• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အစိုးရသစ်မှာ လူရွေးမှန်ဖို့ ဖိအားတွေ NLD ရင်ဆိုင်နေရ

by စမ်းယမင်းအောင်
30 November 2020
in ဆောင်းပါး
A A
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ (ယာ) နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူ (ဝဲ) တို့နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အတူတကွ မြင်ရစဉ် / ဧရာဝတီ

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ (ယာ) နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူ (ဝဲ) တို့နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အတူတကွ မြင်ရစဉ် / ဧရာဝတီ

51.7k
VIEWS
Share on FacebookShare on Twitter

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအနိုင်ရပြီးနောက် အစိုးရသစ်တွင် အရည်အချင်းရှိသူများ ခန့်မည် သို့မဟုတ် ၂၀၁၆ ခုနှစ်က အမှားမျိုး ထပ်မံကျူလွန်မည် နှင့်ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အားလုံးကစောင့်ကြည့်နေသည်။

၂၀၁၆ ခုနှစ် မတ်လတွင် NLD ပထမဆုံးအကြိမ် အာဏာရလာသောအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသည် အစိုးရအဖွဲ့ ဝန်ကြီးဌာနအများစုတွင် လူမှန်မရွေးနိုင်သောကြောင့် ဝေဖန်ခံခဲ့ရသည်။

၂၀၁၆ ခုနှစ်က ဝန်ကြီးနေရာများအတွက် လူရွေးရာတွင် အလျှင်စလိုဖြစ်သောကြောင့် ခန့်အပ်ခံများ အရည်အချင်း မမီကြောင်း NLD ခေါင်းဆောင်များ ဝန်ခံပြီးဖြစ်သည်။

ပထမ ရာထူးသက်တမ်းအတွင်း အစိုးရကို ထိခိုက်စေသည့် အစိုးရ ရာထူးခန့်အပ်မှု ညံ့ဖျင်းဖြင်း ပြဿနာကို ဖြေရှင်းရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်ကြောင်း NLD ဒုတိယ ဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်က လွန်ခဲ့သော ရက်များအတွင်း ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တခုတွင်ပြောသည်။

ပထမ သက်တမ်းအတွင်း NLD ဦးဆောင်သော အစိုးရ၏ စွမ်းဆောင်ရည်ကို ကြည့်ပါက ဝန်ကြီးဌာန ၂၁ ခုမှ ဝန်ကြီးများ၏ သုံးပုံနှစ်ပုံသည် စွမ်းဆော်ရည် ညံ့ခြင်းနှင့် စွမ်းရည်ကင်းမဲ့ခြင်းတို့ကြောင့် လူထုကို စိတ်ပျက်စေခဲ့သည်။

လက်ရှိ ဝန်ကြီးများကို ဆက်လက်ခန့်အပ်မည် သို့မဟုတ် ဖယ်ရှားမည်နှင့် ပတ်သက်ပြီး တိတိကျကျ NLD ကပြောကြားခြင်း မရှိသော်လည်း NLD ခေါင်းဆောင်များသည် ရွေးချယ်မှုပြုလုပ်ရာတွင် လွန်ခဲ့သော ၅ နှစ်အတွင်း လက်ရှိ အစိုးရအဖွဲ့ဝင်များ၏ စွမ်းဆောင်မှုနှင့်ပတ်သက်ပြီး လူထုထံမှ အကြံဉာဏ်များကို အလေးအနက် စဉ်းစာမည်ဖြစ်ကြောင်း ပါတီ ပြောခွင့်ရသူ ဒေါက်တာ မျိုးညွန့်ကလည်း ပြီးခဲ့သည့်အပတ် အင်္ဂါနေ့တွင် ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ပထမ သက်တမ်းအတွင်း NLD ဦးဆောင်သော အစိုးရ၏ စွမ်းဆောင်ရည်ကို ကြည့်ပါက ဝန်ကြီးဌာန ၂၁ ခုမှ ဝန်ကြီးများ၏ သုံးပုံနှစ်ပုံသည် စွမ်းဆော်ရည် ညံ့ခြင်းနှင့် စွမ်းရည်ကင်းမဲ့ခြင်းတို့ကြောင့် လူထုကို စိတ်ပျက်စေခဲ့သည်။

(ထိုသို့ဆိုရာတွင် ဖွဲစည်းပုံ အခြေခံ ဥပဒေအရ ခန့်အပ်သည့် ဝန်ကြီး သုံး ဦးဖြစ်သော ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများကို ထည့်သွင်းစဉ်းစားခြင်း မရှိပါ။)

