြီး အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဓာတ်ငွေ့ထုတ်လုပ်မှုသည် ၂၀၂၆ ခုနှစ်တွင် စတင်ကျဆင်းမည်ဟု မျှော်လင့်ရကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
“ထိုအခြေအနေသည် မြန်မာမှ ထိုင်းနှင့် တရုတ်သို့တင်ပို့မှုနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) အတွက် ငွေမာဝင်ငွေနှင့် ပြည်တွင်းသုံးစွဲရန် ရနိုင်သည့် ဓာတ်ငွေ့ပမာဏကို ထိခိုက်စေတော့မည်ဖြစ်သည်” ဟုလည်း ထိုအစီရင်ခံစာက ဖော်ပြသည်။
ရတနာ၊ ဇောတိကနှင့် ရွှေ ဓာတ်ငွေ့လုပ်ကွက်များမှ ထုတ်လုပ်မှုသည် ၂၀၂၅ နှင့် ၂၀၃၀ ပြည့်နှစ်အကြား အလျင်အမြန် ကျဆင်းမည်ဟု မျှော်လင့်ရသည်။
ထိုင်းရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကြီး PTT Exploration and Production (PTTEP) သည် ဇောတိကနှင့် ရတနာ လုပ်ကွက်များတွင် ဓာတ်ငွေ့ထုတ်လုပ်နေပြီး ရွှေလုပ်ကွက်ကို တောင်ကိုရီးယားမှ Posco International က လုပ်ဆောင်နေသည်။
“၁၉၉၀ ပြည့်နှစ်တွေ နှောင်းပိုင်းနဲ့ ၂၀၀၀ ပြည့်နှစ်တွေ အစောပိုင်းက ဓာတ်ငွေ့ထုတ်လုပ်မှု တိုးတက်မှုက အဆုံးသတ်တော့မယ်။ အဓိကအားဖြင့်တော့ ၂၅ နှစ်လောက် မြန်မာနိုင်ငံကို ပေးနေတဲ့၊ အခု စစ်ကောင်စီကို ပေးနေတဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာဟာ နိဂုံးချုပ်တော့မယ်” ဟု မစ္စတာ ဒီလန်ဂါက ပြောသည်။
“ထိုင်းကိုပေးနေတဲ့ ဓာတ်ငွေ့သိုက်က နှစ်အနည်းငယ်အတွင်း ကုန်ခန်းတော့မှာဖြစ်ပြီး ဒါဟာ စစ်ကောင်စီ ဘာဖြစ်နေတယ်၊ စစ်ကောင်စီနဲ့ ထိုင်းအကြား ဆက်ဆံရေး၊ စစ်ကောင်စီအနေနဲ့ သူ့ငွေသူရှာပြီး လက်နက်ဝယ်ဖို့ ဘာလုပ်မယ်ဆိုတာကို ဖွင့်ဆိုမယ့် အချက်ဖြစ်တယ်။ ဓာတ်ငွေ့ တင်ပို့လို့ရတဲ့ ငွေတွေကို ကျန်းမာရေး၊ ပညာရေး၊ အခြေခံအဆောက်အအုံ စတာတွေအတွက် မသုံးလို့ ပိုမိုကျယ်ပြန့်တဲ့ ပြည်သူတွေလည်း ထိခိုက်မယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် ဆည် သုံးခု တည်ဆောက်ရေးကို ဆက်လက် တွန်းအားပေး လုပ်ဆောင်နေသည်။ သူဌေး၊ အထက် ရဲရွာနှင့် အထက် ကျိုင်းတောင်း ရေကာတာများဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် စတင်လည်ပတ်ရန် ရည်မှန်းထားသည်။
စစ်ကောင်စီသည် ဆည် သုံးခု တည်ဆောက်ရေးကို ဆက်လက် တွန်းအားပေး လုပ်ဆောင်နေသည်။ သူဌေး၊ အထက် ရဲရွာနှင့် အထက် ကျိုင်းတောင်း ရေကာတာများဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် စတင်လည်ပတ်ရန် ရည်မှန်းထားသည်။
မလုံလောက်သော ရင်းမြစ်များနှင့် လက်နက်ကိုင် ပဋိပက္ခသည် ထိုစီမံကိန်းများကို နှောင့်နှေး စေမည်ဟု ဂြိုဟ်တုမှ ရိုက်ကူးထားသည့် ဓာတ်ပုံများမှ တည်ဆောက်ရေးလုပ်ငန်းများ နှေးကွေးနေခြင်းကို ကမ္ဘာ့ဘဏ်က ကိုးကားပြောသည်။
