Entertainment

မိုက်ကယ်ဂျက်ဆင်ရဲ့ အငယ်ဆုံးသား ၁၈ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပ

မိုက်ကယ်ဂျက်ဆင်ရဲ့ သားသမီး ၃ယောက်ထဲက အငယ်ဆုံးသားဖြစ်တဲ့ Bigi Jackson ဟာ ၁၈ ပြည့်မွေးနေ့ ကျင်းပ ခဲ့ကြောင်းကို မောင်နှမတွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ Bigi ဟာ ဖခင်ဖြစ်သူပေးထားတဲ့ Prince Michael Jackson II ဆိုတဲ့ နာမည်ကို ၂၀၁၅ ခုနှစ်မှာ တရားဝင်ပြောင်းခဲ့တယ်လို့ သိရပါတယ်။

မွေးနေ့ပွဲအကြောင်းကို အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ အစ်မဖြစ်သူ Paris Jackson က တင်ထားခဲ့တာဖြစ်ပြီး Bigi Jackson ဟာ မိုက်ကယ်ဂျက်ဆင်ရဲ့ သားသမီးတွေထဲမှာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံမှု မရှိတဲ့သမီးတဦး ဖြစ်ပါတယ်။

” ကျမရဲ့ အငယ်ဆုံးမောင်လေးက တရားဝင်လူကြီးတယောက်ဖြစ်ပြီ။ သူ့အသက် ၁၈ နှစ်ပြည့်သွားတာ မယုံနိုင်စရာပဲ။ သူ့ကို သေးခံတွေ လဲပေးရတာ မနေ့တနေ့ကလိုပဲ။ ဉာဏ်ကောင်းပြီး ကြင်နာတတ်တဲ့ လူတယောက်အဖြစ် ကြီးပြင်းလာလို့ သိပ်ကို ဂုဏ်ယူရပါတယ် ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အတူ သူတို့ မောင်နှမတွေရဲ့ ဓာတ်ပုံကို Paris Jackson က သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။

Bigi ရဲ့ မွေးနေ့ အတွက် သူရဲ့ အစ်ကိုအကြီးဆုံးဖြစ်တဲ့ Michael Joseph Jackson Jr. ကလည်း ဆုတောင်းစကားကို လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ ပရိသတ်အရှေ့ကို လူလုံးပြလေ့မရှိတဲ့ Bigi ဟာ ၂၀၁၉ ခုနှစ် မေလက အဘွားဖြစ်သူနဲ့ ဓာတ်ပုံကို သူ့ရဲ့ လူမှုကွန်ရက်မှာ တင်ခဲ့တယ်လို့ သိရပါတယ်။

Ref;today

You may also like these stories:

Spider-Man 3 နဲ့ ပတ်သက်လို့ ဖွင့်ဟတော့မှာ မဟုတ်ကြောင်း Tom Holland ပြောဆို

အော်စကာဆုရယူဖို့ မျှော်မှန်းထားတဲ့ အဆိုတော် Shania Twain

သားသတ်ရုံက နွားသားအမိကို ကယ်တင်ခဲ့တဲ့ မင်းသား Joaquin Phoenix

Loading