လွန်ခဲ့သော ၅ နှစ်အတွင်း ၎င်းတို့၏ စွမ်းဆောင်ရည်ဖြင့် လူထုကို သဘောကျအောင်လုပ်နိုင်သော ဝန်ကြီး နှစ်ဦးမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးတို့ဖြစ်ပြီး ထိုနှစ်ဦးလုံးကို ဒေါ်အောင်ဆန်းစုကြည်က တကြိမ်မက လူသိရှင်ကြား ချီးကျူးဖူးသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့သည်လည်း အစိုးရအဖွဲ့အတွင်း ဒေါ်အောင်ဆန်းစုကြည် အနှစ်သက်ဆုံး ဝန်ကြီးများတွင် ပါဝင်ကြောင်း ထင်ရှားလှသည်။ ယခင်က တပ်မတော် ထိန်းချုပ်ထားသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြုပြင်ပြောင်းလဲရန် ဦးမင်းသူကို တာဝန်ပေးခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံ ရာထူးအပြင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် သမ္မတရုံး ဝန်ကြီးဌာနတို့ကို ဦးဆောင်ပြီး ဝန်ကြီးရာထူး နှစ်ခု ယူထားသည်။

အချို့သော လေ့လာသူများကလည်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးတို့ကိုလည်း အမှတ် ကောင်းကောင်းပေးကြသည်။

ယခင်စစ်အစိုးရအဖွဲ့ဝင်တဦးဖြစ်သော်လည်း သာသနာရေး ဝန်ကြီး သူရဦးအောင်ကိုသည်ယခုအခါ ဖျက်သိမ်းလိုက်ပြီးဖြစ်သော မဘသ ကဲ့သို့ အမျိုးသားရေး အစွန်းရောက်အဖွဲ့များကို ဖြိုခွဲပြီး ထိန်းသိမ်းခံ အစွန်းရောက် အမျိုးသားရေး ဘုန်းတော်ကြီး ဦးဝီရသူကို ဥပဒေအရ အရေးယူရာတွင် အရေးပါကြောင်း သက်သေပြနိုင်ခဲ့ပြီး ဖြစ်သည်။

 အဆိုးဆုံး ဂုဏ်သတင်းရရှိသူများတွင် ပြန်ကြားရေး ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး နိုင်သက်လွင်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ တို့ပါဝင်သည်။

ဦးအောင်ကိုကဲ့သို့ပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်သော အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေမှာမူ ၎င်း၏ ဝန်ကြီးဌာနအောက်တွင် ကာလကြာမြင့်စွာ အမြစ်တွယ်နေသည့် အဂတိလိုက်စားမှုများကို ဖြေရှင်းရန် ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ မလုပ်နိုင်ခဲ့ပေ။

အဆိုးဆုံး ဂုဏ်သတင်းရရှိသူများတွင် ပြန်ကြားရေး ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး နိုင်သက်လွင်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ တို့ပါဝင်သည်။

၎င်းတို့သည် အစိုးရအဖွဲ့အတွင်း အရည်အချင်းမရှိဆုံး သို့မဟုတ် တက်ကြွမှု အနည်းဆုံးသူများအဖြစ် ဝေဖန်ခံကြရသည်။

“ပြန်ကြားရေး ဝန်ကြီးဌာနက အဆိုးဆုံးလို့ ပြောချင်တယ်။ အတက်ကြွဆုံး ဖြစ်သင့်တဲ့ အဲဒီဝန်ကြီးဌာနက အသံအတိတ်ဆုံး ဖြစ်နေတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် နိုင်ငံရေး သုံးသပ်သူ ဦးရဲထွန်းပြောသည်။

ထိပ်တန်း စာရေးဆရာနှင့် တက်ကြွလှုပ်ရှားသူ မသီတာ (စမ်းချောင်း) ကလည်း ထိုအချက်ကို သဘောတူပြီး လွန်ခဲ့သော ၅ နှစ်အတွင်း အစိုးရနှင့် နိုင်ငံသာမက အစိုးရကိုယ်တိုင်သည်ပင်လျှင် ပြန်ကြားရေး ဝန်ကြီးဌာန ဆက်လက်တည်ရှိနေခြင်း၏ အကျိုးကျေးဇူးကို ခံစားရခြင်း မရှိကြောင်း ပြောသည်။ ထိုဝန်ကြီးဌာနက မီဒီယာနှင့် တက်ကြွလှုပ်ရှားသူ အများအပြားက ထိုဝန်ကြီးဌာနကို ဖျက်သိမ်းရန် တောင်းဆိုနေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။

“ ဒီဝန်ကြီးဌာနက အကျပ်အတည်းကာလအတွင်းမှာ နိုင်ငံပုံရိပ်ကို ဒါမှမဟုတ် အစိုးရ ပုံရိပ်ကို တိုးတက်အောင် မလုပ်နိုင်ဘူး။ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို မြှင့်တင်မပေးနိုင်သလို အများပြည်သူသိရှိခွင့်ကိုလည်း အထောက်အကူမပြုခဲ့ဘူး” ဟု သူပြောသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
293
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
120
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.5k

ပညာရေး ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဆောက်လုပ်ရေး ဝန်ကြီး ဦးဟန်ဇော်၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဦး အုန်းမောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ သဘာ၀ သယံဇာတနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းတို့သည်လည်း အများပြည်သူကျေနပ်အောင် မလုပ်နိုင်ခဲ့ဘဲ အားနည်းသည်ဟု သတ်မှတ်ခံရသည်။