“အဲဒီဆည် သုံးခုက လည်ပတ်ရင်တောင်မှ စုစုပေါင်း ၄၄၃ မဂ္ဂါဝပ်ပဲ ထုတ်လုပ်နိုင်မှာ။ ဆိုလာ စက်ရုံတွေကလည်း အရမ်းသေးတယ်။ အဲဒီအစီအစဉ်တွေထဲက ဘယ်ဟာမှ အာဏာမသိမ်းခင်က လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကွာဟချက်ကို မဖြည့်ဆည်းပေးနိုင်ဘူး” ဟု မစ္စတာ ဒီလန်ဂါက ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် မကြာသေးမီကမှ ဖြည်လျှော့သည့် နိုင်ငံခြားငွေကြေး ထိန်းချုပ်မှုနှင့် ပို့ကုန်ကန့်သတ်ခြင်း အပါအဝင် အကြီးအကျယ် ထိခိုက်စေပြီးသော စီးပွားရေး ပတ်ဝန်းကျင်အား ပိုမိုခက်ခဲစေမည့် အစီအမံအများအပြားကို ထပ်မံချမှတ်သည်။
နိုင်ငံစုံလုပ်ငန်းများ အလုံးအရင်းနှင့် နိုင်ငံမှ ထွက်ပြေးနေချိန်တွင် တရုတ်အစိုးရ ကျောထောက် နောက်ခံပြု စွမ်းအင်လုပ်ငန်း VPower မြန်မာမှ လုပ်ငန်းများကို အကြီးအကျယ် လျှော့ချလိုက်သည်။
Al Jazeera က ကြည့်ရှုရသည့် ဇွန်လက ကြားဖြတ် အစီရင်ခံစာတွင် CITIC Group Corporation Ltd ကျောထောက်နောက်ခံပြု VPower ၏ ကြားဖြတ်အစီရင်ခံစာတွင် VPower သည် မြန်မာမှ လုပ်ငန်းများကို လျှော့ချပြီး အလားအလာကောင်းသည့် အခြားစီမံကိန်းများတွင် မြှုပ်နှံကြောင်း ဖော်ပြသည်။
တရုတ်နိုင်ငံပိုင်လုပ်ငန်း တရုတ်အမျိုးသားနည်းပညာ တင်သွင်းမှု တင်ပို့မှု ကော်ပိုရေးရှင်း (China National Technical Import and Export Corporation) နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဟောင်ကောင် အခြေစိုက် VPower သည် မြန်မာတွင် ဓာတ်အားပေးစက်ရုံ ငါးရုံကို လုပ်ကိုင်ခဲ့သည်။ လေးခုကို ယခုနှစ်အတွင်း ပိတ်သိမ်းလိုက်သည်။ မြင်းခြံမှ ၁၀၉ ဒသမ ၇ မဂ္ဂါဝပ် စက်ရုံတခုတည်းသာ လည်ပတ်နေဆဲ ဖြစ်သည်။
“ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းခြင်းနှင့် ပြည်ပသုံးငွေ မလုံလောက်ခြင်းသည် ပြည်ပလုပ်ငန်းများအတွက် အဓိက အခက်ခဲဆုံး”ဖြစ်ကြောင်း VPower ကုမ္ပဏီက အစီရင်ခံစာတွင် ဖော်ပြသည်။
“ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းခြင်းနှင့် ပြည်ပသုံးငွေ မလုံလောက်ခြင်းသည် ပြည်ပလုပ်ငန်းများအတွက် အဓိက အခက်ခဲဆုံး”ဖြစ်ကြောင်း ထိုကုမ္ပဏီက ၎င်းတို့ အစီရင်ခံစာတွင် ဖော်ပြသည်။
တက်ကြွလှုပ်ရှားမှုအဖွဲ့အစည်းဖြစ်သည့် Justice for Myanmar က မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ကိုးကားပြီး VPower သည် စစ်တပ်လုပ်ငန်းစု မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)၊ စစ်တပ်နှင့်မကင်းသည့် Star Sapphire ကုမ္ပဏီတို့နှင့် ပတ်သက်နေကြောင်း ပြောသည်။
မြန်မာစစ်တပ်နှင့် အဆက်အစပ်မရှိဟု လူသိရှင်ကြား ငြင်းသည့် VPower သည် စစ်တပ်နှင့် တိုက်ရိုက် အလုပ်မလုပ်ရေးအတွက် ဥပမာဖြစ်ကြောင်း လေ့လာရမည့် ဥပမာ ဖြစ်သည်ဟု Justice For Myanmar က ဖော်ပြသည်။
မြန်မာ့စီးပွာရေး ဦးပိုင်လီမိတက်နှင့် Star Sapphire ကို ဗြိတိန်က အရေးယူပိတ်ဆို့ထားပြီး ဖြစ်သည်။
“VPower ရဲ့ မြန်မာပြည်က လုပ်ငန်းတွေကို ဗြိတိန် ဗာဂျင်ကျွန်းစု ဦးပိုင်ကုမ္ပဏီက ပိုင်ဆိုင်ခွင့်ပေးထားတာကြောင့် ဗြိတိန် အာဏာပိုင်တွေဟာ အရေးယူပိတ်ဆို့ထားတဲ့ လုပ်ငန်းတွေရဲ့ ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုပါတယ်” ဟု Justice For Myanmar မှ မရတနာမောင်က Al Jazeera သို့ ပြောသည်။
