Trend

ကိုရိုနာဖြစ်ပွားနေစဉ်ကာလအတွင်း လူသားတို့ရဲ့ ကြင်နာနွေးထွေးမှုများ

ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါဘေးတခုအဖြစ် WHO အနေနဲ့ ကြေညာခဲ့ပြီးနောက်မှာ စီးပွားရေးဈေးကွက်ကို အခွင့်ကောင်းယူဖန်တီးသူတွေ ၊ လူတဦးနဲ့တဦး မစာနာမှုတွေကို လူမှုကွန်ရက်နဲ့တခြားမီဒီယာတွေမှာ တွေ့မြင်ခဲ့ကြ ရပြီး ဖြစ်ပါလိမ့်မယ်။ တဖက်မှာလည်း တယောက်နဲ့တယောက်စောင့်ရှောက်ရင်း နွေးထွေးကြင်နာမှုကိုပေးအပ်နေတဲ့လူသားတွေလည်းရှိနေခဲ့တာ အသေအချာပဲဖြစ်ပြီး ဧရာဝတီစာဖတ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးပါရစေ။

(၁) တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အတူတကွ ကာကွယ်တိုက်ဖျက်အပြီးမှာတော့ နိုင်ငံတွင်းဆေးအဖွဲ့တဖွဲ့ဟာ အီတလီနိုင်ငံကို သွားရောက်ကူညီဖို့ ထွက်ခွာသွားခဲ့ကြပြီဖြစ်ပါတယ်။

(၂) အသက်အရွယ်ကြီးရင့်နေသူ ဖခင်ကိုတွေ့ရဖို့အရေး သားဖြစ်သူဟာ နေ့တိုင်းအိမ်ရဲ့ အပြင်ဘက်ကနေ ဖုန်းဆက်ရင်း ပြတင်ပေါက်နားမှာ တယောက်ကိုတယောက်ကြည့်ရှုရင်း ပြုံးပျော်နေတဲ့ မြင်ကွင်းဟာ တွေ့မြင်ရသူတွေအဖို့ ဝမ်းသာစရာပါ။

(၃) အဘိုးဖြစ်သူက မြေးမရဲ့ စေ့စပ်ကြောင်းလမ်းသတင်းအကြောင်းပြောရင်း မြေးအဘိုးနှစ်ယောက်ရဲ့ မှန်ချပ်တွေပေါ် လက်ချင်းထိတွေ့ထားပုံကလည်း ကြည်နူးစရာမြင်ကွင်းတခုပဲဖြစ်ပါတယ်။

(၄) အီတလီနိုင်ငံရဲ့ ဆေးရုံတခုမှာ အရေးပေါ်ခန်းမှာအသုံးပြုရတဲ့ Mask တွေ ပြတ်လပ်သွားခဲ့တာကြောင့် ဒေသတွင်းလုပ်ငန်းတခုကနေ 3D Printer တခု ယူဆောင်လာခဲ့တာပါ။ 3D Printer ကနေ ဒီဇိုင်းပြန်လည် ထုတ်လုပ်ပြီး လတ်တလောအခြေအနေကို နာရီအနည်းငယ်အတွင်း ကူညီဖြေရှင်းပေးနိုင်ခဲ့တာပါ။

(၅) ကလေးတွေအတွက် အခမဲ့နေ့လယ်စာ လာရောက်ယူနိုင်တဲ့နေရာကို လိပ်စာနဲ့တကွဖော်ပြထားတဲ့ Facebook Post တခုကြောင့် အလုပ်လုပ်နေရသူမိဘတွေအတွက် အသက်ရှုချောင်စရာကိစ္စတခုပဲဖြစ်ပါတယ်။ Post ကို လိုအပ်သူတွေဆီရောက်နိုင်ဖို့ ပြန်လည်မျှဝေပေးဖို့နဲ့ အလေအလွင့်မဖြစ်စေဖို့ စေတနာကို အထင်းသားတွေ့မြင်နိုင်မှာပါ။

Ref. www.boredpanda.com

You may also like these stories

ကိုရိုနာကြောင့် နယူးယောက်မှာ ပြဇာတ်ရုံ၊ စားသောက်ဆိုင်နဲ့ ကျောင်းများ ပိတ်ထား

လုပ်ငန်းခွင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ

ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား

Loading