ပညာရေး ဝန်ကြီးဖြစ်မည်ဟု မူလက သတင်းထွက်နေပြီးမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး အဖြစ် ခန့်အပ်ခံရသည့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူသည် ပြဿနာများကို နားမလည်ဘဲ စွမ်းဆောင်ရည် ညံ့ဖျင်းကြောင်း ထိုကဏ္ဍတွင် လုပ်ကိုင်သူများ၏ ဝေဖန်မှုကို ခံနေရသည်။ ခန့်အပ်ခံရပြီးနောက် မကြာမီတွင် ထိုဝန်ကြီးသည် သူ၏ ဒုတိယ ဝန်ကြီး နှစ်ပေါင်း ၄၀ လုပ်ငန်းအတွေ့အကြုံရှိသော စိုက်ပျိုးရေး ပညာရှင် ဒေါက်တာထွန်းဝင်းနှင့် ပြဿနာဖြစ်သည်။ ဒုတိယဝန်ကြီး၏ တိုင်းပြည်စ်ိုက်ပျိုးရေး ကဏ္ဍနှင့်ပတ်သက်သော အဆိုပြုချက်များကြောင့် ထိုသို့ အငြင်းပွားမှု ဖြစ်ရသည်ဟု ဆိုသည်။ ထိုအငြင်းပွားမှုသည် ဒုတိယဝန်ကြီးကို ရာထူးမှ ထုတ်ပယ်ပြီးနောက် ပြီးဆုံးသွားသည်။

ပညာရေး ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဆောက်လုပ်ရေး ဝန်ကြီး ဦးဟန်ဇော်၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဦး အုန်းမောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ သဘာ၀ သယံဇာတနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းတို့သည်လည်း အများပြည်သူကျေနပ်အောင် မလုပ်နိုင်ခဲ့ဘဲ အားနည်းသည်ဟု သတ်မှတ်ခံရသည်။

အချို့သောသူများသည် အများပြည်သူ ဘဏ္ဍာငွေများကို ကိုင်တွယ်ရာတွင်နှင့် စီမံကိန်း အတည်ပြုရာတွင် အငြင်းပွားဖွယ်ကိစ္စများနှင့် ပတ်သက်နေသည်။

သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ဝန်ကြီးဌာနက ချမှတ်ထားသည့် မူဝါဒ ပြုပြင်ပြောင်းလဲရေးကိုပင် အောင်မြင်အောင် မလုပ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝါဒီ ဦးဝင်းမျိုးသူက ပြောသည်။ သစ်တောများ ပြန်လည်ထိန်းသိမ်းရေးနှင့် တိုးတက်ရေး၊ သတ္တုတူးဖေါ်ရေး လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖေါ်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် နယ်ပယ်များတွင် ထိုဝန်ကြီးဌာန၏ အားထုတ်မှုများသည် အရာမထင်ကြောင်း သူပြောသည်။

NLD သည် ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ဝင် ရွေးချယ်မှုနှင့် ပတ်သက်သော ထိုအမှားများကို ထပ်မံမပြုလုပ်လိမ့်မည် မဟုတ်ဟု အများအပြားက မျှော်လင့်နေကြသည်။

ယခု တကြိမ်တွင် လူမှန်နေရာမှန် ရွေးချယ်ရန် NLD ၏ ကတိကဝတ်ကို ချီးကျူးနေကြသော်လည်း ဝေဖန်သူများကမူ NLD အနေဖြင့် ယခု သက်တမ်းသစ်တွင် ခန့်အပ်မှု အမှားအယွင်းများ အထင်အရှားဖြစ်သည်နှင့် တပြိုင်နက် အလျင်အမြန် ပြုပြင်နိုင်သော စွမ်းရည်ရှိရန်လည်း အရေးပါကြောင်း ထောက်ပြကြသည်။

(San Yamin Aung ၏ After Election Victory, Myanmar’s Ruling Party Under Pressure to Get Cabinet Picks Right ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အာဏာရ NLD ပါတီရဲ့ အစိုးရ အဖွဲ့သစ်မှာ ဘယ်သူတွေ ပါမှာလဲ

ရွေးကောက်ပွဲသတင်း မြန်မာအသံနှင့် ရုပ်မြင်သံကြားတွင် ဖော်ပြမှုအားနည်းဟု ဝေဖန်

၂၀၂၀ ရွေးကောက်ပွဲက တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပိုမိုနီးစပ်လာစေသည်

Your Thoughts …
Tags: NLDဒေါ်အောင်ဆန်းစုကြည်ဝန်ကြီးအဖွဲ့အစိုးရသစ်
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

Next Post
တူရကီအစိုးရက ကာကွယ်ရေး စီမံချက်တွေ လုပ်ဆောင်နေပေမယ့် ကူးစက်နှုန်းတွေကတော့ မြင့်တက်နေဆဲပါ။

တူရကီမှာ COVID-19 ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း စံချိန်တင် မြင့်တက်

“5 Stars” လူရွှင်တော် အဖွဲ့  / 5 Stars Entertainment Page

“5 Stars ပွဲတွေ အွန်လိုင်းကနေ ကြည့်နိုင်အောင် စီစဉ်နေတယ်”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.5k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved