Trend

ကိုရိုနာကြောင့် ဗြိတိန်ဘုရင်မကြီးရဲ့ ပွဲတက်အစီအစဉ်များအားလုံးကို ဖျက်သိမ်း

Want create site? Find Free WordPress Themes and plugins.

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ဟာ နှစ်စဉ်ပြုလုပ်နေကျ ဥယျာဉ်တော် ပါတီတွေတက်ရောက်ဖို့ အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုကြောင့် စီစဉ်ထားတာထက် အချိန် စောပြီးတော့ ဝင်ဆာရဲတိုက်ဆီ ပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့ ဘာကင်ဟန်နန်းတော်က မတ်လ ၁၇ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

သက်တော် ၉၃ နှစ်အရွယ် ဗြိတိန်ဘုရင်မကြီးဟာ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကိုတွေ့ဆုံတာ အပါအဝင် လာမယ့်ရက် အနည်းငယ်အတွင်း နန်းတော်မှာ ပေါ့ပါးတဲ့ တာဝန်တချို့ကိုတော့ ထမ်းဆောင်ဦးမှာဖြစ်ပါတယ်။ အဲ့ဒီနောက် စီစဉ်ထားတဲ့ သီတင်းတပတ် စောပြီးတော့ လန်ဒန်မြို့အနောက်ဘက်မှာရှိတဲ့ ဝင်ဆာရဲတိုက်ဆီ မတ်လ ၁၉ ရက်နေ့မှာ ထွက်ခွာမှာ လည်း ဖြစ်ပါတယ်။

သူဟာ အဲ့ဒီရဲတိုက်မှာ အီစတာကာလလွန်အထိ ဆက်ရှိနေမှာဖြစ်တယ်လို့ နန်းတော်က ပြောဆိုထားပါတယ်။

ဘာကင်ဟန်နန်းတော် ထုတ်ပြန်ချက်မှာတော့ “တော်ဝင်သမားတော်အဖွဲ့၊ အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီးတဲ့ နောက် ဘုရင်မကြီး၊ တခြားတော်ဝင်မိသားစုဝင်တွေ တက်ရောက်ဖို့ရှိတဲ့ လူအစုလိုက် ပွဲအခမ်းအနား တော်တော်များများကို ဖျက်သိမ်းတာနဲ့ ရွှေ့ဆိုင်းတာမျိုး ပြုလုပ်ထားပါတယ်” လို့ ပါဝင်ပါတယ်။

ဗြိတိန်အစိုးရက အရက်ဆိုင်၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံနဲ့ ပြဇာတ်ရုံတွေကို ရှောင်ရှားကြဖို့ ပြည်သူတွေကို အကြံပေးချက်ထုတ်ပြန်ထားပြီး နောက်တရက်အကြာမှာပဲ အခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ကျန်းမာရေးချို့တဲ့တဲ့ အသက် ၇၀ ကျော်သက်ကြီးရွယ်အိုတွေအနေနဲ့ အခုသီတင်းပတ်ကုန်ပိုင်းက စလို့ ၁၂ ပတ်တာ ကာလအတွင်း သီးခြားခွဲနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဖျက်သိမ်းလိုက်တဲ့ ပွဲအခမ်းအနားတွေထဲ လာမယ့်လအတွင်း ဝင်ဆာရဲတိုက်မှာ ကျင်းပမယ့် Maundy Service အခမ်းအနားနဲ့ လာမယ့် မေလ ဘာကင်ဟန်နန်းတော်မှာ ကျင်းပမယ့် ဥယျာဉ်တော်ပါတီပွဲ ၃ ခု တို့ပါဝင်ကြပါတယ်။

နာဇီဂျာမနီတွေ လက်နက်ချခဲ့တဲ့ ၇၅ နှစ်မြောက် အောင်ပွဲနေ့အထိမ်းအခမ်းအနား နဲ့ လာမယ့် ဇွန်လမှာ ပြုလုပ်ဖို့ရှိတဲ့ ဂျပန်ဧကရာဇ် နာရူဟီတို့ ဇနီးမောင်နှံတို့ရဲ့ နိုင်ငံတော်ခရီးစဉ် အတွက် ဆုံးဖြတ်ချက်တွေကိုလည်း နောက်ပိုင်းမှာ ချမှတ်သွားဖို့ရှိနေပါတယ်။ ဂျပန်ဧကရာဇ်ကြီးရဲ့ ခရီးစဉ်ကို ရွှေ့ဆိုင်းကောင်း ရွှေ့ဆိုင်းနိုင်တယ်လို့ ကျိုဒိုသတင်းဌာနက ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့မှာပဲ ပြောဆိုထားပါတယ်။

အင်္ဂလန်ဝတ်ကျောင်းတော်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု နှေးကွေးလာတဲ့ အချိန်အထိ အများပြည်သူ ဝတ်ပြုတာကို ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက် အခုလိုမျိုး ဘုရင်မကြီးရဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်လာတာ လည်းဖြစ်ပါတယ်။

Ref:cnalifestyle

You may also like these stories:

ကိုရိုနာဖြစ်ပွားနေစဉ်ကာလအတွင်း လူသားတို့ရဲ့ ကြင်နာနွေးထွေးမှုများ

ကန်တော်နဒီဆေးရုံတွင် သေဆုံးခဲ့သည့် လူနာအမျိုးသမီး ကိုရိုနာဗိုင်းရပ်စ်မရှိ

ထိုင်းနိုင်ငံရဲ့ တပ်မတော်အရာရှိတဦး ကိုရိုနာ ကူးစက်ခံရကြောင်း အတည်ပြု

Did you find apk for android? You can find new Free Android Games and apps.
Loading