ထိုစွမ်းအင် အကျပ်အတည်းသည် အာဏာသိမ်းမှုအလွန် စစ်ကောင်စီ၏ စီးပွားရေး စီမံခန့်ခွဲမှု အမှားများအနက် ဥပမာတခုဖြစ်ကြောင်း ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာက ပြောသည်။
“ဒါဟာ လောင်စာတင်သွင်းဖို့ နိုင်ငံခြားငွေ မလုံလောက်တာကိုလည်း ဖော်ပြနေတယ်။ ဒါကြောင့်မို့ နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့ အယုံအကြည် မရှိတော့ဘူး။ အမေရိကန် အရေးယူ ပိတ်ဆို့မှုတွေကြောင့် ငွေပေးငွေယူ ခက်ခဲတယ်” ဟု ၎င်းကပြောသည်။
ထိုသို့သော အကျပ်အတည်းတွင် တရုတ်သည် ကြားဝင်လာပုံရသည်။ တရုတ်မှ နယ်စပ်ကုန်သွယ်ရေး စခန်းများသို့ ဓာတ်အားတင်ပို့မှုသည် ယခုနှစ်တွင် သိသိသာသာ တိုးတက်လာသည်။
၂၀၂၃ ခုနှစ် ပထမ ခြောက်လအတွင်း အလယ်အလတ် ဗို့အားရှိ ဓာတ်အားလိုင်းများမှ ဓာတ်အား တင်ပို့မှုသည် ၂၀၂၂ ခုနှစ်ထက် ၂၀၂၃ ခုနှစ်တွင် နှစ်ဆကျော်နေပြီး ၇၄ ဂီဂါဝပ်မှ ၁၇၀ ဂီဂါဝပ် သို့ရောက်လာသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။
၂၀၂၃ ခုနှစ် ပထမ ခြောက်လအတွင်း အလယ်အလတ် ဗို့အားရှိ ဓာတ်အားလိုင်းများမှ ဓာတ်အား တင်ပို့မှုသည် ၂၀၂၂ ခုနှစ်ထက် ၂၀၂၃ ခုနှစ်တွင် နှစ်ဆကျော်နေပြီး ၇၄ ဂီဂါဝပ်မှ ၁၇၀ ဂီဂါဝပ် သို့ရောက်လာသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။
တရုတ်မှ ဓာတ်အားတင်သွင်းရန် စွမ်းရည်တိုးတက်ရေးသည် ဖြစ်နိုင်သည်ဟု ကမ္ဘာ့ဘဏ်က ဖော်ပြသော်လည်း ဓာတ်အားလိုင်းများ အပြန်အလှန် ချိတ်ဆက်မှုနှင့် ဖြန့်ချိရေးလိုင်းများ တိုးတက်မှု နှေးနေသည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား ၁,၀၀၀ မဂ္ဂါဝပ် တင်သွင်းရန် ဓာတ်အားလိုင်း ကိစ္စကို ဆွေးနွေးနေသည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။
နည်းပညာနှင့် စီးပွားရေးဆိုင်ရာကိစ္စများကို နှစ်ဖက်အကြားဆွေးနွေးမှုများ တိုးတက်မှု အကန့်အသတ်ရှိပြီး ဗို့အားမြင့် ဖြန့်ချိရေးလိုင်းတည်ဆောက်ရေးလည်း မစတင်သေးကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။
“တရုတ်က လက်ရှိ အလယ်အလတ် ဗို့အား ဓာတ်အားလိုင်းက မဟာဓာတ်အားလိုင်းနဲ့ ချိတ်ဆက်မထားဘူး။ ဒါကြောင့် တရုတ်က တင်သွင်းတဲ့ ဓာတ်အားက တရုတ်-မြန်မာနယ်စပ်က ဒေသတွေအတွက်ပဲ အရေးပါပြီး ကျန်ဒေသတွေကို ရိုက်ခတ်မှု အနည်းငယ်သာရှိတယ်” ဟု ထိုဆွေးနွေးမှုများတွင် ပါဝင်သည့် ကမ္ဘာ့ဘဏ် အရာရှိ တဦးက Al Jazeera သို့ ပြောသည်။
အရှေ့တောင်အာရှမှ ကုန်းတွင်းပိတ် နိုင်ငံငယ် လာအိုမှ ဓာတ်အားတင်သွင်းရန် အစီအစဉ်များ ဆက်လက် လုပ်ဆောင်နေပုံရသည်။
နှစ်နိုင်ငံမှ စွမ်းအင်ဝန်ကြီးများသည် ရှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းမှ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာသို့ လျှပ်စစ်ဓာတ်အာ ၃၀၀ မဂ္ဂါဝပ် တင်သွင်းရန် ဆက်သွယ်ရေးလိုင်း တည်ဆောက်ရေးအတွက် ၂၀၁၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့သည်။
ဧပြီလတွင် ထိုသဘောတူညီချက်ကို တိုးချဲ့ပြီး ဓာတ်အား ၆၀၀ မဂ္ဂါဝပ်အထိ တင်သွင်းမှုမြှင့်တင်ရန် ဖြစ်နိုင်ခြေလေ့လာမှုအတွက် ဆက်လက် လုပ်ဆောင်ရေးစာချုပ် ချုပ်ကြသည်။
ထိုဓာတ်အား အပြန်အလှန် ဆက်သွယ်ရေးလိုင်းသည် မြန်မာနိုင်ငံအရှေ့ပိုင်း ကျိုင်းတုံနှင့် မိတ္ထီလာသို့ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တွင် အသီးသီးရောက်ရန် စစ်ကောင်စီနှင့် လာအိုအစိုးရတို့က ကြေညာသည်။
ထိုဓာတ်အား အပြန်အလှန်ဆက်သွယ်ရေးလိုင်းသည် ဝ ပြည်တောင်ပိုင်းကို ဖြတ်သန်းရနိုင်သောကြောင့် ထိုဓာတ်အားလိုင်း တည်ဆောက်ရေးသည် စိန်ခေါ်မှုများသည်ဟု ကမ္ဘာ့ဘဏ်က ဖော်ပြသည်။
“တရုတ်ရော လာအိုပါ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရလို့ မြန်မာကို ဓာတ်အားအများအပြား တင်ပို့ဖို့ မကြာမီ အနာဂတ်မှာ မဖြစ်နိုင်ဘူး။ စွမ်းအင်ဖူလုံရေးက ပထမဦးစားပေးပဲ” ဟု မစ္စတာ ဒီလန်ဂါက ပြောသည်။
“တရုတ်ရော လာအိုပါ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရလို့ မြန်မာကို ဓာတ်အားအများအပြား တင်ပို့ဖို့ မကြာမီ အနာဂတ်မှာ မဖြစ်နိုင်ဘူး။ စွမ်းအင်ဖူလုံရေးက ပထမဦးစားပေးပဲ” ဟု မစ္စတာ ဒီလန်ဂါက ပြောသည်။
စစ်ကောင်စီနှင့် လက်မှတ်ရေးထိုးသည့် သဘောတူစာချုပ်များ သို့မဟုတ် စီမံကိန်းများကို လိုက်နာမည် မဟုတ်ကြောင်း ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။
“အခုဖြစ်နေတဲ့ ဓာတ်အားပြတ်တောက်မှုနဲ့ လောင်စာအကျပ်အတည်းတွေက စစ်ကောင်စီ မအုပ်ချုပ် နိုင်ဘူးဆိုတာကို ပြသနေတယ်။ လျှပ်စစ်ဓာတ်အား စီမံကိန်းတွေအပါအဝင် စစ်ကောင်စီနဲ့ စီးပွားရေး သဘောတူစာချုပ်တွေက မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီ အကြမ်းဖက်မှုတွေကို ပိုမိုရှည်ကြာ စေမှာဖြစ်တယ်” ဟု NUG အစိုးရဝန်ကြီး ဒေါက်တာ ဆာဆာက Al Jazeera သို့ ပြောသည်။
“စစ်ကောင်စီဟာ တရုတ်နဲ့အခြား စွမ်းအင်ရင်းနှီးမြှုပ်နှံသူတွေလိုတဲ့ တည်ငြိမ်မှု မပေးနိုင်ဘူး။ ဒီမိုကရေစီကျပြီး တည်ငြိမ်တဲ့ ဖက်ဒရယ်မြန်မာနိုင်ငံ ပေါ်ပေါက်ရေးဟာ နှစ်နိုင်ငံလုံးအတွက် အကောင်းဆုံးဖြစ်တယ်။ ကျနော်တို့က နိုင်ငံရဲ့ စွမ်းအင်အခြေခံ အဆောက်အအုံ ပြန်လည် တည်ဆောက်ပြီး အဲဒီကဏ္ဍမှာ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုဖို့ ရည်ရွယ်တယ်” ဟု ၎င်းက ပြောသည်။
(Al Jazeera ပါ Thompson Chau ၏ For Myanmar’s generals, energy crisis threatens shaky grip on power ကို ဘာသာပြန်သည်။)
You may also like these stories:
ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်
နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ
စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်
စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်
စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်